မိုးဝသုန်က အခန်းဖော်ကောင်မလေးတစ်ယောက်နဲ့အတူ ကန်တင်းကနေ အရင်ထွက်သွားတော့ လင်းမြတ်တစ်ယောက်သာ ကျန်နေခဲ့သည်။ လွန်းခတ်ကလည်း ကျောင်းကိုတောင်ရောက်မလာသေးပေ။သိပ်မကြာလိုက် ကန်တင်းသို့ ကိုထက်ရောက်လာေလသည်။
“ ကိုထက်...... ညနေ လင်းပြောတဲ့နေရာ သွားမယ်မလား။ “
မုန့်စားနေရင်းမှ ဆိုင်းမဆင့်ဗုံမဆင့် မေးလာသော
လင်းမြတ်စကားကို ကိုထက်က တွေဝေဟန်စဥ်းစားရင်း“ ဟို နှစ်ကောင်လိုက်ပါ့မလား။ ရှိုင်းဆက်က ပြသာနာမရှိပေမဲ့ လွန်းခတ်က “
“ စိတ်မပူနဲ့၊ လင်း တာဝန်ထား ။ “
“ ဟုတ်ပါပြီ။ လင်းလေး စာမေးပွဲကောင်းကောင်ဖြေခဲ့နော်။ “
ကိုထက်က လင်းမြတ်ရဲ့ ပါးကိုခပ်ဖြည်းဖြည်းဆွဲလိုက်သည်။
“ အင်း....ကိုထက်ရောပဲ ။ “
ကိုထက်ကပြုံးကာ ခေါင်းညိတ်ပြသည်။နောက်ဆုံးနေ့စာမေးပွဲမို့ စိတ်တွေပေါ့ပါးနေသည်။
ဒီနေ့ပြီးရင် ကျွတ်ပြီလွတ်ပြီပဲ။ အောင်မအောင်က နောက်မှ အရေးကြီးတာ စာကျက်စရာမလိုတော့ေပ။“ ဟိုနှစ်ကောင် အခုချိန်ထိကျောင်းမရောက်သေးဘူး “
“ ရှိုင်းဆက် ကို ကိုယ် လင်းဆီမလာခင် ဖုန်းဆက်မေးကြည့်တော့ လာနေပြီပြောတယ်။ “
လင်းမြတ်က လက်ထဲက နာရီကို ငုံ့ကြည့်လိုက်ပြီး
“ ကိုထက်.... လင်း တို့လည်း သွားရအောင်။ အခန်းထဲဝင်ရတော့မယ်လေ။ “
“ အင်း... သွားရအောင်လေ။ ဒါနဲ့ မိုးဝသူန်ကို မတွေ့ပါလား။ “
“ ကိုထက် မလာခင်လေးကပဲ အတန်းထဲကကောင်မလေးတစ်ယောက်နဲ့ ထွက်သွားတာ “
“ သြော် .... “
ကန်တင်းမှာ မှာစားထားသောစားစရာများ၏ ကျသင့်ငွေကိုရှင်းပြီး နှစ်ယောက်သား ဖြေဆိုရမည့် အတန်းစီသို့ ထွက်လာလိုက်ကြသည်။
စာမေးပွဲဖြေဆိုရန် ၅မိနစ်အလိုမှ ရှိုင်းဆက်နဲ့ လွန်းခတ် ကျောင်းကိုရောက်သည်။
ကျောင်းသားကတ် မေ့ခဲ့သူကြောင့် ကျောင်းကိုရောက်ခါနီးမှ အိမ်သို့ လှည့်ပြန် ခဲ့ရသည်။
လွန်းခတ်ပိုင်တစ်ယောက် သူ့အမှားပေမို့ ငြိမ်နေတာ ရှိုင်းဆက်ကြောင့်များသာ ကျောင်းနောက်ကျနေကြည့် ပြသာနာရှာလိုက်မယ့်ဖြစ်ခြင်း။