Part 5 (Unicode)

252 17 0
                                        

ကားပေါ်ရောက်တော့ PorမှOhmကိုကြည့်ကာ

Por: Ohm ရန်ဖြစ်လာပြန်ပီလား

Ohm: ဟုတ်တယ်Por

Por: မင်းကိုငါရန်မဖြစ်ပါနဲ့လို့ဘယ်နှစ်ခါလောက်ပြောနေရအုံးမှာလဲ

Ohm: Por အိမ်ကိုမောင်းတော့ဗျာ သားဒဏ်
ရာတွေအရမ်းနာနေပီ

Porလဲဘာမှမပြောတော့ဘဲသက်ပြင်းချကာ အိမ်သို့ပြန်မောင်းလာလေတော့သည်။

Ohmကအရင်တုန်းကလိုမဟုတ်တော့ပေ။Flukeလေးကျောင်းစတက်ထဲက သူ့ညီကိုထိသမျှလူတိုင်းကိုသူငြိမ်မခံပါ။

ခုလဲသူ့ညီကိုထိလို့ရန်ဖြစ်လာတယ်ဆိုတာကိုPorသိနေတယ်လေ။ဒါပေမယ့် Por Flukeလေးကိုလဲအပြစ်မပြောရက်ပါ။

Porကားမှန်ကနေသူ့သားနှစ်ယောက်ကိုလှမ်းကြည့်လိုက်တော့ Flukeလေးကိုသူ့ကိုကိုရဲ့မျက်နှာကဒဏ်ရာများကိုကိုင်ကြည့်ကာငိုနေလေသည်။

Ohm: ကလေးဘာလို့ငိုနေတာလဲ မငိုနဲ့ ကလေးငိုတာကိုကိုမကြိုက်ဘူးနော်

Fluke: ကိုကိုအရမ်းနာနေလားဟင်

Ohm: နည်းနည်းပါ

Fluke: ကိုကိုကဘာလို့ရန်ဖြစ်ရတာလဲ ခုတော့ကိုကိုအထိုးခံလိုက်ရပီ

Ohm: ကလေးကိုသူတို့ပြောနေတာကို ကိုကိုကဘာလို့ငြိမ်နေရမှာလဲ

Fluke: အီးးးးဟီးးးးကလေးကြောင့်ကိုကိုအထိုးခံရတာ

Ohm: မငိုပါနဲ့ဆိုကလေးရယ် တိတ်တော့နော်

ငိုနေတဲ့Flukeလေးကိုပြန်ချော့နေတဲ့Ohmကိုကြည့်ကာ Porခေါင်းကိုသာရမ်းခါလိုက်ပါတော့သည်။

အိမ်ပြန်ရောက်တော့Maeကလဲပြာပြာသလဲဖြင့်

Mae: သား ရန်ဖြစ်လာပြန်ပီလား

Fluke: သားကြောင့်ဖြစ်ရတာပါMae

Ohm: ဆရာကမနက်ဖြန်မိဘတွေကိုခေါ်လာခဲ့တဲ့

Mae: မင်းအရင်တစ်ခါရန်ဖြစ်တုန်းက နောက်တစ်ခါရန်ထပ်ဖြစ်ရင်ကျောင်းပြောင်းရမယ်လို့ပြောထားတယ်မလား

Ohmလဲဘာမှမပြောဘဲငြိမ်နေလေသည်။

Por: ကဲ ဖြစ်ပီးတာကဖြစ်ပီးနေပီ မနက်ကျရင်ကျောင်းကိုလိုက်သွားဖို့ဘဲရှိတော့တယ် သားတို့လဲသွားနားကြတော့

ကလေးရဲ့ကိုကိုWhere stories live. Discover now