အပိုင်း(၃၀)

4.7K 421 29
                                    

တေဇ မနက်ခင်း အိပ်ရာနိုးချိန်တွင်  သူရိန်က ကုတင်ခြေရင်းတွင် ကားယားကြီး အိပ်နေသည် ။ညက သူရိန် ချွဲထားသည်ကြောင့် ဖာသိဖာသာပဲ တေဇမှာ မနေနိုင် ။ ထိုသည်ကြောင့်  အလိုလိုက်ပေးဖို့ရာ တေဇ စဥ်းစားနေတုန်း ကုတင်ပေါ်တွင် လှိမ့်နေပြန်သော သူရိန် ။ တေဇ လှမ်းဆွဲဖို့အလုပ်

"ဖုတ်''
"အ့....နာလိုက်တာကွာ ။ တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ။ ချိီး...''

ညည်းညူပြီးနောက် ကြမ်းပြင်ပေါ်တွင် ကွေးကွေးလေး ဆက််အိပ်နေပြန်သည် ။

"ကို...ထတော့လေ ။ ပါကေးပေါ် အေးစက်စက်နဲ့ကို''

"အင်း...အေးတယ် ။ လာဖက်ပေးထား''

"ဟမ်..ကုတင်ပေါ်ပြန်တက်လေ''

"မရဘူး။ ဒီမှာပဲ အိပ်မယ်။ လာ..ဖက်ပေး''

"ဟာ..ကိုကလည်းဗျာ။ ကြမ်းပေါ် မအိပ်ချင်ပါဘူး''

"မောင် ပဲ ညတုန်းက မနက်ဖြန် တစ်ရက်လုံး
အလိုလိုက်ပါ့မယ်ဆို။ ဘာလဲ..လိုချင်တာရတော့
အဲ့လိုလား''

"ကျစ်..မညစ်နဲ့ဗျာ''

"အေးလေ။ ငါ ညစ်တယ် ဆိုလည်း ထားပါတော့။ အဲ့တာဆို မောင့်ကတိ မောင်မတည်ဘူးဆိုတော့.. အချိုတည်းခွင့် သုံး.... ''

"လာပြီ။ လာပြီဗျာ။ ခု လာပြီ ''

တေဇလည်း ပါကေး အေးစက်စက်ကြီးအပေါ်လှဲချလိုက်ပြီး သူရိန့်ကို ဖက်ထားပေးလိုက်သည်။
ဒါ ..ဒင်း.. သက်သက် ညစ်တာ ။

" မောင် မရတော့ဘူး။ အေးကိုက်နေတာပဲ ။
မောင် အအေးမခံနိုင်ဘူးလေဗျာ ''

"အဲ့တာဆို... ကိုယ့်ကို ကုတင်ပေါ် ချီတင်''

"ကို...အဲ့လောက်ထိတော့ မဟုတ်လောက်ဘူးထင်တာပဲ''

တေဇ မျက်စောင်းထိုးပြီး အပြော

"ဘာကို မဟုတ်တာလဲ'' ပြုံးစိစိနှင့် သူရိန်က ပြန်ကွန့်သည် ။

"ဒီကုတင်ပေါ်ထိ တက်မရလောက်အောင် မနာလောက်ဘူးလို့''

"အဲ့တာဆို နှစ်ခါလောက် bထိုင်ကြည့်လေလို့ ။ နာလား မနာလား သိရအောင်''

"မထိုင်ဘူး''

"အဲ့တာဆို ချီပြီးတင်''

"လာ..တင်ပေးမယ်''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now