Part 10 (Unicode)

212 14 0
                                        

မနေ့ကOhmစာမေးပွဲပီးလို့ ဒီနေ့Porတို့Maeတို့ဆီပြန်လာလေသည်။

Ohm: အင်း အိမ်မပြန်ခင် ကလေးကြိုက်တဲ့
မုန့်လေးတွေထပ်ဝယ်သွားရမယ် မဟုတ်ရင် အရင်လိုငါ့ကိုနှုတ်ခမ်းကြီးထော်ပီးစိတ်ကောက်နေမှဒုက္ခ

Ohmသူ့အတွေးနဲ့သူပြုံးနေကာ

Ohm: ကားဆရာ ဟိုရှေ့နားမှာခဏလောက်ရပ်ပေးပါလား

ကားဆရာရပ်ပေးတော့Ohmကားပေါ်မှဆင်းကာမုန့်များသွားဝယ်နေလေသည်။တကယ်တော့Ohmဒီနေ့ပြန်လာမယ်ဆိုတာကို ဘယ်သူ့ကိုမှသူကြိုမပြောထားဘူးလေ။

သူFlukeကိုအရမ်းတွေ့ချင်နေလို့သာချက်ချင်းပြန်လာခဲ့တာပါ။ Porနဲ့Maeကိုတော့စာမေးပွဲပီးလို့၂ရက်လောက်နေမှပြန်လာမယ် ပင်ပန်းနေလို့ ဟုပြောထားလေသည်။

Ohmဆိုင်ထဲမှာမုန့်ဝင်ဝယ်နေရင်းနဲ့ သူ့ဘေးနားမှာကောင်လေးနှစ်ယောက်မုန့်ဝယ်နေတာကိုအမှတ်မထင်ကြည့်မိလိုက်လေသည်။

ထိုကောင်လေးနှစ်ယောက်ကတော့သူကြည့်နေသည်ကိုသတိထားမိပုံပင်မရပါ။တစ်ယောက်နဲ့တစ်ယာက်စနောက်နေလေသည်။

သူတို့အချင်းချင်းစနောက်နေကြရင်းနဲ့ ကောင်လေးတစ်ယောက်ကတခြားကောင်လေးတစ်ယောက်ကိုတွန်းလိုက်လေသည်။

အတွန်းခံရတဲ့ကောင်လေးကအရှိန်မထိန်းနိုင်ဘဲလဲတော့မည်မှန်းOhmသိလိုက်သဖြင့် ထိုကောင်လေးကိုOhm​ထိန်းထားလိုက်လေသည်။

ခုဆိုရင်တော့ပက်လက်လန်ခါနီးဖြစ်နေတဲ့ကောင်လေးရဲ့ခါးကိုOhmကဖက်ထားလိုက်မိပီး ထိုကောင်လေးကလဲOhmရဲ့အင်္ကျီစကိုဆွဲထားလေသည်။

နှစ်ယောက်လုံးရဲ့မျက်နှာတွေကတော့အရမ်းကိုနီးကပ်နေကြလေရဲ့။Ohmကတော့ထိုကောင်လေးကိုသေချာစိုက်ကြည့်နေလေသည်။

ဖြူဖွေးနေတဲ့အသားအရည်ရှိတဲ့အပြင် မျက်လုံးကလဲဝိုင်းဝိုင်းလေး ပီးတော့နှာတံစင်းစင်းလေး ပါးဖောင်းဖောင်းနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ကောင်လေးဘဲလို့Ohmတွေးနေလေသည်။

ထိုကောင်လေးကလဲသူ့ကိုမျက်လုံးဝိုင်းလေးများဖြင့်စိုက်ကြည့်နေလေသည်။ထို့နောက်

ကလေးရဲ့ကိုကိုWhere stories live. Discover now