Part-38

944 113 8
                                    

🕸️ပြန်မလာချင်ခဲ့သောကြင်နာသူ🕸️

....အတိတ်ရဲ့ပုံရိပ်များထဲ သက်ဝင်နစ်မြောနေမိသည်မှာ ဆောင်းတစ်ညရဲ့ခြောက်လန့်ဖွယ်အိမ်မက်တစ်ခုပမာ...ပုံရိပ်အစစ်ပေလော အတုအယောင်ပေလော မဝေခွဲနိုင်ခင်မှာပင် ပင်ပန်းဆင်းရဲကြီးစွာ အမှောင်ယံထုထဲ အလင်းရောင်ပျပျကိုခက်ခဲစွာရှာဖွေရင်း အသည်းအသန်ပြေးလွှားနေပါသော်လည်း အချည်းနှီးသာ....တဖျပ်ဖျပ်ပြေးလွှားနေသောပုံရိပ်များထဲ ရှိန်းတစ်ယောက်ရောပါမျောလွင့်ရင်း လူတစ်ကိုယ်လုံးအားအင်ချိနဲ့လာသလိုခံစားလာရတော့၏...လွတ်မြောက်အောင်အိပ်ပျော်နေရာမှနိုးထရန် မည်မျှပင်ကြိုးစားစေကာမူ လေးပင်နေသောမျက်ဝန်းများက တုတ်တုတ်ပင်မလှုပ်နိုင်...နောက်ဆုံးတွင်တော့ စိတ်အစဥ်ကိုလျော့ချရင်း ဝေဝါးနေရာမှပီပြင်လာသော မြင်ကွင်းများကို ရုပ်ရှင်အနှေးပြကွက်ပမာ သူကြည့်နေရတော့သည်...လူနှစ်ဦးရဲ့လွမ်းမောဖွယ်ပုံရိပ်များ ထိုအထဲမှတစ်ဦးကသူနှင့်အင်မတိအင်မတန်မှ ပုံတူထုထားသကဲ့သိုမျက်နှာနှင့်လူ..ကွဲပြားသည်ဆိုလို့ထိုသူ့မှာဆံနွယ်ရှည်များနှင့်ဝတ်ရုံများကရှေးသဏ္ဍာန်ဆန်နေခြင်းပင်...ထို့နောက် တစ်ကွက်ချင်း တစ်ခုချင်းပီပီပြင်ပြင် အပိုင်းလိုက်ပေါ်လာသောလူများ...အပြင်ဖက်မှ မိုရမ့်အနားရပ်နေသောသူက သူနှင့်သွေးသောက်ညီအစ်ကိုသံယောဇဥ်ဖွဲ့ထားသည့်သူတဲ့...ပြီးတော့မြူဖုံးနေတဲ့တိမ်လွှာတွေကြားမှ နေရဥ္ဇရာမြို့တော်...သူ့ရဲ့မယ်တော်နဲ့ခမည်းတော် အရာအားလုံးကိုတသိမ့်သိမ့်တုန်အောင် ခံစားချက်မျိုးစုံဖြတ်သန်းစီးဆင်းရင်း လိုက်ပါစီးမျောနေမိ၏...ပုံရိပ်လွှာတွေတဖျပ်ဖျပ်ဖြတ်ပေးသွားပြီးနောက် သူနှင့်မိုရမ်ဆိုသောသူရဲ့လက်ထပ်မင်္ဂလာပွဲ..ထို့အပြင်ချောမောလွန်းလှသောမိန်းမပျိုတစ်ဦးကလဲ အာရုံထဲပါလာခဲ့သည်...သူမရဲ့ပြုံးရွှင်နေတဲ့ပုံရိပ်ကိုစူးစိုက်ကြည့်နေခဲ့ရင်း သူမရဲသဏ္ဍာန်ကိုအကဲခတ်နေမိသည်..သူမရဲ့နှုတ်ခမ်းပါးများကပြုံးနေပေမယ့် သူမရဲ့မျက်လုံးတွေကမရိုးသားဟန်ကောက်ကျစ်မှု့အပြည့်...တစ်ရက်သူမကသူ့ရဲ့နန်းဆောင်ဆီလာခဲ့၏..လှပလွန်းသောအိုးလေးနဲ့အတူကြွေလွင့်ခဲ့ရသောသူ့ရဲ့ဝိညာဥ်...ချစ်ခြင်းတရားဟာတစ်ကယ်ကိုပူလောင်စေသည်ပဲ..သူမရဲ့ပုံရိပ်ကိုသနားစဖွယ် ရှိန်းကြည့်နေရင်းမှဂရုဏာသက်လာမိသည်...မိမိကိုမချစ်မနှစ်သက်သောသူရဲ့အနည်းငယ်သောချစ်ခြင်းတရားကိုရယူဖို့အတွက် တစ်ပါးသူရဲ့အသက်ကိုနှုတ်ယူခဲ့ခြင်း....ဘယ်လောက်တောင်သနားဖို့ကောင်းသလဲလေ မိမိအတွက်မဟုတ်တဲ့လက်ဆောင်အတွက် ပူပန်သောကများစွာနဲ့ပိုင်ဆိုင်ရအောင်မည်မျှတိုက်ခိုက်ခဲ့ပါသည်လဲ...တစ်ပါးသူရဲ့တစ်ချက်မျှသောအကြည့်တစ်ချက်အတွက် သူများရဲ့နှလုံးသွေးတို့ကိုထိုးဖောက်နင်းချေပစ်ခဲ့ခြင်း...တုန်လှုပ်ဖွယ်ကောက်ကျစ်မှု့ သူမအမည်ကရှင်းအာဟုခေါ်သည်တဲ့...အစစ်မှန်မဟုတ်သောအိမ်မက်ထဲမှာတောင် ရှိန်းသက်ပြင်းဖွဖွချမိ၏...သူကဘယ်လိုတောင် အရင်ဘဝတုန်းကရူးနှမ်းခဲ့တာလဲ အမျိုးသမီးတစ်ယောက်နှင့်အပြိုင် ယောကျာ်းတစ်ယောက်ကိုလက်ထပ်ခဲ့ပါည်တဲ့လား...ဘယ်လိုရူးမိုက်မှု့လဲ သို့ပေမယ့်လဲ မိုရမ်ဆိုသောသူကို မြင်ရုံနှင့်ရင်တွင်းတစ်နရာမှပူနွေးနွေးမြစ်တစ်ဆင်း နှလုံးသွေးကိုဖြတ်စီးသွားသည်ဆိုတာတော့လိမ်လို့မရခဲ့ပေ...စိတ်ညစ်ညူးဖွယ်ကောင်းလိုက်တာ...မရုန်းထွက်နိုင်သောအတိတ်မှခံစားချက်များ...အာရုံစိုက်ကြည့်နေသည့်ကြားမှမှိန်ဝါးလာသောမြင်ကွင်းများနှင့် အေးစက်လာသောလက်ဖျားများ...လက်တစ်စုံရဲ့လှုပ်ရှားသတိပေးခြင်းခံရပြီးနောက် ဖြည်းဖြည်းချင်းပွင့်ဟလာပါသောရှိန်းရဲ့မျက်စိတွေ...အလင်းပျပျထဲပုံမှန်အနေထားတိုင်းပြန်ကြည့်နိုင်ရန် မျက်တောင်အနည်းငယ်ခတ်ပြီးနောက် လက်ရှိလောကဆီ ပြန်ရောက်လာပြီကိုမြင်လိုက်ရ၏...သူ့ကိုပူပန်နေဟန်မျက်ဝန်းများနဲ့ငေးကြည့်နေသောသူနှင့် သူ့ဆီကသတိတရနှုတ်ဆက်လာမှု့ကိုမျော်လင့်နေဟန်ခပ်ပြုံးပြုံးကြည့်နေသောသူ....ထိုလူနှစ်ဦးရဲ့စောင့်ဆိုင်းအကြည့်တွေကြောင့် မသက်မသာသက်ပြင်းတစ်ခုချလိုက်မိသည်..။

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Where stories live. Discover now