Part 20 (Final) (Unicode)

353 18 1
                                        

ဒီနေ့ Ohmနဲ့Flukeတို့ချစ်သူဖြစ်တာ၆လရှိနေပီဖြစ်သည်။ဒါပေမယ့်Ohmကခုထိသူနဲ့Flukeချစ်သူတွေဖြစ်နေပီဆိုတာကိုဘယ်သူ့ကိုမှပြောမပြပေ။Bounတစ်ယောက်ကလွဲလို့ပေါ့။

ခုလဲဆိုင်မှာOhmနဲ့Flukeထိုင်နေကြတုန်း Ohmသူငယ်ချင်းတစ်ယောက်ကလာနှုတ်ဆက်ရင်းFlukeကိုမေးတော့သူ့ညီလေးဟုသာဖြေလေသည်။

Flukeတကယ်ကိုစိတ်တိုနေပီဖြစ်သည်။မျက်နှာကလဲဆူပုတ်နေလေတော့သည်။ထိုလူပြန်ထွက်သွားတော့မှ

Fluke: ကိုကို ကလေးနဲ့ကိုကိုကခုထိညီအကိုတွေဘဲလား

Ohm: ကိုကိုတောင်းပန်ပါတယ် ကိုကို့ကိုအချိန်လေးပေးပါအုံးကလေးရယ်

Fluke: ပြောလိုက်ရင်အချိန်ပေးပါအုံး အချိန်ပေးပါအုံးနဲ့ ခုဆို၆လတောင်ရှိနေပီနော် ကလေးကိုဘယ်အချိန်အထိစောင့်နေစေချင်တာလဲ ဒါမှမဟုတ်ကိုကိုက ဒီတစ်သက်ဘယ်သူ့ကိုမှဖွင့်ပြောဖို့အစီအစဥ်မရှိတာလား

Ohm: ကလေး အဲ့လိုမဟုတ်ဘူးလေ

Fluke: အဲ့လိုမဟုတ်ရင်ဘယ်လိုလဲ ကိုကိုအပြင်လူတွေကိုတောင် ဒါကငါ့ချစ်သူပါဆိုပီးမပြောရဲတာ Porနဲ့Maeကို ကိုကိုဘယ်လိုရင်ဆိုင်ပီးဖွင့်ပြောမှာလဲ

Ohm: ကိုကိုတောင်းပန်ပါတယ်ကလေးရယ် ကိုကိုလဲဘယ်လိုပြောရမှန်းမသိလို့ပါ

Fluke: မသိဘူး ဟုတ်လား ခုထိမသိသေးဘူးပေါ့ ဟုတ်ပါတယ်လေ ကိုကို့လိုလူကဘယ်တော့မှသိလာမှာလဲမဟုတ်ဘူး

Flukeပြောပီးစိတ်ဆိုးကာထထွက်သွားလေတော့သည်။

Ohm: ကလေး ကလေး ဘယ်ကိုလဲ

Fluke: ဘယ်ကိုဘဲဖြစ်ဖြစ် လိုက်မလာနဲ့နော် လိုက်လာရင်ပိုဆိုးသွားလိမ့်မယ်

OhmလဲFlukeထပ်ပီးစိတ်ဆိုးမှာဆိုးသောကြောင့်လိုက်မသွားဘဲဆိုင်မှာကျန်ခဲ့လေသည်။

Ohm: ကလေးဘယ်မှသွားတာတော့မဟုတ်လောက်ပါဘူး Earthဆီသွားတာဘဲနေမှာပါ

🐭🐭🐭🐭🐭🐭🐭🐭🐭🐭🐭🐭🐭🐭

Fluke Earthဆီကိုသွားကာရင်ဖွင့်နေလေသည်။

Fluke: မင်းဘဲစဥ်းစားကြည့်ကွာ ခုထိငါနဲ့သူကချစ်သူတွေဆိုတာ ဘယ်သူ့ကိုမှပေးမသိသေးဘူး P'Bounတောင်ငါတို့ကိုချစ်သူဖြစ်အောင်ကူညီပေးလို့သိသွားတာ ကိုကိုအရမ်းလွန်နေပီ

ကလေးရဲ့ကိုကိုWhere stories live. Discover now