Part-3

1.3K 102 1
                                    

နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(3)

“ရှိန်း….ရှိန်း….ဒါလင်…ဒါလင်…..ဘယ်မှာလဲ….အသံကြားရင်ပြန်ထူးပါ….ရှိန်း…ဒါလင်……” ရေခဲတောင်ပေါ်ရှိ ထင်ရှုးပင်တန်းထဲသို့လူတစ်စု ဝင်ရောက်ကာ တစ်စုံတစ်ဦး၏နာမည်ကို တကြော်ကြော်အော်ဟစ်ခေါ်နေကျသည်….ထိုသူကတော့ ရှိန်းဆိုတဲ့ ခေါင်းဆောင်လူချောလေးပင်…..

“အား….ကျွတ်..ကျွတ်…ခေါင်းတွေကိုက်လိုက်တာ…..” ရေခဲပြင်ပေါ်လဲကျနေတဲ့ရှိန်းတစ်ယောက် ခေါင်းကိုလက်မနဲ့လက်ညှိုး ထိန်းညှပ်ကိုင်ရင်း လူးလဲထလိုက်သည်….သတိပြန်ဝင်လာတဲ့အချိန် စောနကဘာဖြစ်သွားတာလဲဆိုတာကို စဉ်းစားရင်းပြန်ပေါ်လာတဲ့ အေးစက်စက်မျက်နှာတစ်ခု ပြီးတော့ ငှက်တွေ ခြိမ်းခြောက်စကားတွေ…..လူသူမရှိတဲ့တောတောင်ထဲလာရင် တောကခြောက်လှန့်တတ်တယ်လို့သူကြားဖူးသည်…..တောခြောက်ခံရတာပဲနေမှာပါ သူများတွေပြောပြပြန်ရင်လဲ သူ့ကိုဝိုင်းဟားကျပေမည်……

“ငါဒီဖက်မှာ….ဘာမှမဖြစ်ဘူး………” လိုက်ရှာနေတဲ့ ကိုယ့်အဖွဲ့ကိုအသံပြန်ပေးရင်း သူတို့ရှိရာဖက်ကို အမြန်ထသွားလိုက်သည်….

“ဒါလင်….အရမ်းကြာလို့လိုက်လာတာ….ဘာဖြစ်နေတာလဲ liz တို့က ဒါလင်တောထဲ လမ်းပျောက်သွားတယ်ထင်လို့ လိုက်လာတာ…..”

“အေးလေ…ငါတို့က မင်းတောထဲလမ်းပျောက်နေလို့များလားဆိုပြီး စိတ်ပူလို့လိုက်ရှာတာ…..ဘာမှမဖြစ်ရင်လဲသွားရအောင်….” ဂျက်က တွေဝေနေတဲ့ပုံစံဖြစ်နေတဲ့ ရှိန်းပခုံးကိုလှမ်းပုတ်ရင်း အသိပေးလိုက်တယ်…..ထို့နောက် ထင်ရှုးပင်တွေအုပ်ဆိုင်းနေတဲ့ တောအုပ်ကလေးကနေ တောင်ပေါ်ကို တရွေ့ရွေ့လူတစ်စုပြန်တက်သွားပြန်သည်……

“ဒီမှာပဲနားရအောင်….ဒီစခန်းလေးက အမဲလိုက်တဲ့သူတွေစုပြီး ဆောက်ထားတဲ့ကင်းချစခန်းပဲ…” လမ်းပြဖြစ်သူနဲ့ မုဆိုးက အထုပ်အပိုးတွေချပြီး နောက်မှဝင်လာတဲ့ ဧည့်သည်တွေကို သစ်လုံးအိမ်ကလေးအကြောင်းကို ရှင်းပြသည်….သစ်လုံးတွေနဲ့ခိုင်ခံ့အောင် ဆောက်ထားတဲ့ နားနေစခန်းလေးက လူဦးရေ တစ်ဆယ့်ငါးဦးစာလောက်ထိ ကျယ်ဝန်းဖူလုံတာမို့ သူတို့လူစုအတွက်အတော်ပင်…….

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Where stories live. Discover now