Ep(11)unicode

20.6K 1.4K 11
                                    

ထိုးကိုက်နေသည့် ခေါင်းနှင့်အတူ ရှိုင်းဆက် အိပ်ယာမှ နှိုးလာခဲ့သည်။ သူနှိုးလာတော့ ဘေးက သူ့လက်မောင်းတဖက်မှာခေါင်းအုံးပြီး ရင်ခံင်ထဲတိုးကာ အိပ်စက်နေသူလေး၏ ပါးပြင်တစ်ဖက်ကိုရှိုင်းဆက်လက်ကလေးဖြင့် အသာထိကြည့်လိုက်၏။ ထိုမှတဆင့် နှဖူးပေါ်ကဆံစကလေးတွေကို လက်နှင့်အသာတင်ပေးလိုက်ပြီး နဖူးလေးကို အမြတ်တနိုးအနမ်းတစ်ပွင့် ခြွေလိုက်တော့ ရင်ခွင်ထဲကကောင်လေးကအနည်းငယ်တွန့်လူးလာသည်။

မနက်ခင်းအိပ်ယာထချိန်မှာတောင် နီရဲစိုစွေးနေသော နှုတ်ခမ်းပါးလေးကို ဖိကပ်ရုံနမ်းရှိုက်လိုက်ပြီး သူကြည်နူးစွာပြုံးမိသည်။

သူ့အတွက်တော့ ယခုမနက်ခင်းလေးဟာ ယခင်နေ့တွေကထက် ပို၍အဓိပ်ပါယ်ရှိ​​ေန သလိုပင်။

အခုဆို မင်းက ကိုယ့်အပိုင်ဖြစ်သွားပြီ လွန်း။

သူ့စကားကို အိပ်မောကျနေသူ အနှီကောင်လေးကတော့မကြားနိုင်ပေ။

ညဦးယံအချိန်တွေတုန်းက ပုံရိပ်တွေကိုမြင်ယောင်လာတော့ သူစိတ်တွေပို၍ လှုပ်ရှားလာသည်။ ဒီလူသားလေးကို သူအမြဲပိုင်ဆိုင်ခွင့်ရချင်နေခဲ့တာပင်။

ရှိုင်းဆက် ရင်ခွင်ထဲအိပ်ပျော်နေသေးသောသူလေးကို ခေါင်းအုံးပေါ် အသာချပေးလိုက်ပြီး သူကတော့ အိပ်ယာမှထကာ ရေချိုးခန်းဆီဝင်လိုက်သည်။


အိပ်ယာနိုးနိုးချင်း ခံစားသိရှိရသည်က ဦးခေါင်းက အဆမတန်ကိုက်ခဲနေခြင်းပင်။ ထို့အတူ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အထိမခံနိုင်လောက်အောင်ပင် နာကျင်နေပြီး ထိုးကိုက်နေသည့် ခေါင်းကြောင့်လူက အိပ်ယာထထချင်း သေချင်စိတ်ပင်ပေါက်သွားသည်။

အုံပြီးကိုက်ခဲနေသည့်ခေါင်းကို သက်သာလိုသက်သာငြား သူသည် နားထင်ကိုလက်နှစ်ချောင်းဖြင့်ဖိကပ် နှိပ်နေမိသည်။

သို့သော် ထူးခြားမလာပေ။

ကုတင်ပေါ်သို့ဖြေညှင်းစွာ ထထိုင်လိုက်သောအခါမှ ခါးတစ်လျှောက် နာကျင်မှုက သိသာလှသည်။

𝙁𝙖𝙡𝙡𝙞𝙣𝙜 𝙄𝙣 𝙇𝙤𝙫𝙚 (Complete )Where stories live. Discover now