Ep(2)unicode

27.8K 2K 40
                                    

ဒီနေ့လေးသည် သူတို့နှစ်ယောက် လက်ထပ်ထိမ်းမြားရတော့မည့် နေ့လေးဖြစ်သည်။
ယောကျာ်လေး နှစ်ယောက် လက်ထပ်ပွဲလေးမို့  ခမ်းနားကြီးကျယ်သည့်ပွဲမျိုးတော့မဟုတ်။ ဒီတိုင်း နှစ်ဖက်မိသားစုနှင့် ရင်းနှီးသည့် သူငယ်ချင်း သုံးယောက်အပါ ဆို လူက ၁၀ယောက်သာသာပဲရှိသည်။အကြောင်းရင်းကတော့ ကာယံကံရှင်များဖြစ်ကြသည့် သတိုးသားနှစ်ယောက်၏ ဆန္ဒကြောင့်
သာအကျဥ်းချုံးလုပ်ပေးကြခြင်းဖြစ်သည်။

အမေနှစ်ယောက်၏ ဆန္ဒအရ နှစ်ယောက်လုံး လည်ကတုံးအဖြူနှင့် မိုးပြာရောင် ပိုးပုဆိုးကိုဆင်တူဝတ်ဆင်ထားကြရ၏။
နှစ်ယောက်စလုံး၏ လက်သန်းကြွယ်မှာလည်း လက်ထပ်လက်စွပ် ကိုယ်စီ ဝတ်ထားကြရသေးသည်။ ထို့နောက် ရှေ့နေကြီးပေးသော လက်ထပ်စာချုပ်မှာ လက်မှတ် ကိုယ်စီရေးထိုးလိုက်ကြ၏။ (အာဏာစက် )ကုမ္ပဏီ၏ အကျိုးဆောင်ရှေ့နေတဖြစ်လည်း ဦးအာဏာတို့၏မိသားစုရှေ့နေ ဦးလှမြင့် ကပဲ သူတို့မင်္ဂလာပွဲ၏ အသိသက်သေရှေ့နေအဖြစ်လုပ်ပေးခဲ့သည်။ ပြောရရင် ယောကျာ်းလေးနှစ်ယောက်လက်ထပ်တာက ဒီနိုင်ငံအနေအထားနဲ့ တရားမဝင်ပေ။ လိင်တူလက်ထပ်ခွင့် အတွက်တရားဝင် ခွင့်ပြုချက်မရသေး ဒါကြောင့်လည်း သူတို့လက်ထပ်ပွဲက တရားဝင်တော့လည်းမဟုတ် ၊အင်း….. မဟုတ်ဘူးလို့လည်းမဆိုနိုင်။
တိုးတက်ပြောင်းလဲလာတဲ့ခေတ်ပြီးကိုပဲ အပစ်တင်ရမလား။ နားလည်မှုပြည့်ဝလွန်းကြတဲ့ သူတို့၏ မိဘများကိုပဲ အပစ်တင်သင့်သလား သူမသိ။ အဆုံးတွင်  မေမေ၏ သဘောဆန္ဒတွေကို မလွန်းဆန်နိုင်တော့တဲ့ သူသည် ယောင်္ကျားတစ်ယောက်နှင့် အိမ်ထောင်ကျသွားခဲ့ရတော့သည်။

ဤ မဂ်လာပွဲရှိ လူတိုင်းက ကာယံကံရှင် သူတို့နှစ်ယောက်ထက်ကိုပင် ပိုပျော်နေကြသလိုပဲ။ မပျော်နိုင်သူက လွန်းခတ်ပိုင်သည်သာ။ ရှိုင်းဆက် မျက်နှာ ပျော်သည်လို့လည်းခန့်မှန်း၍မရ မပျော်ဘူးဟုလည်း ခန့်မှန်း၍မရသော အနေအထားဖြစ်နေသဖြင့် ဤ ပွဲမှာ စိတ်ညစ်နေသူက လွန်းခတ်ပိုင်တစ်ယောက်တည်းဟုပဲ ဆိုရမလို။

သုံးနှစ်……. သုံးနှစ်ပဲ။ လွန်းခတ် သည်းခံလိုက် ။
ကိုယ့်စိတ်ကိုယ်ကိုပြန် အားပေးနေမိသည်။

𝙁𝙖𝙡𝙡𝙞𝙣𝙜 𝙄𝙣 𝙇𝙤𝙫𝙚 (Complete )Where stories live. Discover now