ဆေးရုံရောက်တော့ ဆရာဝန်ကFlukeလေးကိုစမ်းသပ်ပီး ဆေးတစ်လုံးအမြန်ထိုးပေးလိုက်လေသည်။
Por: ကလေးကဘာဖြစ်တာလဲDoctor
Doctor: ကလေးကမတည့်တဲ့အရာတစ်ခုခုစားမိလို့ အဲ့လိုဖြစ်သွားတာပါ သူဘာစားလိုက်မိလို့လဲ
Por: သူရေခဲမုန့်ဘဲစားတာပါDoctor
Mae: ကျွန်မသိပီ သားလေးကရေခဲမုန့်ထဲကမြေပဲကိုစားနေရင်းနဲ့အဲ့လိုဖြစ်သွားတာDoctor
Doctor: ဒါဆိုကလေးကမြေပဲနဲ့ဓာတ်မတည့်တာပါ နောက်ဆိုသူ့ကိုမြေပဲပါတာတွေလုံးဝကျွေးလို့မရပါဘူးနော် မဟုတ်ရင်သူ့အသက်အန္တာရယ်ပါထိခိုက်သွားနိုင်တယ် ခုတောင်ဆေးရုံရောက်တာစောသွားလို့ပေါ့ မဟုတ်ရင်မတွေးရဲစရာဘဲ
Ohm: ကလေးကဘာလို့ခုထိမနိုးသေးတာလဲDoctor
Doctor: သားညီလေးကသတိလစ်နေတာလေ ဘာမှစိတ်ပူမနေနဲ့နော် ညီလေးကခဏနေရင်နိုးလာတော့မှာ သားညီလေးကမြေပဲစားလိုက်လို့ခုလိုဖြစ်သွားတာပါ အဲ့တော့သားညီလေးမြေပဲနောက်မစားအောင်သားကြည့်နေနော်
Ohm: ဟုတ်ကဲ့
Doctorလဲခဏနေတော့တခြားလူနာဆီသွားကုနေလေသည်။Flukeလေးလဲ ခုတော့သတိရလာပီဖြစ်သည်။Flukeလေး သတိရရချင်းမှာပင်
Fluke: ကိုကို ကိုကို
Ohm: Porနဲ့Mae ကလေးသတိရလာပီ
Mae: သားလေး ဘယ်လိုနေသေးလဲဟင် သက်သာရဲ့လား
Fluke: အင်း သက်သာတယ်Mae
Ohm: ကလေးရယ် ကိုကိုလန့်သွားတာဘဲ
Fluke: ခရေးကြောင့်ကိုကိုလန့်သွားတာလား ခရေးတောင်းပန်ပါတယ်နော် ကိုကိုခရေးအနားကိုလာအုံး
OhmလဲFlukeလေးနားကိုတိုးသွားလေသည်။Flukeလေးလဲသူ့အကိုရဲ့ပါးကိုနမ်းလိုက်လေသည်။
Fluke: ကိုကို့ကိုစိတ်ပူအောင်လုပ်မိလို့ အာဘွားပေးပီးပြန်ချော့တာနော်
Ohm: ဟာ ကိုကို့ကလေးလေးကချစ်ဖို့ကောင်းလိုက်တာ
OhmလဲFlukeရဲ့ပါးဖောင်းဖောင်းလေးများကိုဆွဲဖျစ်နေလေတော့သည်။
Fluke: ဟာ ကိုကို ခရေးနာတယ်လေ
Ohm: ဟီးးးးSorryကလေး ကိုကိုအသည်းယားသွားလို့

YOU ARE READING
ကလေးရဲ့ကိုကို
Fanfictionသူချစ်နေတဲ့အချစ်ကိုလက်မခံနိုင်ဘဲငြင်းပယ်နေတဲ့ကောင်လေးနဲ့ ထိုကောင်လေးကိုရူးရူးမူးမူးချစ်နေမိတဲ့ကောင်လေးတစ်ယောက်အကြောင်း။