Ep(13)unicode

20.4K 1.5K 17
                                    

မနက်ခင်း အိပ်ယာနိုးလာချိန်မှာတော့ လွန်းခတ်ပိုင်သည် သူ့ရင်ခွင်ထဲမှာ အေးချမ်းစွာ အိပ်စက်နေသေး၏။
ရှိုင်းဆက်သည် မျက်လုံးဖွင့်ဖွင့်ချင်း သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေသေးသည့် ချစ်ရသူ၏ မျက်နှာကို ဦးစွာ မြင်တွေ့လိုက်ရသောအခါ ရင်ထဲ၌နွေးခနဲဖြစ်သွားရသည်။ သူအိပ်ယာမှမထခင် လွန်းခတ် နဖူးကို ခပ်ဖွဖွအနမ်းလေးတစ်ပွင့်ပေးလိုက်ပြီး လွန်းခတ်ကို တဖက်ခေါင်းအုံးပေါ်နေရာပြန်ချပေးလိုက်ကာ သူကတော့အိပ်ယာမှထလိုက်၏။ ထို့နောက် အခန်းအတွင်းမှာ တွဲရက်ပါသည့် ရေချိုးခန်းဆီသို့ဝင်လိုက်သည်။

လွန်းခတ်ပိုင် အိပ်ယာမှနိုးလာတော့ ဘေးတွင် ရှိုင်းဆက် ရှိမနေပေ။ သူသည်အပျင်းကြောဆန့်ကာ သမ်းဝေလိုက်ပြီးနောက် အိပ်ယာပေါ်ငုတ်တုတ်ထထိုင်လိုက်၏။ ထိုအခါမှ ကုတင်ခြေရင်းဘက်၌ အဝတ်အစားလဲနေသည့် ရှိုင်းဆက်ကို တွေ့လိုက်ရသည်။

"နိုးပြီးလား။ "

"အင်း။ မင်းရေချိုးပြီးပြီလား။ "

ရှိုင်းဆက်က ဆွယ်တာ ခဲရောင်ကို ဝတ်နေရင်းမှပြန်ဖြေသည်။

"အင်းပေါ့။ "
လွန်းခတ် နာရီကိုတစ်ချက်ကြည့်လိုက်တော့ မနက် ၇နာရီပဲရှိသေးသည်။

"ဟင် အစောကြီး ။ မင်း မအေးဘူးလား။ "

"ကိုယ်က အအေးကြိုက်တယ်လေ။ "

"ငါတော့ရေဘယ်လိုချိုးရမှန်းမသိတော့ဘူး။ အေးလိုက်တာ။ "

တောင်ကြီးမြို့ ဆောင်းရာသီကို ရှိုင်းဆက်ကတော့ ဖြုံဟန်မပေါ် သူမှာသာ အေးလွန်း၍ ရေထိရမှာတောင် ကြောက်သည်။

" အထဲမှာ ရေပူစက်ရှိတယ်။ မင်း ရေချိုးမယ်မလား။ ကိုယ်ရေနွေးစပ်ပေးမယ်။ "

ရေပူစက်ရှိတယ်ကြားတော့မှ လွန်းခတ် မျက်နှာလေးဝင်းပသွားသည်။
တကယ်တော့ သူလဲ မနေ့ညနေ ခရီးကနေ ရောက်ရောက်ခြင်းထဲက ရေချိုးချင်နေတာ ဒီကရာသီဥတုက သူ့ကိုရေမချိုးချင်ရလောက်အောင် အသည်းခိုက်စေတော့ လူကစေးကပ်ကပ်နဲ့ပဲ ညအိပ်လိုက်ရတာ တော်ပါသေးရဲ့ အခုတော့ ရေနွေးလေးနဲ့ ရေချိုးလို့ရပြီပဲ။

𝙁𝙖𝙡𝙡𝙞𝙣𝙜 𝙄𝙣 𝙇𝙤𝙫𝙚 (Complete )Where stories live. Discover now