Part-41

938 103 2
                                    

🍃ကလဲ့စားချေမှု့ပြီးမြောက်ခြင်းနှင့်ထွက်ပြေးနေသောကြင်ယာတော်🍃

“အဟွတ်..အဟွတ်…ကျွန်မကို သတ်..သတ်..လိုက်ပါတော့…မခံစားနိုင်တော့ဘူး”

….သွေးအလိမ်းလိမ်းက ကွန်တစ်ခုလိုရှင်းအာရဲ့ကိုယ်ပေါ်ကို ဖြန့်ကျက်လွှမ်းခြုံထား၏…တစ်ကိုယ်လုံးလှုပ်ရှားလို့မရအောင် ထိန်းချုပ်လို့ထားသည့် မိုရမ့်ရဲ့ရေခဲပြင်စက်ဝန်းထဲ ငရဲပမာ….ထိုးစိုက်ထားသည့်ဆူးခက်အချွန်များက သူမတစ်ချက်လှုပ်လိုက်သည်နှင့် အရိုးထဲမှအသားများကို ဆွဲဆုတ်ဖြဲပစ်သလိုနာကျင်လွန်းလှသည်…အသက်တချက်ရှုထုတ်တိုင်း သေခြင်းနဲ့စစ်ခင်းနေရသလို ပင်ပန်းလှပါဘိ….သူမ ကိုအေးစက်စက်အပြုံးနဲ့ကြည့်နေသည့် မိုရမ့်မျက်နှာကိုကြည့်မိတော့ ရှိုက်သံတိုးတိတ်စွာနဲ့ငိုကြွေးမိလျက်…တစ်ဖက်တည်းသောချစ်ခြင်းရဲ့အဆုံးသတ်ဟာ ဤအဖြစ်အပျက်လိုမျိုးပေလား..သူမဘာတွေများမှားခဲ့လို့ပါလဲ သူမချစ်ရသောသူကို ပိုင်ဆိုင်ခဲ့ချင်ယုံလေးပါ….နှစ်ပေါင်းများစွာမျှော်လင့်ချစ်ခင်ခဲ့ရသူဆီက ဥပေက္ခာတရားနဲ့အတူ တစ်ပါးသောသူကိုမြတ်နိုးခြင်းများစွာနဲ့ ချစ်ခင်တန်ဖိုးထားနေတာလောက် ရူးသွပ်မုန်းတီးဖို့အကောင်းဆုံးဆင်ခြေပါပဲ….ရင်တွင်းမှလှိုက်တက်လာသော ဝမ်နည်းခြင်းနှင့်အတူ သွေးပွက်ပွက်နှစ်ခါမျှထိုးအန်ပြီးနောက် သည်းခြေပျက်ရူးသွပ်သွားသူနှယ် တဟားဟားအော်ရယ်လိုက်မိတော့သည်…။

“ဟား…ဟား….ဟားးး…သိပ်ကိုရယ်ရတဲ့သူတွေပါလားနော်…ဒီဦးနှောင့်မကောင်းတဲ့ ရေခဲသခင်ဆိုတာကလဲ…အဟွတ်…အဟင်း…မိန်းမလှတွေအများကြီးရှိတာတောင်မှ…ပြည့်တန်ဆာဆန်ဆန် အသုံးတော်ခံသက်သက်လောက် ယောကျာ်းတစ်ယောက်ကိုနှစ်များစွာကာကွယ်ပေးလာတာ…အဟက်…ဟက်…ချီးကျူးပေးရမယ်ထင်ပါရဲ့…ရှင်..သိပ်ကိုနှလုံးသားမရှိတဲ့သူပဲ မိုရမ်…တစ်လျောက်လုံးရှင့်မျက်နှာကိုပဲကြည့်ပြီး ချစ်ခင်လာရတဲ့ကျွန်မအတွက် ရှင်ပေးတဲ့နောက်ဆုံးလက်ဆောင်က ဒီလိုမျိုးဖြစ်နေတာကတော့ ဝမ်းနည်းစရာပဲ…ရှင်..ဒီနေ့ရဲ့လုပ်ရပ်အတွက် ရှင့်တစ်သက်နောင်တမရစေနဲ့….ရှင်ရဲ့ချစ်လှစွာသော အပျက်သာသာကြင်ယာတော်အတွက်…ကျွန်မကို စတေးခဲ့တာအတွက် ရှင်နဲ့အတူ ရှင့်ရဲ့အပျော်ယောကျာ်းလေး….”

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Where stories live. Discover now