အပိုင်း(၁၁)

6.2K 720 27
                                    

ညက စောအိပ်လိုက်သည်မို့ အကို အိပ်ရာ မနိုးခင် တေဇ အိပ်ရာ စောနိုးလာသည် ။ ထိုသည်ကြောင့် မျက်နှာသစ် ၊ ရေမိုးချိုးပြီးနောက် အန်တီမိကို ကူညီပေးရန် အောက်ထပ်သို့ ဆင်းအလာ

" ဟယ် သားလေး မနက်အစောကြီး နိုးနေတာလား ''

" ဟုတ် အန်တီမိကို ကူပေးဖို့ ဆင်းလာတာ ''

" ရပါတယ် သားရယ် .. အေးဆေးနေလည်း ရတာပဲ ။ အန်တီမိက လုပ်နေကြပါ ခုလည်း အကုန် ပြင်ထားပြီ ''

" ဟင် ခုမှ ၇နာရီပဲရှိသေးတာ ၊ အန်တီမိက မြန်လိုက်တာ ''

" ဟုတ်တယ် သားရဲ့ ...၊ ဆရာက မနက်တိုင်း စောစော လမ်းထလျှောက်တယ် ​ပြန်လာတာနဲ့ ရေမိုးချိုးပြီး မနက်စာ တန်းစားရော ''

" အော် ဒါဆို ဦးက ပြန်လာတော့မှာပေါ့ ''

" ပြန်တောင်ရောက်နေပြီ သားရဲ့ ၊ ခု ရေသွားချိုးတယ် '' ဟုဆိုကာ အန်တီမိက ပြုံးရင်း ဆိုလာသည်။

" ဟုတ်လား ဒါဆို သား အခန်းထဲ ပြန်သွားလိုက်အုန်းမယ် ။ အကို့ကို သွားနှိုးထားမလို့ ''

" ဟုတ်ပြီ သား... သွားသွား ''

တေဇ အခန်းထဲသို့ ပြန်ရောက်ချိန်တွင် အကိုက ရေချိုးခန်းပင် ဝင်နေပြီ ။ အကိုတို့ တစ်အိမ်လုံးတွင် ယောက်ျားသား များသော်ငြား မနက် စောစောထတက်သည့် အကျင့်ရှိကြသည် ။ တေဇလို ငပျင်းနဲ့ တွေ့ကြပြီပေါ့လေ ။

" ခုနက ဘယ်သွားနေတာလဲ ''
အကို ရေချိုးခန်းထဲက ထွက်လာပြီးနောက် မျက်မှောင်ကြုတ်၍ ဆိုလာသည်။

" အန်တီမိကို ဘာကူညီစရာရှိမလဲ သွားမေးတာပါ ''

" ဘာမှ ကူညီစရာမလိုဘူး ကိုယ်..မင်းကို အိမ်ခေါ်လာတာက အေးချမ်းတဲ့ ဘဝတစ်ခုကို အတူတူ တည်ဆောက်ချင်လို့ ၊ ခိုင်းစားဖို့ မဟုတ်ဘူး ''

" ဟုတ်ပါပြီ အကိုရယ် လာ.. အင်္ကျီကြယ်စိ တပ်ပေးမယ် မျက်နှာကြီးကို ဆူပုတ်မနေနဲ့ ။ နောက် ကျွန်တော် အလုပ်လုပ်တာ မကြိုက်ရင် မလုပ်တော့ဘူးနော် စိတ်မဆိုးနဲ့တော့ ''

"အင်းပါ... ဗိုက်ဆာနေပြီမလား မနက်စာ သွားစားရအောင်''

"ဟုတ် "

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now