အပိုင်း(၅)

7.6K 963 147
                                    


တံတားပေါ်တွင် ပြေးနေရင်းမှ တေဇ မိုက်ခနဲ မိုက်ခနဲ ဖြစ်နေသည်မှာ လေးငါးခါရှိပြီ ။ တစ်ခါဖြစ်ရင် အရှိန်လျော့လိုက် နောက်တစ်ခါဖြစ်ရင် ထပ်ပြီး အရှိန်လျော့လိုက် နှင့် လမ်းလျှောက်သည့် နှုန်းသာသာပဲ ရှိတော့သည် ။ နောက်ဆုံးတစ်ခေါက် ထပ်ဖြစ်သည့်အချိန်တွင် လူက လုံးဝ မဟန်နိုင်တော့ ။Phဆက်ပြီး အိမ်ကိုလှမ်းခေါ်ရန်အလုပ် တေဇ ဘောင်းဘီအိတ်ထဲ phကလုံးဝမပါ ။ ကောင်းရော ဟု စိတ်ထဲက တွေးလိုက်ပြီး တံတားလက်ရန်းတိုင်ကို မှီကာ ခြေပစ်လက်ပြစ် ထိုင်နေလိုက်သည် ။ မျက်စိလည်း လုံးဝမဖွင့်နိုင်တော့ ။ ဒီနေ့မှ တံတားပေါ် လူသွားလူလာကလည်း ပြတ်လိုက်တာလေ ။

"ညီ... ညီ''
အော်ခေါ်နေသံ တစ်ခုကို ဝိုးတဝါး ကြားလိုက်ရသည် ။ မျက်စိကလည်း လုံးဝကို ဖွင့်နိုင်သော အခြေအနေ လုံးဝ မဟုတ် ။

"ညီ''
ယခုတစ်ခေါက် အသံသည် တော်တော်ကိုကျယ်သည်။ ခေါင်းထဲ တရိပ်ရိပ်နှင့် ကိုက်နေသည်က တစ်မျိုး ထို အော်ခေါ်နေသံက တစ်မျိုး ။ သို့သော်ငြား အသံကို အတိအကျ ရင်းနှီးနေသည် ။ ညီ ဟု ခေါ်သည်က အခန်းထဲမှ repeater ec ကိုဖြိုးနှင့် ဟိုအဖြူကောင်သာရှိသည်လေ ။ ဘယ်သူပါလိမ့်

တွေးနေရင်း တဗြတ်ဗြတ်နှင့် ပြေးလာသံ ကြားလိုက်ရသည် ။ တံတား တစ်ဖက်ခြမ်းမှ တေဇရှိရာဘက်သို့ ကူးလာသည်ပဲ ဖြစ်မည် ။

"ညီ .. ညီ ထနိုင်လား '' ပါးစပ်ကလည်း တစ်ညီညီနှင့်ရွတ်နေရင်း တေဇ ကိုယ်ကို လှုပ်နှိုးနေသည်။ အင်း.. ပန်းသီးစိမ်းနံ့လေး မွှေးလာတည်းက သိလိုက်သည် ။ အဖြူကောင်သာ ဖြစ်မည် ။ ရေလာတိုက်တုန်းက အနံ့ပါပဲ ။

"ညီ ... ညီရေ ထနိုင်လား ညီ''

"အင် ဟင် ''

"လေသံတောင် မဆက်တော့ပါလား ညီရယ် ... လာ ကိုယ်ပွေ့လိုက်မယ်နော် ''

"အင်းး'' မအင်း လို့လည်း မရ ။ တေဇ လုံးဝကို မဟန်နိုင်တော့အောင် အလွန်အမင်း အိပ်ချင်နေမိသည် ။ ၂စက္ကန့်လောက်သာ ခြားမည် ။ တေဇ ခန္တာကိုယ် လေထဲ မြောက်သွားသည် ။

...........

"ဟဲ့ ဟဲ့ ငါ့မြေး မျက်တောင်လေး လှုပ်လာသလိုပဲ ၊ ဟဲ့ လုပ်ကြပါအုန်း ဆရာဝန် .. ဆရာဝန် သွားခေါ်ကြ  ''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now