Part 6 (Unicode)

206 16 0
                                        

ဒေါက် ဒေါက် ဒေါက်

အပြင်ခေါက်လာတဲ့အခန်းတံခါးသံကို Flukeလစ်လျှူရှု့ကာ ကုတင်ပေါ်မှာငိုနေလေသည်။

Ohm: ကလေး ကိုကို့ကိုတံခါးလာဖွင့်ပေးပါအုံး ကလေး

အပြင်ကOhmဘယ်လောက်ဘဲအခန်းတံခါးကိုထုထု Flukeဖွင့်မပေးပေ။

Fluke: ကိုကိုက ကျွန်တော်နဲ့မနေချင်ဘူးမလား မလာနဲ့ ခေါ်လဲခေါ်မနေနဲ့ ဖွင့်မပေးဘူး

Ohm: အဲ့လိုမဟုတ်ဘူးလေ ကလေး တံခါး
ဖွင့်ပေးပါ

Porနဲ့MaeလဲOhmဆီကိုလျှောက်လာကြကာ

Por: သားညီလေးကိုခဏလောက်လွှတ်ထားလိုက်ပါ သူနောက်တော့သားရဲ့စေတနာတွေကိုမြင်လာမှာပါ

Ohm: ကလေးကသားကိုမုန်းတယ်တဲ့ အီးးးဟီးးး

ပြောနေရင်းနဲ့ငိုချလိုက်တဲ့ OhmကိုMaeဖက်ထားလိုက်ကာ

Mae: သားရယ် မငိုပါနဲ့ သားညီလေးကစိတ်ဆိုးတုန်းမို့လို့ပြောတာပါ သူသားကိုတကယ်မမုန်းပါဘူး

Por: ဟုတ််တယ်သား မိန်းမရေ သားကိုလိုအပ်တာလေးတွေထည့်ထားပေးလိုက် ငါလေယာဥ်လက်မှတ်ကြိုမှာထားလိုက်မယ်

Ohm: ဟင် သားကသွားရတော့မှာလား

Por: အင်း မနက်ဘဲသွားမယ်လေသားရယ် Porလိုက်ပို့မယ်နော် မဟုတ်ရင်သားကျောင်းစာတွေနောက်ကျကုန်လိမ့်မယ်

Ohm: သားကလေးကိုနှုတ်ဆက်ချင်သေးတယ်Por

Por: နှုတ်ဆက်ရမှာပါသားရယ် ခုတော့သားငယ်လေးကိုဒီတိုင်းဘဲခဏလွှတ်ထားလိုက်ပါ မနက်သားသွားမယ့်အချိန်ရောက်လို့မှအတွေ့မခံရင် Porကိုယ်တိုင်တွေ့ရအောင်စီစဥ်ပေးမယ်နော်

Mae: ဟုတ်တယ်သား ခုညတော့သားMaeတို့နဲ့ဘဲအိပ်လိုက်နော်

Ohmလဲစိတ်မပါဘဲခေါင်းညိမ့်ပြလိုက်လေသည်။

Mae: ကဲ လာ Maeတို့အခန်းထဲသွားကြမယ်

Ohmကတော့သူ့ရဲ့ကလေးရှိတဲ့အခန်းလေးကိုကြည့်ကာငိုပီးသူ့Porတို့နဲ့ပါသွားလေတော့သည်။

Ohmတစ်ညလုံးအိပ်မပျော်ပေ။ဟိုဘက်
လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့ငိုနေလေသည်။

ကလေးရဲ့ကိုကိုМесто, где живут истории. Откройте их для себя