Ep(14)unicode

22.1K 1.5K 19
                                    

“ လွန်းခတ် သားမှာ ကိုယ်ဝန် ရှိနေပြီ။ “

“ ဗျာ “

အသံထွက်လာသည်က ရှိုင်းဆက်ဆီမှ ြဖစ်သည်။။သူ့ကိုကြည့်ရသည်မှာ လွန်းခတ် ထက်ကိုပို၍ အံ့သြသွားဟန် တူသည်။

ဒေါက်တာသည် လွန်းခတ်၏ ခန္ဓာကိုယ်တည်ဆောက်ပုံအကြောင်းကို ရှင်းပြတော့ ရှိုင်းဆက်မှာ မျက်လုံးလေးအဝိုင်းသားနှင့်  သေချာနားထောင်နေသည်။ သူတော်တော်လေးကို မယုံကြည်နိုင် ဖြစ်နေပုံပေါ်သည်။ဒါဟာ ရှိုင်းဆက်အတွက်တော့ တော်တော်လေးထူးဆန်းသည့် ကိစ္စတစ်ခုဖြစ်နေပေလိမ့်မည်။

ကားပေါ်ပြန်ရောက်သည့်အချိန်ထိတိုင် ရှိုင်းဆက်သည် အသိစိတ်မကပ်နိုင် ဖြစ်နေသည်။ လွန်းခတ်သည်လည်း ရှိုင်းဆက်ကိုကြည့်ပြီး သက်ပြင်းချမိသည်။ ကိုယ်တိုင်ကတောင် ကြိုသိထားပေမဲ့ တကယ်လက်တွေ့ဖြစ်တည်လာတော့ တုန်လှုပ်မိတာ ရှိုင်းဆက်အနေနဲ့ဆို  ပိုလို့တောင်ဆိုးနေအုံးမည်။

“ရှိုင်းဆက် “

သူခေါ်နေတာကိုပြန်ထူးမလာပဲ အတွေးများနေသေးသူကြောင့် လက်မောင်းကို အသာပုတ်ကာ သတိပေးလိုက်ရ၏။

“ အာ....sorry ကိုယ် နည်းနည်း အံ့သြသွားမိလို့ “

“ ရပါတယ်။ မင်းနေရာမှာငါဆိုလည်း ဒီလိုပဲဖြစ်မိမှာ။ “

ရှိုင်းဆက်သည် လွန်းခတ် ဘက်ကို လှည့်လာပြီး လွန်းခတ်လက်ကို ဆွဲကိုင်လာ၏။

“ လွန်း ၊ ဒါတွေက တကယ်အမှန်ပဲလား။ ဒါမှမဟုတ် ကိုယ်အိမ်မက်မက်နေတာလား။ “

လွန်းခတ် ခေါင်းခါပြလိုက်သည်။
“ အမှန်ပဲ။ငါ… ငါတောင်းပန်ပါတယ် ။ အစောကြီးထဲက ငါ့ခန္ဓာကိုယ်အကြောင်းကိုပြောပြခဲ့သင့်တာ ၊ ငါတို့ကြားထဲ ဒီအခြေနေထိ ဖြစ်မလာနိုင်ခဲ့ဘူး ထင်လို့ ငါမင်းကိုမပြောမိခဲ့တာပါ။
တကယ်တော့ ….မပြောပြနိုင်ခဲ့တာဆို ပိုမှန်မယ်။  “

လွန်းခတ်စကားအဆုံး ရုတ်တရက်ဆန်သော အပြုအမူတစ်ခုကို ရှိုင်းဆက်က လုပ်လိုက်သည်။ သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ နှုတ်ခမ်းတွေကို စက္ကန့်အနည်းငယ်မျှကြာအောင် ဖိကပ်နမ်းရှိုက်လာလေသည်။ထို့နောက် လွန်းခတ်ကို ဆွဲဖက်လာသည်။

𝙁𝙖𝙡𝙡𝙞𝙣𝙜 𝙄𝙣 𝙇𝙤𝙫𝙚 (Complete )Where stories live. Discover now