Final Ep-zawgyi

9.3K 410 12
                                    

သားအဖနှစ်ယောက်ရေအတူချိုးပြီးနောက် ရေချိုးခန်းထဲမှထွက်လာကြ၏။ လွန်းခတ်သည် ဘုံဘုံလေးကို အဝတ်အစားအရင်လဲပေးလိုက်ပြီး ကုတင်ပေါ်မှာ ပေးထိုင်ထားလိုက်သည်။

သားတော်မောင်က ကုတင်ပေါ်မှာ ငြိမ်သက်စွာထိုင်နေရင်းမှ အဖေဖြစ်သူလုပ်သမျှကို လိုက်လံကြည့်နေသည်။

ဒီရက်ပိုင်း ရာသီဥတုအေးအေးလာသည်ကြောင့်ပေလားမသိ လွန်းခတ်၏ ဗိုက်ရှိချုပ်ရိုးနေရာမှ ကိုက်ခဲလာသည်။ထိုအတွက်ကြောင့် ဆရာဝန်ပေးထားသည့် လိမ်းဆေးတောင့်လေးကို ဗိုက်ချုပ်ရိုးပေါ်သို့ လိမ်းလိုက်သည်။ ထို့စဉ် ဘုံဘုံလေးက သူ၏ရှေ့မှောက် ရောက်လာပြီး ဗိုက်ပေါ်က မြင်သာနေသေးသည့်ချုပ်ရိုးကို သေချာကြည့်ရှုနေတော့သည်။

ပါပါး နာနာ
ဗိုက်ပေါ်က ချုပ်ရိုးကို လက်ညိုးသေးသေးလေးဖြင့်ညွှန်ပြလာ၏။

အင်း နာနာ ။ အာ့ကြောင့်ပါးပါးဆေးလိမ်းနေတာ ။

ပါပါး နာနာ အသူလုပ်တာရဲ

အမ်

လွန်းခတ်၏ မျက်နှာကို မျက်နှာငယ်လေးဖြင့် မော့ကြည့်ကာ မေးလာသည့် ဘုံဘုံလေး၏အမေးကြောင့် လွန်းခတ်မှာ ခေတ္တ ကြောင်အသွားရသည်။
ဒီကလေးငယ်ဟာ အရစ်လွန်းသန်သူမို့ မဖြေမချင်း မေးနေတော့မှာပဲ။

အာ ဟို ဒယ်ဒီလေ။ သားဒယ်ဒီလုပ်တာ
အဖြေရပြီးရောဆိုကာ ပါးစပ်ထဲတွေ့သမျှ လျှောက်ဖြေလိုက်မိမှ ပိုဆိုးသွားတော့သည်။
သူ့ဆီကအဖြေံအဆုံး ဘုံဘုံလေးမျက်နှာဟာ မဲ့လာပြီး ငိုမဲ့မဲ့ဖြစ်လာတော့ လွန်းခတ်မှာ အလျင်အမြန်ပင် အဝတ်အစားကောက်ဝတ်ရသည်။

မကြာပါဘူး။ ဘုံဘုံလေးသည် အားကြီးဖြင့် ငိုချလာတော့သည်။

ဒီဒီ လူစိုး။ ပါပါးကို နာနာဖစ်အောင်လုပ်ရယ်။

ပြောရင်းပိုငိုလာသည့် ဘုံဘုံကြောင့် လွန်းခတ် အမြ န်ပဲ ကောက်ချီကာ ချော့ရတော့သည်။

မငိုရဘူးလေ သားကလဲ ပါပါးဘာမှမဖြစ်တော့ဘူး။

ချော့လေ ပိုငိုလေကြောင့် လွန်းခတ် ခေါင်းကိုက်လာသည်။
ဒီတိုင်းပါးစပ်ထဲတွေ့ကရာလျှောက်ပြောလိုက်မှ ငါးပါးမှောက်တော့တာပဲ။

ထို့စဉ် အခန်းထဲပြေးဝင်လာသူကိုတွေ့တော့မှ လွန်းခတ်အသက်ရှုချောင်ရသည်။ ဘုံဘုံလေးဟာ  ငိုရင်တော်ရုံနှင့်မတိတ်တတ်ပေ။

ဘေဘီ ဘာဖြစ်လို့လဲ ။

ဒီဒီလူစိုး။ ပါပါးကို နာနာလုပ်ရယ်။

အမ်

ရှိုင်းဆက်က သားပြောလာသည့်စကားကို သဘောမပေါက်သဖြင့် လွန်းခတ်ကိုကြည့်ကာ မျက်စပစ်ပြတော့  သူ့မှာဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်ရသည်။

သြော် အဲ့ဒီလို ။

ရှိုင်းဆက်က ရယ်ကာ သူ့လက်ထဲကနေ သားကို ပြောင်းချီလိုက်သည်။

လာပါဦး။ ဘုံဘုံလေးရဲ့ ဒယ်ဒီပြောပြမယ်။ 
ရှိုင်းဆက်ကသားကိုရင်ခွင်ထဲထည့်ကာ မျက်ရည်တွေသုတ်ပေးလိုက် ပြီး။

သားပါပါးရဲ့ ဗိုက်ကနာနာကလေ။ တကယ်တော့ ဘုံဘုံလေးကို မွေးလို့ ဖြစ်သွားတာ။ ပါပါးက ဘုံဘုံလေးကို ဗိုက်ထဲထည့်ထားပြီး အကြာကြီးနေလာရတာ သိလား။ ဘုံဘုံလေးက ဗိုက်ထဲမှာကြီးလာတော့ ဦးဦးဒေါက်တာတွေက ပါပါးဗိုက်ကို ဓားလေးနဲ့ခွဲ ပြီး  သားကိုထုတ်ပေးလိုက်ရတာကွာ။ အဲ့ဒါကြောင့် သား ပါပါးဗိုက်မှာ နာနာသေးသေးလေးဖြစ်သွားရတာ။

လွန်းခတ်မှာ ထိုသို့ရှင်းပြဖို့ရာအသိမရှိလိုက် ယခုလိုရှင်းပြလိုက်တော့လည်း ဘုံဘုံလေးသည်  ငြိမ်ပြီး သေချာနားထောင်နေသည်။

ဂယ်လား။ ပါပါး

တကယ်ပေါ့ကွ။ ဘုံဘုံလေး ထွက်လာတော့ ပါပါးနာနာက ပျောက်သွားပြီး။ အခုနက ပါပါးက နာနာကို မမြင်ရတော့အောင် ဆေးထပ်လိမ်းနေတာ။

ထိုအခါမှ သားကမျက်ရည်တွေသုတ်ကာ လွန်းခတ်ကို သူအားပြန်ချီခိုင်းလာသည်။ လွန်းခတ်ချီလိုက်တော့ ခွန်းခတ်လည်ပင်းကိုတင်းနေအောင်ဖက်လာပြီး ပါးကို  မနားတမ်း မွှေးကြူလာသည်။

အတတ်လေးပြောလာသည်က သားသားအာဘွားပေးရင် ပါပါးနာနာပျောက်သွားမယ်တဲ့လေ။

အေးပါ ပါပါးလူလည်လေးရေ။ မင်းလေးက ဒီနည်းတွေနဲ့ပဲ ပါပါးတို့အသဲကိုခြွေနေတာ

ပြောရင်းဆိုရင်းပင် လွန်းခတ်သည်လည်း အသဲယားလာကာ  သား၏ ပါးဖောင်းဖောင်းလေးတွေကို နစ်ဝင်သွားအောင်မွှေးကြူပေးလိုက်သည်။

ဗိုက်မဆာဘူးကြလား။ ဒယ်ဒီက ပါစတာ လုပ်ထားပေးတယ်နော်။ ဘုံဘုံလေးအကြိုက်

ရေး..... ဒီဒီကို အာ့ကြောင့်ချစ်ရာ

ခုနက ဒီဒီကလူဆိုးဆို

ဟုတ်ပါဝူး။ခုနတားတားကမသိရို့ပြောလိုက်တာ အဟီး

လူလည်လေး

သို့နှင့်သားအဖသုံးယောက်အခန်းထဲမှ ထွက်လာကာ ထမင်းစားခန်းဆီ ဦးတည်လိုက်သည်။

ညအိပ်ယာဝင်ချိန်ရောက်တော့ ရှိုင်းဆက်သည် သားကိုချော့သိပ်နေပြီး လွန်းခတ်ကတော့ အလုပ်တွေလက်စသတ်ရန် သူ့အလုပ်ခန်းထဲရောက်နေသည်။

ရှိုင်းဆက် သားအိပ်ပျော်သွားသောအခါမှ  ကုတင်ပေါ်သေချာသိပ့်ထားခဲ့ပြီး လွန်းခတ်ရှိရာ အလုပ်ခန်းဆီသို့ ဝင်လာလိုက်သည်။

မနက်မှဆက်လုပ်တော့လေ။

အင်းပါ။ ခဏလေး ဒါလေးလက်စသတ်လိုက်မယ်။

ရှိုင်းဆက်သည် လွန်းခတ်စားပွဲဘေးမတ်တတ်ရပ်ကာ စောင့်နေလိုက်သည်။

ငါးမိနစ်လောက်အကြာမှာတော့ လွန်းခတ်၏ အလုပ်တွေပြီးသွား၍ နှစ်ယောက်သား သူတို့အိပ်ခန်းဆီသို့ အတူဝင်လာကြသည်။

လွန်းခတ် ညအိပ်ဝတ်စုံကိုလဲပြီး ကုတင်ပေါ်တက်လာတော့ ရှိုင်းဆက်က ဘေးမှာလှဲနေပြီး သူလှဲချလာသည်ကို မြင်သည်နှင့် သူ့ဘက်ကို တံတောင်တဖက် ထောက်ကာ ကြည့်လာသည်။

မင်း ချုပ်ရိုးက ပြန်ပြန်နာနေတာလား။

ဟင်.... ဒီရက်ပိုင်းအေးလို့ တချက်တချက်တော့ ကိုက်ကိုက်လာတယ်။ အရမ်းကြီးတော့ မဟုတ်ပါဘူး။

ရှိုင်းဆက်က လွန်းခတ်၏ဗိုက်ပေါ်လက်လေးတင်ထားလာပြီး စိုးရိပ်တကြီးပြောသည်။

ဆေးရုံထပ်သွားပြကြည့်မလား။

လွန်းခတ် သူ့ဗိုက်ပေါ်တင်ထားတဲ့ ရှိုင်းဆက်၏ လက်ပေါ် သူ့လက်ကလေးဖြင့်ပြန်၍အုပ်မိုးကာ ကိုင်လိုက်ပြီး

မလိုပါဘူးကွာ။ ဒေါက်တာပေးထားတဲ့သောက်ဆေးနဲ့ လိမ်းဆေးလိမ်းနေတာ အဆင်ပြေပါတယ်။ အရမ်းကြီးအခြေနေဆိုးလာရင် ငါသွားပြပါ့မယ်ကွာ။ အိပ်ရအောင် မင်းမနက် ရုံးသွားရအုံးမယ်လေ။

  ကိုယ်ကစိုးရိမ်လို့။

  ငါဂရုစိုက်နေပါ့မယ် ဟုတ်ပြီလား။အခုတော့  အိပ်ရအောင် ငါအိပ်ချင်နေပြီ။ 

Goodnight လွန်း
ထို့နောက်ရှိုင်းဆက်သည်လွန်းခတ်နဖူးကိုအနမ်းတစ်ပွင့်ပေးပြီး လွန်းခတ်ကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်။

Good Night

လွန်းခတ်သည်လည်း သူ့ရင်ခွင်ထဲမှ မော့ကာ ရှိုင်းဆက်၏ နှုတ်ခမ်းကို နှုတ်ခမ်းချင်ထိကပ်ရုံသာ အနမ်းတစ်ပွင့် ပေးလိုက်သည်။ ထို့နောက် နှစ်ယောက်သား အိမ်မက်ကမ္ဘာထဲသို့ လှမ်းခဲ့ကြတော့သည်။

************************************************

ဖာသာ၏ စကားအဆုံးမှာ အဖြူရောင် suit ဆင်တူဝတ်ထားသည့်  လူနှစ်ယောက်ဟာ တစ်ယောက်နှင့်တစ်ယောက် လက်ထပ်လက်စွပ် အပြန်အလှန်ဝတ်ပေးလိုက်ကြတော့၏။ ဤအရာကိုကြည့်ခြင်းဖြင့် ထိုလူနှစ်ယောက်ဟာ ထိမ်းမြားမှူပြီးမြှောက်အောင်မြင်သွားကြောင်း ပြသသော သပ်သေတစ်ခုဖြစ်သည်။။

ဘုရားကျောင်း၏ ခုံတန်းလေးတွေမှာ လူအနည်းစုသာရှိပြီး ထိုလူတွေသည် မတ်တတ်ရပ်ကာ လက်ခုပ်တီး၍ အဖြူရောင်suit ဝတ်စုံဆင်တူနှင့်လူ နှစ်ယောက်ကို သြဘာပေးနေကြသည်။

သတို့သားဝတ်စုံလေးနှင့် သိပ်ကို လိုက်ဖက်နေသည့် လင်းမြတ်နှင့်
ကိုထက်တို့၏ မျက်နှာမှာတော့ ကြည်နူးခြင်းအပြည့်ဖြင့် အပြုံးပန်းတွေဝေနေသည်။

ယနေ့သည် ထက်ပိုင်ဦးနှင့်လင်းမြတ် တို့၏ လက်ထပ်မင်္ဂလာနေ့လေးဖြစ်သည်။  သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး လွန်းခတ်နှင့် မိုးဝသုန်၏ မျက်နှာထက်၌လည်း ပီတိတွေဝေနေကြသည်။
အဆုံးမှာတော့ လင်းမြတ်သည် ကိုထက်၏ အပိုင်လူတစ်ယောက်ဖြစ်လာခဲ့ချေပြီ။ တစ်နည်းအားဖြင့် ဆိုရလျှင် ကိုထက်ကိုလည်း လင်မြတ် အပိုင်ရသွားချေခဲ့ပြီ။

ရှိုင်းဆက်နှင့် လွန်းခတ်တို့ နှစ်ယောက်အလယ်မှာရပ်နေသည့် ဘုံဘုံလေးသည်လည်း လက်ခုပ်တီးကာ ပျော်ရွှင်နေသည်။ ဘုံဘုံလေးသည် လွန်းခတ်၏ အင်္ကျီစကို လှမ်းဆွဲလာတော့ လွန်းခတ် ဘုံဘုံလေးကို ကောက်ချီလိုက်ရသည်။

ပါပါး

ဗျာ

ဒယ်ဒီနဲ့ ပါပါးကရော ဦးဦးတို့လို မင်္ဂလာဆောင်ကြတာလားဟင်။

အသက်လေးနှစ်ကျော်နေပြီဖြစ်သည့် ဘုံဘုံလေးသည် တစ်ချို့သောအရာတွေကို သိနားလည်လာနေပြီဖြစ်သည်။ ယခုလည်း သူ၏ ဦးဦးဖြစ်သူနှစ်ယောက်ကို ကြည့်ပြီး လွန်းခတ်ကို  မေးလာခြင်းဖြစ်သည်။

ဒါပေါ့..... ပါပါးတို့ကတော့ အိမ်မှာပဲမင်္ဂလာဆောင်ကြတာပါကွာ။ သားဦးဦးတို့က ဘုရားကျောင်းမှာဆောင်ကြတာဆိုတော့ မတူတော့မတူဘူးပေါ့။

လွန်းခတ်၏ အဖြေကို သားက နားမလည်ဟန် မျက်နှာရှုံ့ပြသည်။ လွန်းခတ်တချက်ရယ်လိုက်ပြီး သားပါးကို အနမ်းပေးလိုက်သည်။

ဘုံဘုံလေး အခုထက် ကြီးလာရင် နားလည်လာမှာပေါ့ ကွာ။

ဘုရားကျောင်းကထွက်လာကြသောအခါမှာတော့  ဘုံဘုံက မိုးဝသုန်အနားမှာသာ ကပ်နေနေသည်။မိုးဝသုန် ဗိုက်ထဲက ကလေးလေးကို သူတော်တော်စိတ်ဝင်စားနေတာဖြစ်သည်။

လင်းမြတ်နှင့် ကိုထက်ကတော့ မင်္ဂလာပွဲကိုလာရောက်ပေးလညကြသည့် သူငယ်ချင်းတွေ မိတ်ဆွေတွေကိုနှုတ်ဆက်ပြီးနောက် ဟန်နီးမွန်းခရီးစဉ်အတွက် လေယာဉ်ကွင်းကို တန်းသွာကြလေသည်။

ဘုံဘုံ ၊ ဒယ်ဒီတို့လည်း ပြန်ကြမယ်လေ။

ပြန်ဝူး။ သားက တီတီနဲ့ လိုက်မှာ ။

မိုးဝသုန်လက်ကို အတင်းဆွဲကာ ဖက်ထားလေပြီး ဘုံဘုံလေး ဂျီကျတော့သည်။

မပြန်လို့မရဘူးလေ။ ဘုံဘုံရယ်။ လာပါ လမ်းမှာ သားကြိုက်တဲ့အရုပ်လေးဝယ်ပေးမယ်လေ။

မပြန်ဝူး။ တီတီနဲ့လိုက်ပြီး တီတီဆီက ညမလေးကို ယူမလို့

ဟေ

ဘုံဘုံ့ စကားကြောင့်အားလုံး အံ့သြမှင်တက်သွားရသည်။ ထို့အပြင် ချက်ချင်းပဲ ထရယ်မိကြတော့သည်။
လက်စသတ်တော့ ဘုံဘုံဟာ အငယ်လေးတစ်ယောက် လိုချင်နေတာပဲ။

တီတီ ကမွေးပြီးရင် ဘုံဘုံလေးကိုပေးမှာပေါ့။ ဘုံဘုံလေးက ညမလေးကိုထိန်းပေးရမှာ။

ဂယ်ရောဟုတ်လို့လား ။ လေးလေး

သူ့လေးလေး နန္ဒမောင်၏ စကားကိုမယုံသလို ပြန်မေးနေသည့် ဘုံဘုံကိုကြည့်ပြီး လွန်းခတ်ခေါင်းယမ်းနေမိသည်။

မိုးဝသုန်က သူ့တူ၏ ဆံပင်တွေဖွလိုက် ပါးတွေဆွဲညှစ်လိုက်နှင့်
အသဲတွေယားနေတော့သည်။

ရှိုင်းဆက်သည် ဘုံဘုံလေးကို ချီလိုက်ပြီး ဘုံဘုံလေးနား နားကပ်ကာနှစ်ယောက်ထဲကြားရုံ တိုးတိုးလေးပြောလိုက်သောအခါမှ ဘုံဘုံဟာ စိတ်ပြောင်းသွားပြီး ချက်ချင်းပင် အိမ်သို့ပြန်လိုက်ဖို့ ပြောလာတော့သည်။

ဘုံဘုံလေး စိတ်ပြောင်းသွားအောင် ရှိုင်းဆက် ဘာများပြောလိုက်လဲဆိုတာ  လွန်းခတ်သိချင်လာသည်။

ကားပေါ် ရောက်သည်နှင့် လွန်းခတ် သိချင်စိတ်ကြောင့် မနေနိုင်တော့ ပဲ ထုတ်ကာ မေးလိုက်တော့သည်။

မင်း ကလေးကိုဘာပြောလိုက်တာလဲ။

ရှိုင်းဆက်သည် ကားမောင်းနေရင်းမှ သူ့ဘက်ကိုလှည့်ပြီး ဟက်ခနဲ ရယ်လာ၏။

အဟက် အဲ့ဒါက .... ဘုံဘုံ ညီမလေး လိုချင်ရင် ဒယ်ဒီက ပါပါးဆီမှာ ညီမလေးရအောင် လုပ်ပေးမယ်လို့ပြောလိုက်တာလေ။

ဘာပြောတယ်။ ရှိုင်းဆက်အာဏာ မင်း ကလေးကိုပေါက်ကရတွေ လျှောက်ပြောပြန်ပြီ။
တကယ်ပဲ.. ဒါကလေးကိုပြောရမယ့်စကားလား။
လွန်းခတ်သည် စိတ်ထဲဘဝင်မကျစွာဖြင့်  ရှိုင်းဆက်၏ လက်မောင်းကိုတချက်ထိုးလိုက်၏။ ဒါကို သူကတော့ မမှု ရယ်မြဲတိုင်းသာရယ်နေသည်။

အိမ်ပြန်ရောက်သည်နှင့် ဘုံဘုံလေးဆီက ပါပါး ညီမလေးမွေးပေး ဆိုသည့် ပူဆာသံချည်းသာ ညံနေတော့သည်။ လွန်းခတ်ကတော့ ကလေးကိုပေါက်ကရတွေမြှောက်ပေးလာသည့် တရားခံဖြစ်သူ ရှိုင်းဆက်ကိုသာ ကြိမ်းဝါးနေတော့သည်။

လွန်း..... ကိုယ်တို့လဲ  ဟန်နီးမွန်းထွက်ရအောင်။

အိပ်ယာဝင်ခါနီး ရှိုင်းဆက်က ညအိပ်ဝတ်စုံလဲနေရင်းမှ ဆိုင်းမဆင့်ဗုံမဆင့်ပြောလာတဲ့ စကားကြောင့် လွန်းခတ်မှာ ဆွံအသွားသည်။

ဘာကို ဟန်းနီးမွန်းလဲ။ သားပဲ ၄နှစ်ကျော်နေပြီ။ အခုမှ ဘာအရူးထနေတာလဲ။

စဉ်းစားကြည့်တော့ ကိုယ်တို့ လက်ထပ်ပြီးထဲက တစ်ခါမှ နှစ်ယောက်ထဲ အေးဆေးခရီးမသွားရသေးဘူးလေ။

ကုတင်ပေါ်တက်လာသည့် ရှိုင်းဆက်က လွန်းခတ်၏ ခါးကို ဖက်ပြီး ပခုံးပေါ်မေးလေးတင်ထားလာသည်။

အဲ့ဒီတော့

ကိုယ် ဘန်ကောက်ကပြန်လာရင် အလုပ်တွေခဏလောက်တော့နားပြီး ကိုယ့်ယောကျာ်းလေးနဲ့ နှစ်ယောက်ထဲ အေးဆေး ခရီးထွက်ဦးမှပဲ။

ပြောရင်း လွန်းခတ်လည်တိုင်ကို တချက်မျှဖိကပ်နမ်းလာသည်။

မင်းကတော့လေ ကလေးအဖေပဲဖြစ်နေပြီ။ အခုထိ ပိုးကမသေသေးဘူး။ ဒါနဲ့ မင်း ဘန်ကောက်မှာ ဘယ်လောက်ကြာမှာလဲ။

၂ပတ်လောက်တော့ ထင်တာပဲ။ စက်ရုံ အရေးပေါ်ကိစ္စကြောင့်သာ မဟုတ်ရင် ကိုယ်မသွားပါဘူး။ ကိုယ်တော့ ၂ပတ်လောက် မင်းတို့သားအဖနဲ့ ခွဲနေရမှာတွေးရင်း စိတ်ညစ်လာပြီ။

အသံတွေကပါ အားပြတ်လာသလိုဖြစ်နေပြီး လူက လွန်းခတ်ကို ပို၍ တင်းနေအောင်ဖက်လာသည်။

အလုပ်ကိစ္စက အရေးကြီးတယ်လေကွာ။ နှစ်ပတ်ဆိုတာကလည်း ဖင်လှည့်ခေါင်းလှည့်နဲ့ ခဏလေးကုန်သွားမှာ ။ လေယာဉ်က သဘက်ခါမနက်မလား။ ငါမနက်ဖြန် အဝတ်အစားအိတ်ပြင်ထားပေးလိုက်မယ်။ အခုတော့ အိပ်တော့။

လွန်း

ဘာလဲ။

လူကိုမလွှတ်ပေးဘဲ ပိုပြီးတင်းကျပ်နေအောင်ဖက်ထားလာပြီး လည်ပင်းအနှံ့ နမ်းရှိုက်လာတော့၏။

မင်းဘာဖြစ်ချင်နေတာလဲ။ မနက်ရုံးသွားရအုံးမယ်လေ။ အိပ်ကြရအောင်ကွာ နော်။

ကိုယ့်ကို မသနားဘူးလား။ နှစ်ပတ်တောင် မင်းနဲ့ခွဲနေရမှာလေ။ ဒီညတော့ နှစ်ပတ်စာအတွက် တခါထဲအတိုးချပြီး ချစ်ရမယ်။

ပြောရင်းဆိုရင်းပင် လွန်းခတ်ကို တွန်းလှဲချကာ အပေါ်မှ အုပ်မိုးလာသူ။

ရှိုင်းဆက်

အင်း ခဏနေကျရင် ကိုယ့်နာမည်ကိုတောက်လျှောက်ခေါ်ရတော့မှာ။

လွန်းခတ်၏ လည်တိုင်ကို စုပ်ယူကာနမ်းရှိုက်လာပြီး လက်တွေကလည်း အငြိမ်မနေ အင်္ကျီကြယ်သီးတွေကို ဖြုတ်နေသည်။
နေဦးလေ။ မနက်ရုံးကိုအစောကြီး သွားရမှာဆို။

ဘာမှမဖြစ်ဘူး။ ကိုယ် အဆင်ပြေတယ်။ ကိုယ်တို့ဒီည ဘုံဘုံလေးအတွက် ညီမလေးတစ်ယောက်ရအောင် ကြိုးစားလိုက်ရအောင်ကွာနော်။

ခွေးကောင်။

အွန့်
လွန်းခတ်၏ နှုတ်ခမ်းပါးလေးဆီက စကားသံတွေထပ်ထွက်မလာတော့အောင် ရှိုင်းဆက်က နှုတ်ခမ်းတွေဖြင့် ချိတ်ပိတ်လိုက်တော့၏။
နှစ်ယောက်ကြားမှာ စကားသံတွေတိတ်ဆိတ်သွားပြီး ထိုအစား  အနမ်းတွေသာဖလှယ်နေကြသည်။ ရှိုင်းဆက် လက်တွေက လွန်းခတ် ခန္ဓာကိုယ်တလျှောက် ပွတ်သတ်နေပြီး လွန်းခတ်ကတော့ ရှိုင်းဆက် လည်တိုင်ကိုဖက်တွယ်ထားသည်။

ညတွေနက်လာသည်နဲ့အမျှ အခန်းအတွင်းက လူနှစ်ယောက်သည်လည်း အချစ်ပင်လယ်ကြီးထဲသို့ မီးကုန်ယမ်းကုန် ကူးခတ်နေကြသည်။

ချစ်ရသူဆီက သူ့ကြောင့်ဖြစ်တည်လာတဲ့ ကျေနပ်ခြင်းအပြည့်နှင့် အသက်ရှုသံတွေပြင်းပြင်းတွေ၊ သူ့ကို တင်းကြပ်နေအောင် ဖက်တွယ်လာတဲ့ လက်တစ်စုံနှင့်အတူ ရီဝေဝေဖြစ်နေသော အကြည့်တွေကို ရှိုင်းဆက်နှစ်သက်သည်။ ခါးသိမ်သိမ်ကလေးကို ဆုပ်ကိုင်ကာ ဖြူဖွေးဖွေးကျောပြင်ပေါ်မှာ အမှတ်အသားတွေကိုဆေးခြယ်မိတော့ ဟိုတစ်ကွက်ဒီတကွက်ဖြင့် ဆေးရောင်ခြယ်ထားသလို လှပနေသည့် ကျောပြင်ဖွေးဖွေးလေးကိုကြည့်ပြီး စိတ်တွေပို၍ လှုပ်ရှားလာသည်။
ထိုအရာဟာ  သူ့တစ်ယောက်ထဲသာ မြင်တွေ့ခွင့်ရှိပြီး သူ့တစ်ယောက်ထဲအတွက်သာဖြစ်တည်နလာသည့် သိပ်လှတဲ့မြင်ကွင်းလေးတစ်ခုလည်းဖြစ်သည်။ နှစ်တွေကြာလာသည့်တိုင် လတ်ဆတ်နေမြဲဖြစ်သော ရင်ခုန်သံတွေနှင့်အတူ လက်တစ်စုံဟာလည်း ထပ်တူကျစွာပဲ  ဆုပ်ကိုင်ထားသည်။ ထပ်တူကျသွားခဲ့ရသည့် အနမ်းတွေနှင့်အတူ အသွေးအသားတို့ဟာလည်း ပေါင်းစည်းသွားခဲ့ကြလေသည်။

*****************************************************
ရှိုင်းဆက် ဘန်ကောက်သို့ရောက်နေတာ သုံးရက်မြောက်ရှိပြီ။ ညစဉ်ညတိုင်း သားနှင့်လွန်းခတ်ကို video call ခေါ်ကာအလွမ်းသည်ရသော်လည်း အလွမ်းဒဏ်ကမပြေပေ။

သုံးရက်ဆိုသည့် အချိန်လေးမှာတောင် ဖြစ်နိုင်လျှင် ရန်ကုန်သို့ အပြေးပြန်သွား ချင်လောက်အောင်အထိ အလွမ်းတွေဟာ နှိပ်စက်နေသည်။

ယနေ့ည၌ သူသည် စက်ရုံကိစ္စတွေကြောင့် တစ်နေကုန် အလုပ်များနေခဲ့ရပြီး Hotel ကိုပြန်ရောက်လာတော့ ည၁၁နာရီပင်ခွဲနေလေပြီ။

ပြန်ရောက်ရောက်ခြင်း သူ့မှာမနားနိုင် ဖုန်းကိုထုတ်လိုက်ပြီး လွန်းခတ်ဆီ video callခေါ်ဆို လိုက်သည်။

လွန်းခတ် ဘက်က ချက်ချင်းပင် ဖုန်းကိုင်လာသည်ကြောင့် ရှိုင်းဆက်ပျော်သွားရ၏။

လွန်း အိပ်နေပြီထင်တာ

မအိပ်သေးဘူး။ မင်းကိုစောင့်နေတာလေ။ သားကတော့အိပ်နေပြီ။

သူတို့အခန်းထဲမှာ သားအဖနှစ်ယောက်အတူအိပ်ကြသည်ထင်၏။ လွန်းခတ်က ဘေးမှာအိပ်ပျော်နေသော သားဘက်ကို ဖုန်းစကရင်လေးလှည့်ပေးပြီး ရှိုင်းဆက်ကိုပြသည်။

မင်းတို့ဆီမှာဆို ၁၁ခွဲရောပေါ့။ အပြန်နောက်ကျလှချည်လား။

ဟုတ်တယ်။ကိုယ် စက်ရုံဘက်ကနေ ခုနမှ ပြန်ရောက်လာတာ။ ကိုယ်တော့ ဒီမှာ တလလောက်ကြာသွားမယ်ထင်တယ်ကွာ။ စက်ရုံဘက်ကပြသာနာက ထင်သလောက်မလွယ်ဘူး။

ရှိုင်းဆက်က ရှပ်အကျီက နက်ကတိုင်ကို ဆွဲထုတ်ကာ ကုတင်ခေါင်းရင်းသို့ မှီထိုင်လာပြီး စိတ်ပျက်လက်ပျက်နှင့်ပြောလာသည်။

ပင်ပန်းနေမှာပဲ။ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ဦး။ အခုရော ညစာစားပြီးပြီလား။

တဖက်ကခေါင်းယမ်းပြသူကြောင့် လွန်းခတ်စိတ်မောရသည်။ အလုပ်အတွက်ဆို ထမင်းမေ့ဟင်းမေ့ နေတတ်လွန်းသည့်  ထိုသူ့ကြောင့်  အိမ်မှာရှိသည့် အချိန်တွေဆို သူကိုယ်တိုင်ပဲ အမြဲတစေဂရုတစိုက် ပြောဆိုလုပ်ကိုင် ပေးနေရသည်။

တစ်ခုခုစားလိုက်ဦး။ ပြီးရင် နားတော့လေ။ ငါဖုန်းချလိုက်တော့မယ်။

ခဏလေးပါကွာ။ ကိုယ်မင်းကိုတနေကုန်လွမ်းနေတာ။ ခဏလောက်မင်းမျက်နှာလေးကို ကြည့်ပါရစေဦး။

ဒီမှာတုန်းကနေ့တိုင်း တွေ့နေရတာပဲကို အဲ့ဒီမှာငါမရှိတုန်း တခြား မျက်စိပဒေသာလေးတွေသာ အဝ ကြည့်ထားစမ်းပါကွာ။

ကိုယ့်အတွက်တော့ မင်းလောက်ဘယ်သူကမှ မျက်စိပဒေတာ ဖြစ်မနေစေဘူး။

မင်း အဲ့လိုအပြောတွေနဲ့ပဲ ငါ့ကိုချုပ်နေလိုက် ။ ကဲ တော်ပြီး မင်းရေချိုးပြီး တစ်ခုခုစားပြီးမှအိပ်နော်။ ငါမရှိဘူးဆိုပြီး နေချင်သလိုမနေနဲ့။

ဟုတ်ပါပြီ ကိုယ့်ယောကျာ်းလေးရယ်။ကိုယ် မင်းကို အရမ်း လွမ်းတာပဲ လွန်း

အင်းပါ။ ကောင်းကောင်းအနားယူတော့ ငါ ပိတ်လိုက်တော့မယ်။ Bye

Bye လွန်း

Video Call ပြောပြီးသွားသောအခါ ရှိုင်းဆက်ရင်ထဲ မကောင်းပေ။ တခါမှ လွန်းခတ်နှင့် သားကို ခွဲဖူးတာမဟုတ်၍ သူ့အတွက်တော့ ခက်ခဲနေသည်။

တစ်လကြီးများတောင် ကိုယ်ဘယ်လိုများ နေရမလဲ လွန်းရယ်။

စိတ်ပျက်စွာငြီးငြူရင်း ကုတင်ပေါ်လှဲချလိုက်၏။ ထို့စဉ် တောင် ဆိုသည့် message နိုတီ အဝင် သံကြောင့် လက်ထဲက ဖုန်းကို မျက်နှာရှေ့ယူကာ ဖွင့်ကြည့်လိုက်သည်။

( ငါမှာတာတွေမမေ့နဲ့နော်။  ပြီးတော့ ငါလည်းမင်းကိုလွမ်းတယ်။ )

ထိုစာလေးဖတ်ပြီး ရှိုင်းဆက် ချက်ချင်းပင်ထထိုင်လိုက်ကာ  နှုတ်ခမ်းများကွေးညွှတ်သွားသည်အထိ ပြုံးသည်။ တခါတလေတော့လည်း လွန်းခတ်သည် ယခုလိုမျိုး ချစ်ဖို့ကောင်းတတ်သေးသည်။

ဘာလိုလိုနှင့်ပဲ  နှစ်ပတ်ကျော်ဆိုသည့် အချိန်သို့ရောက်လာခဲ့၏။
မကြာခင်အချိန်တွင်းမှာတော့  ရှိုင်းဆက်၏ အလုပ်ကိစ္စတွေဟာလည်း ပြီးပြတ်တော့မည်ဖြစ်သည်။

သူ စက်ရုံကနေ Hotelဆီ ပြန်ရောက်လာတော့ ည၈နာရီရှိနေပြီ။

Hotel ခန်းထဲဝင်ကာ ရေချိုးအဝတ်အစားလဲပြီးနောက်  ဝိုင်တစ်ခွက်သောက်ကာ လက်တော့ပ်တစ်လုံးနှင့်အလုပ်ရှုပ်နေစဉ် အခန်းတံခါးခေါက်သံကြောင့် ရှိုင်းဆက်တံခါးထ ဖွင့်ကြည့်လိုက်သည်။

ဒယ်ဒီ

တံခါးအပြင်မှာမြင်လိုက်ရသည့် မြင်ကွင်းနှင့် ထွက်ပေါ်လာသည့် အသံသေးသေးလေးက သူ့စိတ်ကို နွေးထွေးသွားစေပြီး တဆက်ထဲမှာပဲ အံ့အားသင့်သွားစေသည်။

ဘုံဘုံ

အခန်းထဲဝင်လာကြသည့်တိုင် ရှိုင်းဆက်က အံ့အားသင့်နေသေးသည်။

ဘယ်လိုလုပ်ပြီး

သားက မင်းကိုလွမ်းလို့ တဂျီဂျီသောင်းကျန်းနေတာလေ။ သားကျောင်းလည်း ခဏပိတ်ထားတော့ ငါတို့သားအဖ မင်းကို surprise လာလုပ်တာ။

ကိုယ်တကယ် အံ့သြသွားတာသိလား။ လွန်းက ကြိုလည်းမပြောထားတော့ ကိုယ်ဖြင့် လန့်တောင်သွားတယ်။

ထို့နောက် သူ့ပေါ်ပေါ်ထိုင်နေသည့် သားကိုယ်လေးကို သိမ်းကြုံးဖက်လိုက်ပြီး

လာပါဦးကွာ။ ဒယ်ဒီ့ဘေဘီလေး ဒယ်ဒီက ဘုံဘုံကိုတအားကြီး လွမ်းနေတာ။

ရှိုင်းဆက်သည် သားပါးနှစ်ဖက်လုံးကို အလှည့်ကျအနမ်းတွေဆက်တိုက်ပေးတော့သည်။

သားကလည်း ဒယ်ဒီကိုတအားလွမ်းနေတာ။

ဒယ်ဒီ့ကို အာဘွားပေးပါဦး။

သူ့ဒယ်ဒီစကားကြားသည်နှင့် ဘုံဘုံသည် သူ၏ လက်သေးသေးတွေဖြင့် ရှိုင်းဆက်မျက်နှာကို ကိုင်ကာ ပါးကိုတလှည့်ဆီအနမ်းပေးလာတော့သည်။
အလွမ်းသည်နေကြသော သားအဖနှစ်ယောက်ကိုကြည့်ပြီး လွန်းခတ်လည်း ပြုံးမိသည်။
သားက သူ့ဒယ်ဒီကို ဘယ်လောက်တောင်လွမ်းနေသလဲဆိုတာ သူအသိဆုံးလေ။ ရှိုင်းဆက် ဒီကိုရောက်နေကတည်းက ဒယ်ဒီဆီသွားဖို့ အမြဲဂျီကျနေတာဖြစ်သည်။

ညစာစားပြီးကြပြီလား။

သားကိုတော့ မင်းလက်ထောက်လေး ဒီကိုလာမပို့ခင် လမ်းမှာကျွေးခဲ့တယ်။

လွန်းရော မစားရသေးဘူးလား။

လွန်းခတ်ခေါင်းယမ်းလိုက်ပြီး သားကို သက်တောင့်သက်သာ ဖြစ်စေမည့် အဝတ်အစားတစ်စုံလဲပေးလိုက်သည်။

အတော်ပဲ ကိုယ်လည်း မစားရသေးဘူး။ ကိုယ် reception ကိုဖုန်းဆက်ပြီး တစ်ခုခုမှာလိုက်မယ်။

ရှိုင်းဆက် ချက်ချင်းပင် reception ကိုဖုန်းဆက်ပြီး သူတို့အတွက် ညစာအပြင် သားဗိုက်ဆာရင်စားဖို့ပါ မှာလိုက်သည်။

အခုချိန်ထိ ညစာမစားသေးဘဲ ဝိုင်သောက်နေတာလား။ ရှိုင်းဆက်အာဏာ

စောနကသူချထားသည့် ဝိုင်ခွက်ကို လွန်းခတ် တွေ့သွားပြီး သူ့အား အကြည့်စူးစူးတွေဖြင့် ကြည့်လာသည်။

အာ...အခုနက ကိုယ်အလုပ်လုပ်နေရင်း လူကနည်းနည်းပင်ပန်းလာလို့ပါကွာ။

လွန်းခတ်က ဘာမှမပြောတော့ပေမယ့် အကြည့်စူးစူးအပြင် မျက်စောင်းက ဒိုင်းခနဲရောက်လာသည်။ ထို့ နောက် အဝတ်အစားတစ်စုံထုတ်လာကာ ရေချိုးခန်းထဲဝင်သွားတော့သည်။

လွန်းခတ် ရေချိုးခန်းထဲဝင်သွားတော့မှ သူအသက်ခိုးရှုကာ သက်ပြင်းချလိုက်ပြီး ကုတင်ပေါ်မှာထိုင် ကစားနေသည့် သားဘေးနား ပြောင်းထိုင်ကာ စကားတွေပြောလိုက် သားကို ကျီစယ်လိုက်နှင့်သားအဖနှစ်ယောက် အလွမ်းသည်နေကြသည်။

လွန်းခတ် ရေချိုးခန်းထဲက ထွက်လာတော့သားကကုတင်ပေါ်မှာ အိပ်ပျော်နေပြီ။

နှစ်ယောက်သား ညစာစားပြီးတော့ ဟိုဟိုဒီဒီအကြောင်းတွေထိုင်ပြောဖြစ်ကြသေးသည်။ ပြီးတော့မှ  အိပ်ယာဝင်ကြသည်။

Hotel ကထားပေးထားတာ  နှစ်ယောက်အိပ်ကုတင်ဆိုသည့်တိုင် လူကြီးနှစ်ယောက်အပြင် ကလေးတစ်ယောက်ပါ ကောင်းကောင်းအိပ်နိုင်လောက်အောင်ထိ ကျယ်သည်။

သားကို အလယ်မှာထားပြီး သူတို့နှစ်ယောက်ကတော့ သား၏  ဘေး တဖက်တချက်စီ ဝင်လှဲလိုက်သည်။

သားက ကုတင်အနည်ငယ်လှုပ်သွား၍ထင် ဟိုလှိမ့်ဒီလှမ့်ဖြင့် ယောင်လာတော့ လွန်းခတ် သားရင်ဘတ်ကို ခပ်ဖြေးဖြေးပုတ်ကာ ပြန်သိပ့်ရသည်။

ဘာတွေအဲ့လောက်ကြည့်နေတာလဲ။ အိပ်တော့။

မအိပ်သေးဘဲ လွန်းခတ်ကိုသာ စိုက်ကြည့်နေသူကြောင့် လွန်းခတ် မျက်ခုံးပင့်ကာ ဆိုရသည်။

လွမ်းလို့လေ။ ကိုယ့်ယောကျာ်းမျက်နှာလေးကို အဝကြည့်နေတာ။

အဲ့ဒါဆိုလည်း တစ်ညလုံးအဝသာထိုင်ကြည့်နေတော့ ငါတော့အိပ်ပြီ။

လွန်းခတ် အိပ်မောကျသလိုရှိရာမှ သူ့ကျောပြင်ကခပ်နွေးနွေးအထိအတွေ့ကြောင့် အနောက်ကိုလှည့်ကြည့်မိတော့ ဘယ်အချိန်လောက်ကတည်းက နေရာတွေရွှေ့လိုက်သလဲမသိ သူ့ဘေးမှာလာအိပ်နေသည့် ရှိုင်းဆက်ကို တွေ့ရသည်။

ယခုအနေအထားက သူကအလယ်တွင်ရောက်သွား ဘုံဘုံနဲ့ ရှိုင်းဆက်ကသူ့ဘေးတစ်ဖက်စီတွင်အိပ်နေသည်။

လွန်းခတ်၏ ခါးကို ဖက်ထားရင်း လွန်းခတ်ဂုတ်နှင့် သူ့မျက်နှာကို အပ်ကာ ရှိုင်းဆက်က အိပ်ပျော်နေလေသည်။

လွန်းခတ်သည်လည်း ရှိုင်းဆက်၏ ရင်ခွင်ဘက်ပြန်လှည့်ကာ ရင်ခွင်ထဲတိုးဝင်ရင်း ပြန်လည်ဖက်တွယ်ထားလိုက်၏။

ထိုညလေးမှာတော့ လွန်ခဲ့တဲ့ရက်တွေအတွင်း အိပ်ရေးပျက်ခဲ့ရသည့် ညတွေအစား ရှိုင်းဆက်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့လေသည်။

ရှိုင်းဆက်ဘန်ကောက်ကအလုပ်ကိစ္စတွေပြီးသွားသည့် အချိန်မှာတော့ သူတို့မိသားစုလေး ရန်ကုန်ပြန်ခဲ့ကြသည်။
ဘုံဘုံလေးသည် ဘန်ကောက်မှာ နေရာစုံလျှောက်လည်ခဲ့ရ၍ အတော်ကလေးပျော်နေသည်။

ရန်ကုန်ပြန်ရောက်လာသည့်အခါ  နှစ်ဖက် အဖိုးအဖွားတွေအိမ်သွား
လည်တိုင်း ဘန်ကောက်မှာ သူလည်ပတ်ခဲ့သည့် နေရာတွေကို လုံးစေ့ပတ်စေ့ ပြောကာ ပြန်ကြွားတတ်သည်။

ရှိုင်းဆက်အလုပ်ကိစ္စသည်လည်း အဆင်ပြေသွားခဲ့ပြီဖြစ်၍ ကုမ္ပဏီ ကပုံမှန်တိုင်းပြန်လည်ပတ်နေပြီး ရှိုင်းဆက်အလုပ်ချိန်တွေလည်း ယခင်လောက်မများတော့ပေ။

မကြာတဲ့အချိန်းအတွင်းမှာပဲ မိုးဝသုန်သည်လည်း သမီးဦးလေးကို အောင်အောင်မြင်မြင်မွေးဖွားခဲ့သည်။

ရက်တွေလတွေ အလီလီပြောင်းလာလိုက်တာ ယခုဆို ဘုံဘုံလေး အသက်၅နှစ်ပင်ပြည့်သွားခဲ့လေပြီ။

****************************************************************
ဘန်ဂလိုထဲဝင်လိုက်သည်နှင့် ဦးစွာမြင်တွေ့ရသည်က ခြေထောက်အောက်မှာ ရှိနေသည့် မှန်အကြည်မှတဆင့် ပြာလဲ့လဲ့ရေပြင်၊ ထို့ အတူ ပင်လယ်လေအေးအေးလေးကိုလည်း ခံစားမိသည်။

လွန်းခတ် Luggage အိတ်ကို ချထားကာ ဘန်ဂလိုအတွင်းကနေ ရေပြင်ဆီ တိုက်ရိုက်သက်ဆင်းသွားနိုင်တဲ့ sliding glass door ကိုဖွင့်လိုက်သည်။

မျက်စိတစ်ဆုံးမြင်တွေ့ရသည်က ပြာလဲ့ကြည်လင်နေသော ပင်လယ်ရေများဖြစ်သည်။

ယခုအခါ၌ ရှိုင်းဆက်နှင့် လွန်းခတ်ရောက်နေသည့် နေရာလေးသည် Maldives ကမ်းခြေဖြစ်သည်။

နှစ်ယောက်ထဲ ခရီးသွားချင်သူကြီး၏ ဆန္ဒအတိုင်း Maldives ကမ်းခြေကို သူတို့ရောက်လာခဲ့ကြသည်။

လွန်းခတ်  ပင်လယ်လေကို အဝရှုသွင်းလိုက်သောအခါ စိတ်ထဲလန်းဆန်းသွားသလိုပင်။ အရှေ့ကိုသာ မျက်နှာမူထားပြီး
သူ့အာရုံအစုံဟာ ရှေ့ကပင်လယ်ထဲတွင်သာရှိနေသဖြင့်
အနောက်ကနေ သူ၏ ခါးကို ဖက်လာသည့် ရှိုင်းဆက်ကြောင့် လူက ဆက်ခနဲ့တုန်သွားရသည်။

သဘောကျလား။

လွန်းခတ် ခါးကို သိမ်းကြုံး ဖက်ထားပြီး ပခုံးပေါ်မေးလေးတင်ကာ မေးလာသူ။

အင်း သဘောကျတယ်။

ရှိုင်းဆက်က လွန်းခတ်၏ လည်တိုင်ကို နမ်းရှုပ်နေပြီး တချက်တချက်၌လည်း ကိုက်ဆွဲလာသည်ကြောင့် လွန်းခတ်ရုန်းလိုက်၏။
ရှိုင်းဆက်က အလွတ်မပေးဘဲ လွန်းခတ် ခန္ဓာကိုယ်လေးကို သူ့နှင့်မျက်နှာချင်းဆိုင်စေလိုက်ကာ ခါးကိုပြန်လည် ဆွဲယူပြီးဖက်ထားသည်။

လွှတ်စမ်းကွာ။

ဘာလို့လဲ။ ကိုယ်တို့အခု ဟန်းနီးမွန်း ထွက်လာတာလေ။

လွန်းခတ်နှုတ်ခမ်းတွေကို အတင်းအကျပ် နမ်းရှိုက်လာပြီး လွန်းခတ်ကိုယ်လေးကို ဆွဲဖက်ထားကာ အိပ်ယာပြင်ဆီသို့  တွန်းကာ ခေါ်လာသည်။

လွန်းခတ် တွန်းထုတ်သော်လည်း ရှိုင်းဆက်ကမမှုပေ။ ပို၍ တင်းကျပ်နေအောင် ခါးကိုထိန်းကိုင်ထားပြီး ကုတင်ပေါ်သို့ပစ်ချလိုက်၏။ ထို့ပြင် သူကိုယ်တိုင်ကပါ ကုတင်ပေါ်လှဲချလာပြီး လွန်းခတ်ကို အပေါ်မှ အုပ်မိုးလာသည်။

ရှိုင်းဆက်သည် သူ့ကို တွန်းထုတ်လာသော လွန်းခတ်၏
လက်နှစ်ဖက်ကို ဘေးသို့ တစ်ဖက်ဆီ ချုပ်ထားကာ နှုတ်ခမ်းတွေကို အငမ်းမရ နမ်းရှိုက်ပြန်သည်။

နှုတ်ခမ်းတွေကို နမ်းလို့ဝသွားတော့ လွန်းခတ်၏ လည်တိုင်ကို ကျီစယ်ပြန်သည်။

နေဦး။ သားကိုဖုန်းဆက်ရအုံးမယ်။

ထိုအခါမှ ရှိုင်းဆက်သည် မလွှတ်ချင်လွှတ်ချင်နှင့်လွှတ်ပေးလိုက်ရသည်။

ရှိုင်းဆက်လက်က လွတ်သည်နှင့် လွန်းခတ် ချက်ချင်းပင်ထထိုင်ကာ အိတ်ထဲက ဖုန်းကိုထုတ်လိုက်ပြီး မာလာ့ဖုန်းမှတဆင့် သားဆီ Video Call ခေါ်လိုက်သည်။

မာလာ ၊ သားရော

ရှိပါ့ ။ ခဏလေး အဖေနဲ့ ခြံထဲမှာကစားနေတယ်ထင်တယ်။ မာလာခေါ်ပေးမယ်နော်။

ခဏာအကြာ ဘုံဘုံကိုယ်လေးက ဖုန်းရှေ့ပေါ်လာသည်။

ပါပါး

ပါပါးသားလေး။ ဖိုးဖိုးကြီးနဲ့ ကစားနေတာလား။

ဟုတ်ပါပါး။ ပါပါး ဒယ်ဒီရော

ရှိပါ့။

ရှိုင်းဆက်သည်  ဘုံဘုံလေးမြင်အောင် လွန်းခတ်အနောက်သို့ ပြောင်းထိုင်လိုက်သည်။

ဘာစားပြီးပြီလဲ။ ဘုံဘုံလေး တီတီ့ကို မဆိုးရဘူးနော်။ ဖွားဖွားနဲ့ ဖိုးဖိုးကြီး စကားလည်း နားထောင်နော်။ လိမ်လိမ်မာမာနေနော် ပါပါး သားလေး။

စိတ်ချပါ ပါပါးရဲ့။

မာလာ သားကို သေချာဂရုစိုက်နော်။

အမလေး ကိုလွန်းခတ်ပိုင် ဒါကျုပ်တို့မြေးပါတော်။ ကျူပ်ရော မာလာရော သူ့အဖိုးရောရှိတယ်။ ဘုံဘုံကိုစိတ်မပူနဲ့ မင်းတို့သာ ပျော်အောင်နေကြ။

မေမေကလဲ သားကဘုံဘုံလေးနဲ့ တစ်ခါမှမခွဲဖူးလို့ကို

စိတ်ချပါ ကိုလွန်းရယ်။ မာလာသေချာဂရုစိုက်ပါ့မယ်။ ဘုံဘုံလေးက လိမ္မာပြီးသားပါနော်။

ဟုတ်တယ် ပါပါး သားကိုစိတ်မပူနဲ့နော်။

ဟုတ်ပါပြီ။အသဲတုံးလေးရယ်။

ဒယ်ဒီ

သားက လွန်းခတ်အနောက်က သူ့ဒယ်ဒီကို လှမ်းခေါ်လာသည်ကြောင့် လွန်းခတ် ခေါင်းလေး ရှောင်ပေးလိုက်သည်။

ဗျာ

ပါပါးကိုဂရုစိုက်နော်။

ဟုတ်ပါပြီဗျာ ။ သားကလည်း လိမ်လိမ်မာမာနေနော်။

ဟုတ်ကဲ့။ ပါပါး ပြန်လာရင် သားအတွက်လက်ဆောင်ဝယ်လာနော်။

ဝယ်လာပါ့မယ်ဗျာ။

မာလာအတွက်ရောနော် ကိုလွန်း။

ကလေးနှင့် အပြိုင် သူ့အတွက်ပါမှာနေသည့် ညီမတော်ကြောင့် လွန်းခတ် ရယ်လိုက်မိသည်။

ဒါပေါ့ ငါ့ညမအတွက်က မေ့စရာလား။

ထို့စဉ် ရှိုင်းဆက် မာမီ၏ မျက်နှာက ဖုန်းစကရင်မှာပေါ်လာပြီး

လွန်းရေ ဘုံဘုံကိုစိတ်ချ မင်းမေမေရော မာမီရောရှိတယ်။ သားတို့သာ စိတ်ချလက်ချနဲ့ပျော်အောင်လည်ခဲ့ကြ။

ဟုတ်ကဲ့ပါဗျာ ။

ထို့စဉ် ရှိုင်းဆက်က ဖုန်းကို သူ့လက်ထဲ ပြောင်းယူလိုက်၏။

မာမီပါရောက်နေတာလား။

အေး။ မင့်သားလေ ဖုန်းဆက်ခေါ်တာ။ သူ့တီတီမာလာက မုန့်ဟင်းခါး ချက် ကျွေးတယ်တဲ့ အဲ့ဒါ ဖိုးဖိုးနဲ့ ဖွားဖွားကိုပါ စားစေချင်လို့တဲ့တော်ရေ ။ ဖိုးဖိုးနဲ့ဖွားဖွားကတော့ သူ့အတွက် လမ်းကြုံ ရေခဲမုန့်ဝယ်လာပါတဲ့လေ။

ရှိုင်းဆတ် မာမီစကားကြားတော့ လွန်းခတ်ရော ရှိုင်းဆက်ပါရယ်မိသည်။ ဘုံဘုံ အလည်လေးကတော့ အဖေနှစ်ယောက်မရှိတုန်း အဖိုးအဖွားတွေကို မွှေနေပြီ။

ဘုံဘုံနော်။

ပါပါးကလည်း သားက လမ်းကြုံလို့မှာတာပါဗျာ။

အလည်လေး။ ဒါဆို ပါပါးဖုန်းချလိုက်တော့မယ်။ သားတို့မုန့်စားလိုက်ဦး။

တာတာ့ ပါပါး။ တာတာ့ ဒယ်ဒီ အာဘွား။

ဖုန်းချလိုက်သည်နှင့် လွန်းခတ်ရင်ထဲအနည်းငယ် ဝမ်းနည်းလာသလိုပင်။ သားနှင့်တခါမှ မခွဲဖူး၍ သားကိုသတိရလာသလို သားကိုပါမခေါ်လာရသည်ကိုစိတ်မကောင်းဖြစ်မိသည်။ ဖုန်းစကားပြောလိုက်ရသောအခါမှ ပိုလို့ပင် သတိရလာတော့သည်။

နောက်တစ်ခါကျရင် သားကိုပါခေါ်ပြီး ငါတို့မိသားစုလေးလာလည်ရအောင်။

ဟုတ်ပြီ။ နောက်တခါသားကိုပါခေါ်လာကြမယ်။

အခု ကိုယ်တို့ တစ်ခုခုသွားစားကြမယ်။ ပြီးရင် ရေကူးရအောင်

Maldives ကိုရောက်ပြီး နှစ်ရက်မြောက်သော ညတွင်ဖြစ်သည်။

နှစ်ယောက်သား ဝိုင်ကို ဇိမ်ခံသောက်နေရင်းDream bathtub ထဲရေစိမ်နေကြ၏။ ထို့အတူ  ညအခါမှာတောင် ကြည်လဲ့လဲ့ဖြစ်နေသည့် မျက်စိ အရှေ့က ပင်လယ်ပြင်ကြီးကိုလည်း ငေးမောနေမိသည်။

လွန်းခတ်သည် ရှိုင်းဆက် ရင်ခွင်ထဲ မှီထိုင်နေပြီး ရှိုင်းဆက်ရင်ဘတ်နှင့်  သူ၏ ကျောပြင်ဟာ ပူးကပ်နေသည်။

ယနေ့သည် ရှိုင်းဆက်အာဏာနှင့် လွန်းခတ်ပိုင်တို့၏ 7နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေးဖြစ်သည်။

လွန်ခဲ့သော တစ်နာရီခန့် အချိန်ကဖြစ်သည်။ ရှိုင်းဆက်နှင့်အတူ အပြင်ကိုလျှောက်လည်ပြီး Bungalow ကို ပြန်ရောက်တော့ Bungalow ထဲဝင်သည်နှင့် လွန်းခတ်မြင်လိုက်ရသည်က မွေ့ယာပေါ် မှာနှင်းဆီပွင့်ဖတ်များကြဲထားပြီး ကုတင်ရှေ့က Bathtub ဘေးပတ်လည်မှာလည်း အမွှေးဖယောင်းတိုင်များ ထွန်းထားသည်။ Bathtub ထဲတွင်လည်း ရေအပြည့်ဖြည့်ထားပြီး ထိုပေါ်တွင် နှင်းဆီပွင့်များကြဲထားသေးသည်။ ထပ်ပြီးBathtub ဘေးမှာ အသင့်ပြင်ဆင်ထားသည့် ဝိုင်တစ်ပုလင်းနှင့်အတူ ဖန်ခွက်နှစ်ခွက်အပါအဝင်အသီးအနှံထည့်ထားသည့် ပန်းကန်ကိုပါတွေ့ရသည်။

ထိုအရာတွေကို မြင်လိုက်ရသည်သောအခါ လွန်းခတ်အနည်းငယ် စိတ်လှုပ်ရှားသွာသည်ကိုတော့ မငြင်းဆန်ချင်ပါလေ။ လွန်းခတ်သည်
ရှိုင်းဆက် အနားတိုးကပ်ကာ လှမ်းဖက်လိုက်ပြီး ပြုံးကာလေသံတိုးတိုးလေးနှင့် ဆိုလိုက်သည်။

Happy 7th Anniversary နော် ရှိုင်းဆက်

ရှိုင်းဆက်သည် တအံ့တသြဖြစ်သွားသလို လွန်းခတ်ကို လက်မောင်းမှဆွဲကာ သူ၏ မျက်စိရှေ့သို ခန္ဓာကိုယ်ချင်း ခွာလိုက်၏။

လွန်း
ဘာလဲ ငါမမှတ်မိဘူးထင်နေတာမလား။

ရှိုင်းဆက် ခေါင်းညိတ်ပြတော့ လွန်းခတ်က မျက်လုံးလေးမှေးကြည့်ကာ မျက်စောင်းထိုးသည်။

မမှတ်မိစရာလား။ ဒီနေ့က မင်းနဲ့ ငါရဲ့ ၇နှဈပွညျ့  မင်္ဂလာနှစ်ပတ်လည်နေ့ပဲလေ

sorry ကိုယ်က မင်းမမှတ်မိဘူးထင်လိုက်မိတာ။

ထားပါတော့။ လာ ရေစိမ်ကြမယ်။

သို့နှင့်နှစ်ယောက်သား အဝတ်အစားတွေချွတ်ကာ Bathtub ထဲဝင်ထိုင်လိုက်ကြသည်။

ရှိုင်းဆက်

ဟင်

ဒီနှစ်တွေအတွင်း ငါက မင်းကို အလေးမထားသလိုဖြစ်ခဲ့တယ်မဟုတ်လား။

လွန်း

လွန်းခတ်သည် ရှိုင်းဆက် ရင်ခွင်ထဲ ပို၍ မှီချလိုက်ပြီး ရှိုင်းဆက်၏ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

ငါသိပါတယ်။ ငါ တခါတလေ မင်းအပေါ် အေးအေးစက်စက်ကြီးဖြစ်နေခဲ့တာကို ဒါပေမယ့် မင်းသိလား။ ငါ မင်းကို ချစ်တယ်။ ငါကအချစ်တွေကိုထုတ်မပြခဲ့တာပဲရှိမယ်။
မင်းငါ့ကို ချစ်တဲ့အချစ်တွေထက်မပိုခဲ့ရင်တောင် မလျှော့ဘူးဆိုတာတော့ မှတ်ထားပေးနော်။

သိတယ်။ ကိုယ်သိပါတယ်။ လွန်းက လွန်းရဲ့ ပုံစံတိုင်းပဲနေပါ။မင်းက အချစ်တွေထုတ်မပြတတ်ရင် ကိုယ်ဘက်က ပိုပြီးအချစ်တွေကို ထုတ်ပြပေးမယ်။ မင်း ကိုယ့်အနားမှာ ရှိနေတာနဲ့တင် ကိုယ်ကျေနပ်ပါပြီကွာ။ ဒါကြောင့် ဘာမှ လျှောက်မစဉ်းစားနဲ့တော့ ဟုတ်ပြီလား။

လွန်းခတ်သည် သူ၏ ခန္ဓာကိုယ်ကို ရှိုင်းဆက်နှင့် မျက်နှာချင်းဆိုင်သို့ ရွေ့လိုက်၏။ ရှိုင်းဆက်က လွန်းခတ် ကိုယ်လုံးလေးကို ဆွဲမကာ သူ့ပေါင်ပေါ် ခွထိုင်စေလိုက်သည်။

ငါဘယ်တုန်းကမှ နောင်တမရတဲ့ အရာနှစ်ခုရှိတယ်သိလား။ တစ်ခုက သားကိုမွေးဖွားခဲ့တာ ၊ နောက်တစ်ခုက မင်းကို ရှေးခယျြခဲ့တာ။ ဒီနှစ်တွေအတွင်း ငါ့ကို အများကြီး သည်းခံပေးပြီး ချစ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ရှိုင်းဆက်။
အမြဲတမ်းကျေးဇူးတင်နေခဲ့တာပါ။ တကယ့်ကိုစိတ်ရင်းနဲ့

ကိုယ်တို့ကြားမှ ဒါတွေပြောစရာလိုသေးလို့လား။ မင်းနဲ့ သားက ကိုယ့်ဘဝမှာဘယ်လောက်ထိအရေးပါလည်းဆိုတာ သိတယ်မလား။ ကိုယ့်ဘဝတစ်ခုလုံး သားနဲ့မင်းအနားမှာ နေခွင့်ရတာနဲ့တင်ကို ကျေးဇူးတင်လှပြီး မင်းကိုယ့်ကိုချစ်တယ်ဆိုတာ သိရတာနဲ့တင် ကိုယ်သေပျော်ပြီ သိရဲ့လား။ ကိုယ့်ယောကျာ်းလေးရဲ့။

ပြောရင်းပင် လွန်းခတ်၏ ပါးကို ဆွဲညှစ်ပြီး လွန်းခတ် ခါးလေးမှတဆင့် ဆွဲယူကာ သူ့ခန္ဓာကိုယ်နှင့်ပူးကပ်စေလိုက်ပြီး နဖူးချင်းထိကပ်စေသည်။

ချစ်တယ် လွန်း။ ကိုယ်မင်းကို အရမ်းချစ်တယ်။

ငါလည်းမင်းကိုချစ်တယ်။ ရှိုင်းဆက်

ထို့နောက် နှုတ်ခမ်းနှစ်စုံဟာ ထပ်တူကျသွားခဲ့သည်။ လွန်းခတ်ခါးကို ဖက်တွယ်ထားတဲ့ ရှိုင်းဆက် လက်တွေဟာပို၍တင်းကြပ် လာပြီး လွန်းခတ်သည်လည်း ရှိုင်းဆက် လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသည်။Bathtub ထဲရှိ ခန္ဓာကိုယ်နှစ်ခုမှာလည်း ကြားလေပင်မဝင်နိုင်လောက်အောင် အလွန်ပူးကပ်နေခဲ့သည်။

နှစ်တွေကြာလာသည့်တိုင်အောင် နှစ်ဦးသား ရင်ခုန်သံတွေဟာ လတ်ဆတ်နေမြဲဖြစ်ပြီး အနမ်းတွေဟာလည်း မက်မောဖွယ်အတိ ချိုမြန်နေဆဲပင်။

ကောင်းကင်ယံမှာ သာနေတဲ့လမင်းကြီးကိုလျစ်လျူရှု၍ ပင်လယ်လေအေးအေးတွေကို အံတု၍ အချစ် လေဟာပြင်ထဲသို့ မက်မက်မောမော လွှင့်မျောနေခဲ့ကြသည်။

အချစ်ဟာ တခါတရံတော့ နယူတန်၏ နိယာမလိုပဲ သက်ရောက်မှုတိုင်းအတွက် တန်ပြန်သက်ရောက်မှုရှိခဲ့သည်။

ပြီးပါပြီ။

23.10.2020
Maybel Nan

A/N

FIL ကို ပထမတခါ maybel နဲ့အတူ ongoing လိုက်ဖတ်ခဲ့ဖူးတဲ့ သူတွေအတွက် အခုပြန်တင်ပေးတာက အများကြီးမဟုတ်တောင် ကွာခြားသွားမယ်လို့ထင်ပါတယ်။ မနှစ်က စာရေးစနှစ်မှာ တင်ထားတာမို့  အရေးအသားအပိုင်းမှာ မရှင်းတာ မသဲကွဲခဲ့တာ အရေးသားမသေသပ်ခဲ့တာတွေအများကြီးပါ။ အခုတခေါက်မှာတော့ maybel အများကြီး ကြိုးစားပြင်ရေးထားပါတယ်။ ဖတ်ရတာ ပိုပြီးအဆင်ပြေလာမယ်လို့လဲ မျှော်လင့်ပါတယ်ရှင်။



𝙁𝙖𝙡𝙡𝙞𝙣𝙜 𝙄𝙣 𝙇𝙤𝙫𝙚 (Complete )Where stories live. Discover now