Part-45

979 86 7
                                    

⚜️ပိုင်ဆိုင်မှု့နယ်ခြားစည်းလေးထားကြည့်မယ်⚜️



“ဒေါင်…ဒေါင်….ဒေါင်”

စည်းချက်ညီညီနဲ့ သာယာနာပျော်ဖွယ် ခေါင်းလောင်းထိုးသံက ဘုရားကျောင်းဝန်းထဲမှာ ပျံ့လွင့်လျက်ရှိသည်…စီတန်းထားသော ဝတ်ပြုခုံတန်းတွေမှာ ငြိမ်သက်စွာဆုတောင်းနေကျသော သူများကခုံတန်းရှည်တွေကြား ဟိုတစ်စု သည်တစ်စု….ရှိန်းတို့လူစုကတော့ ဝတ်ပြုနေသူတွေကိုကျော်ဖြတ်ကာ  သင်းအုပ်ဝတ်စုံဝတ်ဆင်ထားသောသူကို ဝတ်ပြုပြီးသူတစ်ချို့သွားရောက်နှုတ်ဆက်သည့်နေရာသို့ခြေလှမ်းများဦးတည်လျက်ရှိသည်….သူတို့အုပ်စု ဖာသာရှိရာအနားသို့ရောက်သည်နှင့် တည်ငြိမ်အေးဆေးသောအပြုံးကိုဆင်မြန်းထားသည့် ဖာသာကပြုံးလျက်ကြည့်လာသည်…။

“ဘာများအကူအညီလိုလို့ပါလဲ”

“ဖာသာ…ကျွန်တော်တို့အကူအညီတစ်ခုနဲ့ အကြံပေးချက်တွေကိုနားထောင်ချင်လို့လာခဲ့တာပါ…”

“အကူအညီ…ဒါဆိုခဏလေးထိုင်စောင့်ပေးကြပါဦး…အခုက ဝတ်ပြုတဲ့သူတွေရှိသေးလို့….ဟိုဖက်က ခုံတန်းလေးတွေမှာခဏထိုင်စောင့်ပေးပါ”

ဖာသာညွှန်ပြရာ ညာဖက်အခြမ်းကလူရှင်းသော ခုံတန်းရှည်များမှာ ရှိန်းတို့လေးယောက်သွားထိုင်စောင့်လိုက်ကြသည်….တစ်နာရီဝန်းကျင်ခန့်စောင့်အပြီးမှာတော့ ဖာသာခေါ်ဆောင်ရာ သင်းအုပ်အခန်းထဲသို့သူတို့လိုက်သွားခဲ့ကြ၏…။

“အကူအညီနဲ့အကြံပြုချက်ဆိုတော့ ဘာများလဲ…ဖာသာကူညီနိုင်တာဆိုကူညီပေးပါ့မယ်”

“ဖြစ်စဉ်က ဒီလိုပါဖာသာ…#####”

ရှိန်းရဲ့မိခင်ဖြစ်သူက အကြောင်းအရာများကို စီကာပတ်ကုံးနှင့်အကြောင်းစုံရှင်းပြလိုက်သည်….ခေါင်းတငြိမ့်ငြိမ့်နားထောင်နေသော ဖာသာကအကြောင်ခြင်းရာများကို နားထောင်ပြီးနောက်တော့ တစ်စုံတစ်ရာကိုအလေးနက်စဉ်းစားနေသည့်ဟန်…။

“အကြောင်းအရာတွေနားထောင်ပြီးတော့ ဒီလိုဘာဖြစ်တာလဲလို့သုံးသပ်ရရင်…စွဲလန်းစိတ်တွေကြောင့်လဲဒီလိုမျိုးဖြစ်တတ်တယ်…ဝိညာဉ်တွေက စိတ်စွမ်းအင်ဖြူစင်တဲ့သူတွေကို နှစ်ခြိုက်ကြတယ်…အဲ့တာကြောင့်ပဲ နှောင့်ယှက်နေတဲ့သူက ဒီကလေးအပေါ်မှာ စွဲလန်းစိတ်တွေကြောင့်တစ်ကောက်ကောက်လိုက်နေတာဖြစ်မယ်…နောက်တစ်ခုက ဒီကလေးကိုဖာသာ သူ့ရဲ့ကံကြမ္မာကို ဘုရားသခင်ဆီမှာစစ်ဆေးချင်တယ်…ခွင့်ပြုပေးနိုင်မလား”

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Where stories live. Discover now