Part 13 (Unicode)

184 15 0
                                        

Fluke: Earthရေ Earth

Earth: အော် Flukeပါလား လာလေ

Fluke: လာကိိုကို

Earth: ထိုင်ကြနော် ဟင် ဒီအကိုကမနေ့ကငါတို့နဲ့တွေ့ခဲ့တဲ့အကိုမလား

Fluke: အင်း ဟုတ်တယ်လေ

Earth: သူကဘယ်လိုလုပ်ပီးမင်းနဲ့ပါလာရတာလဲ

Fluke: သူကငါ့ကိုကိုလေ

Earth: ဘာ မင်းကိုကို ဟုတ်လား

Fluke: အင်း ဟုတ်တယ် ငါလဲအိမ်ပြန်ရောက်မှသိရတာ ဘယ်လိုလဲငါ့ကိုကိုချောတယ်မလား

Earth: ချောပါတယ်ကွာ

Fluke: ကိုကို ဒါကကလေးသူငယ်ချင်း Earthတဲ့ ငါ့ကိုကို့နာမည်ကOhmတဲ့မှတ်ထားကြ လမ်းမှာတွေ့ရင်လဲခေါ်ကြပေါ့

Earth: တွေ့ရတာဝမ်းသာပါတယ်P'Ohm

Ohm: ဝမ်းသာပါတယ်😊

Earth: ခဏထိုင်ကြအုံးနော် ငါအအေးသွားဖျော်ပေးမယ်

Ohm: နေပါစေညီလေးရယ် မယူပါနဲ့ အကိုတို့မသောက်တော့ပါဘူး

Earth: အားနာမနေပါနဲ့အကိုရယ် အကိုကသာအားနာနေတာ Flukeဆိုကျွန်တော့်အိမ်ကိုသူ့အိမ်လိုဘဲသဘောထားပီးနေနေတာ   ထိုင်နေနော် ကျွန်တော်အအေးသွားဖျော်ပေးမယ်

Earthလဲမီးဖိုခန်းထဲဝင်ကာ အအေးဖျော်နေလေသည်။

Ohm: ကလေးသူငယ်ချင်းကအချောလေးဘဲနော်

Fluke: ကလေးသူငယ်ချင်းပါဆိုမှချောရမှာပေါ့

Ohm: ဟားးးဟားးးးဟုတ်ပါပီဗျာ

Fluke: ဒါနဲ့ကိုကိုကEarthကိုသဘောကျနေလို့လား

Ohm: ဟာ ဒီကလေးကတော့ပေါက်ကရတွေပြောတော့မယ် ကိုကိုကမိန်းကလေးတွေဘဲစိတ်ဝင်စားတာပါ

Fluke: အော်......

အော်...ဟုသာပြောပီးငြိမ်ကျသွားတဲ့ကလေးကိုကြည့်ကာ

Ohm: ဘာဖြစ်လို့လဲကလေး

Fluke: ဘာမှမဖြစ်ပါဘူး ခေါင်းနည်းနည်းကိုက်သွားလို့ပါ

အဲ့အချိန်မှာEarthလဲထွက်လာကာ

Earth: ရပါပီဗျာ အေးအေးဆေးဆေးသောက်ကြနော်

ကလေးရဲ့ကိုကိုWhere stories live. Discover now