Me & He-1

5.3K 290 54
                                    

// Edited Version //

-Unicode-

တစ်ခုသော ညနေခင်းရဲ့ ဟန်မြစ်နံကမ်း ဘေးမှာပေါ့ ကျတော် မြစ်ဘေးနားက မြက်ခင်းပြင်ပေါ်မှာ သူ့ကိုထိုင်‌စောင့်နေမိလိုက်တယ်

လေပြေလေညင်းလေးတွေကလည်း တဖြူးဖြူး
သူ့အလာကိုစောင့်နေရင်း ရင်ထဲကလည်း ခံစားချက်မျိုးစုံကလည်း တလှပ်လှပ်နဲ့

ထိုအချိန် ကျတော့်ဆီ ပြေးလာတဲ့ သူ့ ကို
ကျတော် လှမ်း မြင်လိုက်တော့ ချက်ချင်းဆိုသလို ငေးမောကြည့်မိတယ်

လှရက်လိုက်တာဗျာ အဲ့ဒီလိုလည်း မဆိုရက်ဘူး သူက ယောင်္ကျားလေး တစ်ယောက်လေ

ဝိုင်းစက်နေတဲ့ မျက်လုံးတွေ
ရှည်လျားကော့စင်းနေတဲ့ မျက်တောင်
နှာခေါင်းပေါ်ကမှဲ့ လေးက အသည်းယားစရာ
ပွယောင်းနေတဲ့ ဆံနွယ်လေးတွေကို အသာကိုင်ကြည့်ရင် ပျော့ပျောင်းနေမှာ

ဒီလောက်တောင် အနှစ်နှစ်ဆယ်ကျော် နီးပါး
သူ့ဘေး နားမှာ တစ်ချိန်လုံးရှိနေခဲ့တဲ့ ကျတော် က ဘာကြောင့် ဒီလိုအရာတွေကို
မမြင်နိုင်ခဲ့ရပါလိမ့် တုံးလိုက်တဲ့ ကျတော်ဆိုတာ !

ထို့နောက် ကျတော် အမြတ်နိုးရဆုံးဖြစ်သည့် သူ့ရဲ့ အဖိုးတန်လှတဲ့ လေးထောင့်ဆန်သော အပြုံးချိုချိုလေးဖြင့် ကျတော့် ကိုများ ပြုံးပြလာလေ
မလားဟု တွေးနေမိသော်လည်း လက်တွေ့မှာတော့
.
.
.
.
.
.
.
.
.
.
.
.

ကျတော်ဆီကိုပြေးလာပြီး အားကြီးနဲ့ ကျတော့် ခေါင်းပေါ်ကို ပစ်ချလိုက်တဲ့ သုံးပိဿာချိန်လောက်လေးတဲ့ သူ့ရဲ့ လွယ်အိတ်

"ကင်ထယ်ယောင်း!!!!!!"

စိတ်တိုတိုနှင့် အော်ဟစ်လိုက်သော်လည်း
သူက ဘာမှမဖြစ်သလိုမျက်နှာဘေးနဲ့
ကျတော့်ကို နှိပ်စက်လိုက်ရလို့ဆိုပြီး ပြုံးမြဲပြုံးဆဲ

"ဟားးး ဘာဖြစ်တာလဲ လွယ်အိတ်ပေါ့ပေါ့လေး ခေါင်းပေါ်ကျသွားတာကို ဒီလောက်လေးတောင်
ခံနိုင်ရည်မရှိဘူးလား"

"နာတယ်...နာတာ‌ပေါ့ဟ မင်းလုပ်တဲ့အတိုင်း မင်းကို ငါပြန်လုပ်ပြရမလားပြော!"

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now