Part-33

989 110 17
                                    

Unicode
🍂​တိတ်တဆိတ်ထွက်ခွာသွားသောပန်းတစ်ပွင့်🍂

"ပြောစမ်း...ဒါကဘယ်လိုဖြစ်ရတာလဲဆိုတာ...ငါ့ကိုလုံလောက်တဲ့သက်သေမပြနိုင်ရင်..မင်းတို့အကုန်လုံး တစ်ယောက်မကျန်သတ်ပစ်မယ်..ဝမ်ငယ်ပါးစပ်က သွေးတစက်ကျရင်..မင်းတို့ဆီက သွေးဆယ်စက်မကပြန်ယူမယ်..ပြောလေ..ပြော...သူ့ရဲ့အဆောင်တော်ကို တာဝန်ယူရတဲ့သူတွေအကုန်ရှေ့ကိုလာခဲ့.."

....အေးစက်ခြောက်ခြားဖွယ်လေထုက ရေခဲနန်းဆောင်ရဲ့ပလ္လင်တဝိုက်မှာရိုက်ခတ်နေသည်....ကြာပန်းအဆောင်ကို တာဝန်ယူရသော အထိန်းတော်ယင်နဲ့ယန်...ထို့နောက် စားသောက်စရာပြင်ဆင်သူ၊ နန်းစောင့်တွေအကုန် ကြောက်လန့်စွာ မိုရမ်ထိုင်နေတဲ့ ပလ္လင်ရှေ့ဒူးတုပ်ထိုင်ချလိုက်တယ်...မိုရမ်လက်ထဲက လက်ဖြာနေတဲ့ဓားသွားရှည်က မည်သူ့ခေါင်းကိုအရင် မိတ်ဆက်မလဲဆိုတာ တုန်ယင်စွာစဥ်းစားနေကြသည်..။

"အထိန်းတော်ယန်....မင်းမှာ ငါ့ကိုရှင်းပြစရာတစ်ခုတစ်လေတောင်မရှိဘူးလား..မင်းတို့နှစ်ယောက် ရှိရက်နဲ့ ဒါဘယ်လိုဖြစ်ရတာလဲ.."

"ကျွန်မ..ကျွန်မတို့လဲမသိပါဘူးအရှင်...သခင်လေးစားတဲ့အစားအသောက် အရာဝတ္ထုမှန်သမျှအကုန်လုံးစစ်ဆေးပြီးမှပို့တာပါ..သမားတော်စစ်ဆေးတာလဲ ထူးခြားတဲ့အဆိပ်လို့ပဲပြောပါတယ်...ဘာကနေအဆိပ်ဖြစ်မှန်းကိုမသိတာပါ အရှင်...."

"မသိဘူး!..မသိဘူးဆိုတော့ မင်းအသက်နဲ့ပြန်ပြီးအလျော်ပေးသင့်တယ်လို့မထင်ဘူးလား"

"တာဝန်ကိုပေါ့လျော့မိတဲ့အတွက် အရှင်ပေးတဲ့အပြစ်ကိုကျေနပ်စွာခံယူဖို့အသင့်ပါ"

"ကောင်းပြီ..မင်းကိုအရင်အပြစ်ပေးရမှာပေါ့...မင်းကိုသေချာတာဝန်ပေးထားရက်နဲ့ဖြစ်ရတာဆိုတော့...မင်းရဲ့ အသက်တစ်ချောင်းနဲ့ငါ့ဒေါသကိုပြန်ပြီးလျော့ပါးအောင်လုပ်ပစ်မယ်..ဝမ်ငယ်နာကျင်သလို မင်းတို့လဲနာကျင်ရမယ်..သတ်မယ်...ဒီနန်းတော်ထဲကလူတွေအကုန် သတ်ပစ်မယ်"

....သူရူးတစ်ယောက်နှယ်အော်ဟစ်ကာ ဓားရှည်ကို လက်ဆန့်တန်းကာ တရွတ်တိုက်ဆွဲကိုင်လျက်ပလ္လင်ပေါ်ကနေထကာ တစ်လှမ်းချင်းလှေကားထစ်တွေကနေ မိုရမ်ဆင်းလာသည်...ဓားဖျားရဲ့ထိပ်က ကျောက်လှေကားတွေကို ပွတ်တိုက်မိလို့ တချွင်ချွင်မြည်ခတ်သံက တိတ်ဆိတ်နေတဲ့နန်းဆောင်ထဲ သွေးပျက်ဖွယ်အတိပင်.....ခေါင်းငုံ့ကာထိုင်နေတဲ့ အထိန်းတော်ယန်ရှေ့ မိုရမ်ခြေစုံချရပ်လိုက်တယ်....လက်ကနဲဖြာထွက်သွားတဲ့အလင်းတန်းတစ်ဖြာနဲ့အတူ မြောက်တက်သွားတဲ့ဓားရှည်...ထို့နောက်မျက်စိအသာယာမှိတ် ခေါင်းကိုငုံ့ကာ လည်တိုင်ကိုအသင့်စင်းပေးလိုက်တဲ့ အထိန်းတော်ယန်...အားနဲ့ပြန်ကျလာတဲ့ဓားသွားရှည်က လမ်းတစ်ဝက်လောက်မှာရပ်တန့်သွား၏....အဘယ်ကြောင့်ဆိုသော် မိုရမ်ရဲ့ခါးကိုသိုင်းဖက်လာတဲ့ လက်တစုံကြောင့်ပင်...။

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Where stories live. Discover now