Part 15 (Unicode)

185 17 0
                                        

Flukeတစ်ယောက်လေလေးတစ်ချွန်ချွန်နဲ့ အိမ်ထဲပြန်ဝင်လာလေသည်။Flukeအိမ်ထဲရောက်တော့ Ohmကဆိုဖာပေါ်မှာထိုင်နေတာကိုတွေ့လိုက်သောကြောင့်

Fluke: အော် ကိုကိုတောင်ပြန်ရောက်နေပီလား

Ohm: အင်း ဟုတ်တယ်

Fluke: စောသားဘဲနော်

Flukeပြောပီးတာနဲ့အိမ်အပေါ်ထပ်ကိုတက်ရန်ပြင်လိုက်လေသည်။

Ohm: ကလေး ဒီကိုလာအုံး

Fluke: ဘာလဲကိုကို

Ohm: ဒီကိုလာအုံး ပြောစရာရှိတယ် မဟုတ်သေးပါဘူး မေးစရာရှိတယ်

FlukeလဲOhmဆီကိုလျှောက်လာပီး Ohmဘေးနားကိုဝင်ထိုင်လိုက်ကာ

Fluke: မေးလေ ဘာမေးမလို့လဲ

Ohm: ကလေးကိုကို ဖုန်းခေါ်တာလို့မကိုင်တာလဲ

Fluke: အော် ကိုကိုဖုန်းခေါ်ထားသေးတာလား

Flukeသူ့ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ကာဖွင့်ကြည့်လိုက်လေသည်။

Fluke: Wow ဟုတ်သားဘဲ Miss callတွေအများကြီးပါလား

Ohm: ခုမှသိတာလား

Fluke: ဟုတ်တယ်လေ ကလေးဖုန်းကိုအသံပိတ်ထားလိုက်မိလို့မသိလိုက်တာပါ ကိုကိုမေးမှာအဲ့တာလား ကလေးပင်ပန်းနေပီ သွားနားတော့မယ်နော်

ထသွားရန်ပြင်နေတဲ့Flukeရဲ့လက်ကိုOhmဆွဲထားလိုက်ကာ

Ohm: နေအုံး မေးစရာကျန်သေးတယ်

Fluke: ဘာလဲကိုကိုရာ မေးစရာကမကုန်နိုင်တော့ဘူးလား

Ohm: ဒီနေ့အပြင်ကိုဘယ်သူနဲ့သွားတာလဲ

Fluke: ဟော ကိုကိုကတော့ငယ်ငယ်လေးရှိသေးတယ် မေ့တတ်နေပီလား မနက်ကထဲကEarthနဲ့သွားမယ်လို့ပြောထားခဲ့တယ်လေ

Ohm: Earthနဲ့သွားတာသေချာလို့လား

Fluke: ဟုတ်ပါတယ်ဆိုကိုကိုရာ ဘာဖြစ်နေတာလဲ

Ohm: ဘာမှမဖြစ်ပါဘူး နားချင်ရင်သွားနားတော့လေ

Fluke: ဟုတ်ကိုကို

Flukeလဲအိမ်ပေါ်ထပ်ကိုတက်ကာအခန်းထဲကိုဝင်သွားလေတော့သည်။

Ohm: ဟူးးးကလေးနဲ့အဲ့ကောင်ကဘာတွေမို့လို့ ကလေးကငါ့ကိုတောင်လိမ်နေရတာလဲ မဖြစ်တော့ပါဘူး ငါကလေးကိုသေချာစောင့်ကြည့်မှရတော့မယ်

ကလေးရဲ့ကိုကိုWhere stories live. Discover now