Part 11 (Unicode)

205 14 0
                                        

Flukeတစ်ယောက် Ohmကိုစိတ်ကောက်ကာ  ခြံထဲကရေကန်ဘေးမှာသွားထိုင်နေလေသည်။Ohmလဲမယောင်မလည်နဲ့ Flukeနားကိုသွားကာထိုင်လိုက်လေသည်။

Ohm: ကလေး

Ohmခေါ်သော်လဲFlukeကပြန်မထူးဘဲနှုတ်ခမ်းဆူကာငြိမ်နေလေသည်။

Ohm: ကလေး ကလေးလို့

အဲ့တော့မှFluke Ohmကိုပြန်လှည့်ကြည့်ကာ

Fluke: ဘာလဲ ဘာလို့အဲ့လောက်ခေါ်နေတာလဲ

Ohm: ကလေးကရောကိုကိုခေါ်နေတာကိုဘာလို့ပြန်မထူးတာလဲ

Fluke: စိတ်ကောက်နေတဲ့သူကပြန်ထူးရမှာလား

Ohm: အော် အဲ့လိုလား 

Fluke: ဟုတ်တယ်အဲ့လိုဘဲ

သူ့ကိုမကြည့်တော့ဘဲ ရေကန်ကိုဘဲပြန်ကြည့်ပီးပြောနေတဲ့ Flukeရဲ့နှုတ်ခမ်းထော်ထော်လေးကိုကြည့်ကာ Ohmစိတ်ထဲမရိုးမရွဖြစ်လာလေသည်။

Ohm Flukeရဲ့နှုတ်ခမ်းရဲရဲလေးကိုဘဲအကြာကြီးစိုက်ကြည့်နေလေသည်။Flukeကတော့သူ့ကိုပြန်မချော့ရကောင်းလားဆိုပီး Ohmကိုကြည့်ပီးမျက်စောင်းထိုးလိုက်ကာ

Fluke: ခုထိမချော့သေးဘူးလား

Ohm: ဟင် အော် အင်း အင်း ဟုတ်သားဘဲ ကိုကိုကလေးကိုချော့ရအုံးမှာဘဲ

Fluke: လူကိုရှေ့မှာထားပီးစိတ်ကဘယ်ရောက်နေလို့ချော့ဖို့တောင်မေ့နေရတာလဲ ဘာလဲမတော်ရသေးတဲ့ချစ်သူကိုလွမ်းနေတာလား လွမ်းနေရင်လဲပြန်လိုက်တော့

Ohm: ဘယ်ကမတော်ရသေးတဲ့ချစ်သူလဲ

Fluke: ကျွန်တော့်ကိုမသိဘူးထင်နေတာလား အကုန်သိတယ်နော်

Ohm: ပြောတော့ကိုကိုနဲ့စကားတောင်မပြောချင်ဘူးဆိုပီး ဘယ်လိုဖြစ်လို့ကိုကို့အကြောင်းကိုသိနေရတာလဲ မှန်မှန်ပြောနော်ကလေး ကိုကို့အကြောင်းတွေPorနဲ့Maeဆီကစုံစမ်းထားတယ်မလား

Fluke: အမယ် ဘာလို့စုံစမ်းထားရမှာလဲ စိတ်ကူးတွေယဥ်မနေနဲ့

Ohm: ဒါဆိုဘယ်လိုသိတာလဲ

Fluke: ထပ်ပီးစပ်စုနေအုံးမှာလား ဒါဆိုအပြင်ပြန်သွားတော့မှာနော်

ကလေးရဲ့ကိုကိုWhere stories live. Discover now