Flukeဒီနေ့အစောကြီးထကာ ရေမိုးချိုးပီး ခေါင်းကိုသေသေချာချာဖီးကာပြင်ဆင်နေလေသည်။
Ohmကတော့ခုမှနိုးလာကာ မှန်ရှေ့မှာအပီအပြင်ကိုအလှပြင်နေတဲ့သူ့ရဲ့ကလေးကို
ကြည့်နေလေသည်။Ohm: ကလေး ဒီနေ့အစောကြီးနိုးနေပါလား
Fluke: ဟုတ်တယ်ကိုကို
Ohm: သွားစရာရှိလို့လား
Fluke: မရှိပါဘူး
Ohm: ဒါဆိုဘာလို့အဲ့လောက်ပြင်နေရတာတုန်း
Fluke: ဒီနေ့အိမ်ကိုကလေးရဲ့ဧည့်သည်တွေလာမှာလေ အဲ့တာကြောင့်နည်းနည်းပါးပါးပြင်ဆင်ထားတာပါ
Ohm: အော် ဒါနဲ့ဧည့်သည်တွေဆိုတာဘယ်သူတွေလဲ
Fluke: ဟာ ကိုကိုကလဲ မေးနေတာမပီးတော့ဘူးလား ထတော့ မျက်နှာသွားသစ် ရေသွားချိုးတော့ တော်ကြာကလေးရဲ့ကိုကိုက ညစ်ပတ်တယ်လို့သူများပြောတာမခံနိုင်ဘူးနော်
Ohm: အေးပါကွာ အေးပါ ခါတိုင်းဆိုညစ်ပတ်တဲ့သူကကလေးလေ
Fluke: ကိုကိုနော်🤨
Ohm: ဟားးးးဟားးးးးစတာပါကွာ ကလေးကိုသူများတွေကိုကို့ကြောင့်တော့ကဲ့ရဲ့မခံစေရပါဘူး ကိုကိုရေသွားချိုးတော့မယ်နော်
Fluke: ဟီးးးးးကိုကိုကလိမ္မာတယ်
Ohmလဲရေချိုးခန်းထဲဝင်သွားကာရေချိုးနေရင်းနဲ့
Ohm: ဧည့်သည်ကဘယ်သူမို့လို့ ကလေးကဒီလောက်ထိပြင်ဆင်နေရတာလဲမသိပါဘူး
Fluke: ကိုကိုရေ မပီးသေးဘူးလား မြန်မြန်လုပ်လေ
Ohm: ဟုတ်ပါပီဗျာ ပီးပါတော့မယ် ခဏဘဲစောင့်
Ohmတစ်ယောက်တွေးနေတဲ့အတွေးတွေကိုရပ်လိုက်ကာ ရေကိုမြန်မြန်ချိုးရပါတော့သည်။မဟုတ်ရင်သူ့ရဲ့ကလေးကနှုတ်ခမ်းကြီးဆူပီးစိတ်ကောက်တော့မှာကိုသူသိနေလို့လေ။
Ohmနဲ့Flukeရေမိုးချိုးပြင်ဆင်ပီးတော့အောက်သို့ဆင်းလာကြလေသည်။
Mae: သားငယ်လေး သားလေးပြင်ဆင်ခိုင်းထားတဲ့ဟင်းတွေရနေပီနော်
Fluke: Maeကချစ်စရာအကောင်းဆုံးဘဲ
Fluke Maeကိုပြေးဖက်လိုက်ကာ ပါးကိုနမ်းလိုက်လေသည်။

CZYTASZ
ကလေးရဲ့ကိုကို
Fanfictionသူချစ်နေတဲ့အချစ်ကိုလက်မခံနိုင်ဘဲငြင်းပယ်နေတဲ့ကောင်လေးနဲ့ ထိုကောင်လေးကိုရူးရူးမူးမူးချစ်နေမိတဲ့ကောင်လေးတစ်ယောက်အကြောင်း။