Part 18 (Unicode)

204 13 0
                                        

Ohmတစ်ယောက်နေ့ခင်းထဲကအိမ်ကနေထွက်လာခဲ့ပီး သူ့သူငယ်ချင်းBounဆီသွားနေနေလေသည်။

ညနေစောင်းတော့မှ

Ohm: Boun ငါသွားတော့မယ်နော်

Boun: ဘယ်ကိုသွားမှာလဲ ပြန်မလို့လား

Ohm: ငါမပြန်ချင်သေးဘူး Barသွားပီး အရက်သွားသောက်မလို့

Boun: မင်းဘာတွေစိတ်ညစ်နေတာလဲOhm ငါ့ဆီရောက်လာထဲကမျက်နှာကြီးကလဲဆူပုတ်နေတာဘဲ ခုလဲBarသွားပီးအရက်သွားသောက်အုံးမယ်တဲ့လား

Ohm: ငါစိတ်ညစ်လို့ပါကွာ

Boun: မင်းဘာတွေစိတ်ညစ်နေတာလဲ ငါ့ကိုပြောပြလို့ရတယ်နော်

Ohm: ငါပြောပြပါ့မယ် ငါရင်ဖွင့်ချင်နေတာကြာပီ ဘယ်သူ့ကိုပြောပြရမှန်းလဲမသိလို့

Boun: ငါ့ကိုပြော ငါနားထောင်ပေးမယ် ငါ့ကိုယုံတယ်မလား

Ohm: အင်း ငါမင်းကိုယုံပါတယ် မင်းကငါဒီ
မှာကျောင်းတက်ခဲ့ထဲက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းဘဲဟာ

Boun: အင်း ငါလဲမင်းကိုသူငယ်ချင်းတွေထဲမှာအခင်ဆုံးပါဘဲ

OhmလဲBounကိုသူခံစားနေရတာတွေအကုန်ပြောပြလိုက်လေသည်။

Ohm: မင်းငါ့ကိုအထင်သေးသွားပီလား ငါကငါ့ရဲ့ညီလေးကိုပြန်ချစ်နေတဲ့သူဆိုပီးတော့လေ

Boun: ဘာလို့အထင်သေးရမှာလဲ လူတိုင်းမှာချစ်ခွင့်ရှိပါတယ် ပီးတော့မင်းနဲ့မင်းရဲ့ညီလေးကညီအကိုအရင်းတွေမှမဟုတ်ကြတာ

Ohm: ဒါပေမယ့်သူကငါ့ကိုသူ့ရဲ့အကိုအရင်းလိုဘဲချစ်နေတာလေကွာ

Boun: သူလဲမင်းနဲ့သူကညီအကိုအရင်းမဟုတ်တာကိုသိချင်သိနေမှာပေါ့ မင်းကိုသူမချစ်ဘူးဆိုတာကိုမင်းကဘာလို့သေချာသိနေရတာလဲ

Ohm: ဒါဆိုငါဘာလုပ်သင့်လဲဟင်

Boun: မင်းသူ့ကိုဖွင့်ပြောလိုက်သင့်တယ်လို့ငါထင်တယ်

Ohm: ဒါပေမယ့် ငါမပြောရဲဘူးကွ

Boun: ဒီကိစ္စမှာမင်းစိတ်ကိုရှင်းရှင်းလင်းလင်းထားပီးသူ့ကိုပြောလိုက် အဲ့တာမှသူ့ရဲ့အဖြေကိုလဲမင်းသေသေချာချာသိရမှာ

ကလေးရဲ့ကိုကိုМесто, где живут истории. Откройте их для себя