ဇာတ်သိမ်းပိုင်း

8.7K 483 62
                                    

လိင်တူချင်း လက်ထပ်ခွင့် မရှိသည့် နိုင်ငံတွင် နေရသည်မို့ ဘိုးဘွားရိပ်သာတွင်သာ အလှူသဘောမျိုး အကျဥ်းရုံး လိုက်ရသည် ။ အဘိုးအဘွားများ၏ ဆုမွန် ခြွေသံကြားတော့ တစ်မိသားစုလုံး စိတ်မကောင်း ။ ရင်ထဲ ဟာတာတာ ။ ဘွားဘွားကြီးက ရွယ်တူ အဘိုးအဘွားများနှင့် စကား လက်ဆုံကျနေပြီး မားက အဘိုး အဘွားများကိုကြည့်ကာ မျက်ရည်များ ဝေ့သီနေသည်။

ဘိုးဘွားရိပ်သာတွင် လှူပြီး အိမ်ပြန်ရောက်သော်လည်း တေဇ မနားရ ။ လမ်းဘေးခွေးများကိုလည်း အစာကျွေးချင်ပါသည် ဆိုသော သူရိန့် ဆန္ဒကို ဖြည့်ပေးဖို့ရာ မိုးပြဲဒယ်နှင့် ကြက်ရိုး ၊ အသား နှင့် အသဲများကို ပြုတ်ရပြန်သည် ။ သူရိန် က ကျွေးသာ ကျွေးချင်သည် ။ သားစိမ်း ငါးစိမ်းနံ့ မခံနိုင်ပါဆိုကာ အိမ်တွင်းအောင်းနေသည်မို့ အစစ အရာရာ တေဇခြေ တေဇလက် ။

ခွေးစာကျွေးနေစဥ်လည်း နှုတ်မှ တဖွဖွ ရွတ်နေပြန်သေးသည်က

"လမ်းဘေးခွေးလေးတွေ သနားပါတယ် ။​ ​နေ့ တိုင်း ဘယ်လို ရှာဖွေစားနေလဲ မသ်ိဘူး''

ခွေးစာကျွေးပြီး အိမ်ပြန်လာသည့် လမ်းတွင် ကန်လည်ရွှေဟင်္သါ  ဘုရားရှေ့ ကားရပ်ခိုင်းပြီး ငါးစာဝင် ကျွေးပြန်သည်ကို တေဇ မငြိုငြင်ရက် ။

သို့သော်လည်း ဗိုက်ဆာလာသောကြောင့် ကားပေါ်တက်ရင်း တစ်ချက် ငြီးပြလိုက်ရသည် ။

" ကိုသူရိန်မင်းမြတ် ရေ.. ကျွန်တော်မျိုး  ခုထိ နေ့လည်စာ မစားရသေးဘူးနော်''

" ဘာစားချင်လဲ ။ ဒီနေ့က မားတို့လည်း ဘာမှ ချက်မှာ မဟုတ်ဘူး''

"မသိပါဘူး...ဘာစားရမှန်း ...အာ..သိပြီ ။ မွတ်တားလေး ပလာတာ စားမယ်လေ ။ ဆိုင်မှာ ရပ်လိုက်မယ်နော် ။ ကိုလည်း စားမယ်မလား''

"အင်း..စားမယ်''

ပလာတာစားပြီး အိမ်ကို ပြန်သည့် လမ်းတွင်
ကိုကိုကြီးနှင့် တူသော လူတစ်ယောက် လိုင်းကား ပေါ် တက်သွားသည်ကို သူရိန် လှမ်းမြင်လိုက်၍

"မောင်...ဟိုမှာ..မြင်လိုက်လား...ကိုကိုကြီးလား
မသိဘူးနော် ။ အရမ်းတူတာပဲ....လိုက်ကြည့်ရ အောင်''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now