Part 2 (Unicode)

317 22 0
                                        

"အူဝဲ အူဝဲ"

မနက်အစောကြီးထငိုလိုက်တဲ့ကလေးသံကြောင့်Ohmလေး သူ့အခန်းထဲမှ သူ့Porနဲ့Maeအခန်းဆီသို့ပြေးလာလေသည်။

Ohmသူ့Porနဲ့Maeရဲ့အခန်းရှေ့မှာရပ်ကာ အခန်းတံခါးကိုအသားကုန်ထုနေလေတော့သည်။

Ohm: Por Mae ကလေးလေး ဘာလို့ငိုနေတာလဲ သားကိုတံခါးလာဖွင့်ပေးပါအုံး

တံခါးကိုအဆက်မပြတ်ထုရင်းအော်နေတဲ့သားကြောင့်Porတစ်ယောက်တံခါးထဖွင့်ပေးရလေတော့သည်။

Por: သားရယ် ဘာလို့တံခါးကိုအဲ့လောက်ထုနေရတာလဲ

အဖေဖြစ်သူ၏အမေးကိုမဖြေဘဲ ပုခက်ထဲကငိုနေတဲ့ကလေးလေးထံOhmပြေးသွားကာ ချီထားလိုက်လေသည်။

Ohm: Mae ကလေးကဘာလို့ဒီလေါက်ငိုနေရတာလဲ ထမင်းဆာလို့ဖြစ်မယ်နော်Mae ကလေးလေးကိုထမင်းကျွေးလိုက်ပါလားMaeရယ်

Mae: သားညီလေးကထမင်းစားလို့မရသေးဘူးလေ အရမ်းငယ်သေးတယ်

Ohm: ဒါဆိုဘယ်လိုလုပ်မလဲ ကလေးကအရမ်းငိုနေတာ သနားပါတယ်

Por: ကလေးကိုနို့တိုက်မှရမယ်ထင်တယ် ကလေးကနို့ဆာနေတဲ့ပုံဘဲ

Ohm: ဟုတ်လောက်တယ်Mae နို့တိုက်လိုက်ပါလား

Mae: သားကလဲ Maeကဘယ်လိုလုပ်ပီးနို့ထွက်တော့မှာလဲ သားတောင်5နှစ်ဖြစ်နေပီကို

Ohm: ဒါဆိုကလေးလေးက နို့မဆို့ရတော့ဘူးပေါ့ သနားပါတယ် အီးးးးးဟီးးးးး

ကလေးကိုသနားပါတယ်ဆိုပီး ငိုချလိုက်တဲ့Ohmကိုကြည့်ကာ အဖေနဲ့အမေဖြစ်သူမှာပြုံးစိစိဖြစ်နေကြလေရဲ့။

Por: သားရယ် မငိုပါနဲ့ သားရဲ့Maeကနို့မထွက်တော့ပေမယ့် ကလေးကိုနို့မှုန့်တော့ဖျော်တိုက်လို့ရပါတယ်

အဲ့တော့မှမျက်ရည်များကြားမှOhmသူ့Porကိုမော့်ကြည့်ကာ

Ohm: တကယ်လားpor

Por: တကယ်ပေါ့သားရဲ့ porသွားဖျော်ပေးမယ်နော်

Ohm: ဟုတ် por မြန်မြန်လေးဖျော်ပေးနော်

Por: ဟုတ်ပါပီဗျာ

Porထွက်သွားတော့Ohmသူ့လက်ထဲက ကလေးလေးကိုချီကာ ကြည့်မဝဖြစ်နေလေတော့သည်။

ကလေးရဲ့ကိုကိုWhere stories live. Discover now