အပိုင်း(၉)

6.3K 780 37
                                    

အိမ်မှ ထွက်လာပြီးနောက် အကိုနှင့် ထိုင်ခဲ့သော ကမ်းနားမှ ထိုင်ခုံလေးတွင်ပင် ထိုင်နေဖြစ်သည် ။ အကိုနှင့် အတူရှိခဲ့ဖူးသော နေရာလေးတွင် အကို့ အငွေ့အသက်လေးဖြင့် နွေးထွေးလို နွေးထွေးငြား။

နာသည် ။ မိသားစုကို ရင်ထဲမှ စိမ့်၍ကို နာသည် ။ ငယ်စဥ်တည်းက ယခု အသက်အရွယ်ထိ ကိုယ့်ကို နားလည်ပေးနိုင်ဆုံးသော အဘွား ကိုယ်တိုင်မှပင် အိမ်ပေါ်က နှင်ချသည်တဲ့ ။ မားနှင့်ပါးများ ဆွဲ ထားလေမလား ဟူသည့် မျှော်လင့်ချက်သည် မား၏ ငူငူငိုင်ငိုင် အကြည့်များနှင့် ပါး၏ရွံရှာစက်ဆုပ်သည့် အကြည့်များကြား ကြက်ပျောက်ငှက်ပျောက် ။

"ကလေး ''

ဟင်.. ဒါ..ဒါ အကို့အသံ ။

" ကိုယ် အရမ်းစိတ်ပူနေတာ "

လှည့်ကြည့်မည် အလုပ် အနောက်မှ သိမ်းကြုံး ဖက်လိုက်သော ရင်ငွေ့နွေးနွေးကြောင့် တေဇ မျက်ရည်များက တားမရဆီးမရ ။  တင်းထားခဲ့သော စိတ်များသည် မျက်ရည်များအဖြစ် ပြောင်းလဲလာသလို ။

"ကလေး ငိုလိုက် ၊ ဘယ်သူမှ မမြင်တာမို့.. ငိုသာငိုချလိုက်နော် '' ဟုဆိုကာ တေဇ ကျောပြင်ကို ကိုတိုး၍ ဖက်လာသည် ။

ငိုသည် ။ ငိုစရာ မျက်ရည် မကျန်လောက်တော့သည် အထိ ငိုသည် ။ မျက်လုံးများ ဖောင်းအစ် ရောင်ရဲလာသည်အထိ အားရပါးရ ငိုပြီးနောက်

" ဒီကို ဘယ်လိုရောက်လာတာလဲ''

တေဇ စကားအဆုံး ဖက်ထားသော အကို့လက်တို့ လျော့ရဲလာပြီး တေဇဘေးတွင် ဝင်ထိုင်သည် ။ ထို့နောက် တေဇမျက်နှာကို စေ့စေ့ကြည့်ရင်းမှ

" ဘရဏီ phဆက်တာလေ ။ ကလေး အိမ်က ထွက်သွားတယ် ဆိုပြီး ၊ ကိုယ်လည်း ဘယ်ကို လိုက်ရှာရမှန်းမသိလို့ တံတားပေါ် အရင် ရောက်သွားသေးတယ် ၊ ကလေးကို ရှာမတွေ့လို့ ဘရဏီ့ဆီ phထပ်ဆက်ပြီး မေးရသေးတယ် ၊ ကလေးသူငယ်ချင်းက ဘယ်မှာ နေလဲလို့ ၊ နယ်ကဆိုတာနဲ့ ကိုယ်လည်း ဒီကိုပဲ ထင်​လို့ လာရှာကြည့်တာ ''

" အင်းပါ ၊ မှောင်နေပြီ ပြန်တော့လေ ''

" ကလေး ငိုပြီးရင် ပြန်​​ကြမယ်လေ ''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now