Ep(3)unicode

23.7K 1.9K 34
                                    

လွန်းခတ်ပိုင် အိပ်ယာကနိုးလာချိန်မှာတော့ ဘေးတွင်ရှိုင်းဆက်ကိုမတွေ့ပေ။ လွန်းခတ်ပိုင် အိပ်ယာက ထလိုက်ပြီး ရေချိုးခန်းထဲဝင်ကာ သွားတိုက်မျက်နှာသစ်လိုက်သည်။ ပြီးတော့ ရေပါတစ်ခါတည်း ချိုးကာ ကျောင်းသွားရန်ပြင်ဆင်သည်။

သူ အခန်းထဲက ထွက်လာချိန်မှာတော့ ထမင်းစားခန်းတွင် တစ်ယောက်သောသူက မနက်စာပြင်ဆင်နေလေသည်။

လွန်းခတ် စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သောအခါ ရှိုင်းဆက် က သူ့အတွက် ပေါင်မုန့်ကြက်ဥကြော်နှစ်ချပ်ထည့်ထားသော ပန်းကန်းကို သူ့အရှေ့ ချပေးသည်။

" ကျေးဇူး "

လွန်းခတ်စကားကို သူကခေါင်းငြိမ့်ရုံသာ ပြန်တုန့်ပြန်သည်။

ဘယ်ဆိုးလို့လဲ။ဒီကောင် ဒါမျိုးတွေလည်းလုပ်တတ်တာပဲ။

ပေါင်မုန့်ကြက်ဥကြော်ကိုတစ်လုပ်စားရင်းမှ စိတ်ထဲကလည်း ချီးကျူးလိုက်သေးသည်။

" မင်း ဘယ်အချိန်ထဲက နိုးတာလဲ "

" ၆နာရီ "

လွန်းခတ် ကောျဖီတဈငုံသောကျရငျးမှ သူ့ကို မျက်လုံးပြူးကာကြည့်မိသည်။

" အစောကြီး "

" အင်း ကိုယ်မနက်ဆိူ လေ့ကျင့်ခန်းထ လုပ်နေကျမို့ "

" သြော် "

" ဒါနဲ့ လွန်း မင်း ညနေစာတော့ တစ်ခုခုလုပ်ပေးသင့်တယ်မထင်ဘူးလား။ ဒီမနက်စာ ကိုယ်လုပ်ပေးရင် မင်းညနေစာတော့တာဝန်ယူသင့်တယ်လေ။ "

ရှိုင်းဆက်စကားကြောင့် သူသောက်နေတဲ့ကော်ဖီပါသီးချင်သွားရသည်။

" အမ်.... ညနေစာချက်ရမယ် ။ ငါက ဘာလို့လဲ "

" ဘာလို့လဲဆို၊ မင်းနဲ့ကိုယ်နှစ်ယောက်ထဲ ရှိတာလေ တစ်ယောက်တစ်လှည့်စီတော့တာဝန်ယူသင့်တယ် မဟုတ်ဘူးလား ။ "

" အဟမ်း.... sorry  ငါမချက်တတ်ဘူး။ မနေ့ကလိုပဲ ဝယ်စားလို့ရတာပဲလေ။ ဒါမှမဟုတ် မေမေတို့အိမ်သွားစားလို့ရတယ် ။ "

𝙁𝙖𝙡𝙡𝙞𝙣𝙜 𝙄𝙣 𝙇𝙤𝙫𝙚 (Complete )Where stories live. Discover now