Part-18

1.2K 130 4
                                    

(Zawgyi)
နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(18)

***ပန်းခင်းလမ်းမဟုတ်သော ချစ်ခရီးလမ်းပေါ်လျောက်လမ်းခြင်း***

“အရှင်…”

“အင်း…ပြောလေ ကိုယ်နားထောင်နေတယ်…”  ရင်ဖက်ပေါ်မှောက်လျက်ကလေး ဦးခေါင်းမေးတင်ကာ သူ့ကိုငေးကြည့်နေတဲ့မျက်ဝန်းတစ်စုံ….လေးကိုင်းသဏ္ဍာန်ကွေးညွှတ်နေတဲ့မျက်ခုံးတန်းလေးကို လက်ညှိုးနဲ့အသာတို့ထိဆော့ကစားတော့ မျက်စောင်းမမည်သော မျက်စောင်းကသူ့ဆီရောက်လာသည်….

“ကျွန်တော်ပြောတာနားထောင်ဦးလို့…..တော်ပြီ မပြောတော့ဘူး….” သူ့မျက်ခုံးတန်းတွေကို တို့ထိဆော့ကစားနေသူကို စိတ်တိုစွာ မျက်စောင်းတွေထိုးရင်း လက်ကိုပုတ်ထုတ်တော့ တဟက်ဟက်နဲ့ထရီတယ်  ထို့နောက်သူ့ပခုံးသားကို ဖွဖွဖက်ကာ အသာပြုံးရင်းငေးစိုက်ကြည့်နေသောသူ…အင်း….အဲ့လိုအကြည့်တွေထဲမှာ ကျွန်တော် အလဲလဲအပြိုပြိုနဲ့ခင်ဗျားဆီကျရှုံးသွားတာ…..

“ကိုယ်နားထောင်နေပါတယ် ဝမ်ငယ်ရဲ့…ပြန်မယ်ဆိုတဲ့စကားကလွဲရင် ကိုယ်အကုန်နားထောင်ပေးမယ်.....”

“ဒါမယ့်…အရှင့် ခမည်းတော်က ကျွန်တော်တို့ကို….”

“ရှုး..” စိတ်ရှုပ်သလိုမျက်နှာ အမူယာနဲ့ ဝမ်ငယ့်ကပူပန်သလိုလေး ပြောတော့ နှုတ်ခမ်းပါးတို့အပေါ် သူ့ရဲ့လက်ညှိုးနဲ့ အသာဖိကပ်ပိတ်လိုက်တယ်….

“ဝမ်ငယ်နဲ့ယူမှာကိုယ်…အဲ့တော့ကိုယ့်မျက်နှာက လွဲလို့ကျန်တဲ့သူကိုခေါင်းထဲမထည့်နဲ့….တော်ကြာကိုယ်နဲ့မယူခင် အစဉ်းစားလွန်ပြီး သက်ရှည်ဘိုးဘိုးလို ဆံပင်တွေဖွေးဖွေးလှုပ်ကုန်ဦးမယ်….ကိုယ့်ခမည်းတော်ကိုလဲ ကြောက်စရာမလိုဘူး…မင်းလေးရှေ့မှာ ကိုယ်ကမားမားရပ်ကာကွယ်ပေးမှာမို့ မတွေးနဲ့တော့နော်…..”

“မစဉ်းစားလို့ရမလား…ပြီးတော့မယ်တော်လဲ စိတ်ဆိုးနေတယ်….တာရာ့ကိုလဲဘယ်လိုပြောရမှန်းမသိဘူး….ကျွန်တော် အရှင့်ကိုလဲမထားခဲ့ချင်ဘူး….ကျွန်တော်ဘာလုပ်ရမလဲ….”

“ဘာမှမလုပ်နဲ့…ကိုယ့်ကိုပဲပြုစုပေး…ကိုယ်အနားမှာပဲနေပေး….”

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Where stories live. Discover now