အပိုင်း(၂၄)

4.5K 458 11
                                    

တေဇတို့ လေးယောက်၏ စုပေါင်းစပ်ပေါင်း pet shopလေး ဖွင့်ခဲ့သည်မှာ အချိန်ကာလ တစ်ပတ်ကျော်မျှ ကြာခဲ့ပြီ ဖြစ်သည် ။  ဘရဏီသည်လည်း တစ်ပတ်ကျော်သည်ထိ အဆင်ပြေပုံမပေါ် ။ တေဇနှင့် သူရိန်လည်း ဘေးမှ ရပ်ကြည့်ရုံမှလွဲ မည်သို့ ကူညီရမည်မှန်းမသိ ။  သတိလစ်ပြီးသည့် နောက်ပိုင်း ဘရဏီ ထပ်မံ၍ စိတ်ဆင်းရဲရမည် စိုး၍ တေဇတို့လည်း သတင်းပေးသူ အမျိုးသမီးအကြောင်းအား မမေးမိ ။ လက်ရှိတွင် ဘရဏီသည် ခန္တာကိုယ် အလေးချိန် သိသိသာသာ ကျဆင်းပြီး မျက်တွင်း ဟောက်ပက်နှင့် ဖြစ်နေသည် ။အစာမစား အလှလည်း မပြင်တော့ ။

ယခင်က ရှမ်းကောချက်သည့် အချိန်များတွင်ပင်  ကြွကြွရွရွလေးနေသည့် ဘရဏီက ယခုလို ပုံစံဖြစ်နေသည်မှာ အလွန်အမင်း စိတ်ဓာတ် ဂျုန်းဂျုန်းကျနေကြောင်း မြင်ရုံနှင့် သိနိုင်သည် ။

"ဘရဏီ''

ခေါ်သံ ကြားရ၍ တစ်နေရာကို စိုက်ကြည့်နေသည့် ဘရဏီ့ မျက်လုံးနှစ်လုံးက တေဇကို လှန်ကြည့်လာသည် ။

"ဟင်''

"နင်.. အဆင်ပြေရဲ့လား''

"ငါ့ ပုံစံက အဆင်ပြေပုံ ပေါ်လို့လား ..ကိုကိုလေးရယ် ''

"ငါ နင့်ကို ဘာလုပ်ပေးရင် နင် အဆင်ပြေနိုင်မလဲ''

"ငါ့ကို ဖက်ထားပေးပါလား ။ ငါ ငယ်ငယ်က တစ်ခုခုကို အလိုမကျလို့ ငိုရင် ကိုကို ရှိတယ်နော် ၊ ကိုကို့ညီမလေး မငိုနဲ့ဆိုပြီး ဖက်ထားတုန်းကလိုမျိုး''

ဝမ်းနည်းသူ အလိုကျ တေဇလည်း ဖက်ပေးပြီး ခေါင်းတို့ကို ပွတ်သပ်ပေးလိုက်သည် ။

"ဟို.. မိန်းမက ငါ့ကို တွေ့ချင်တယ်တဲ့ ။ ငါ သွားတွေ့ရမလား ''

" တွေ့လေ။ ငါပါ.. လိုက်ခဲ့မယ်''

"ဟင့်အင်း မလိုက်ပါနဲ့ ။ ငါ့ကြောင့်နဲ့ နင့်ကို မထိ ခိုက်စေချင်ဘူး။ နင့်စိတ်လည်း နင် သိရဲ့သားနဲ့''

"ဒီကိစ္စက အရင်ကလို အကြမ်းပတမ်း ကိုင်တွယ် ရမယ့် ကိစ္စမဟုတ်မှန်း ငါ သိပါတယ်''

"အင်း.. ကျေးဇူးပါပဲ။ ငါ့ဘက်မှာ အမြဲတမ်း ရှိနေပေးခဲ့တဲ့အတွက်''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now