အပိုင်း (၁၃)

5.9K 671 38
                                    

" ကလေး ထတော့လေ .. ၊ ညနေ ၆နာရီတောင် ထိုးနေပြီ အပြင်သွားချင်တယ်ဆို ''

တေဇ အိပ်နေရင်းမှ နားနားကပ်ပြီး ပြောသည့် လေသံတိုးတိုးလေးကို ကြားလိုက်ရသည် ။ ငိုထားရ၍ မျက်စိများက အောင့်ပြီး ကျိန်းစပ်နေသည် ။ မျက်စိကို လုံးဝ ဖွင့်၍မရ။

" ကလေး ညနေစောင်းနေပြီ ။ ထတော့လေ.. ညနေစောင်းထိ အိပ်ရင် ဖျားတက်တယ် ။ ထတော့နော် '' ဟူသည့် ခပ်နွေးနွေး စကားသံတို့ အဆုံး တေဇခေါင်းမှ ဆံပင်များကို အပေါ်သို့ သပ်တင် ပေးနေပြန်သည်။ တေဇ လက်ကို ရိုက်ဖယ်လိုက်ပြီး

" ကျွန်တော့် အသားကို မထိပါနဲ့လား ။ မအိပ်နဲ့ဆို မအိပ်တော့ဘူး... ဒါပဲမလား '' ဟု ပြောပြီးနောက် ကုတင်ဘေး စားပွဲပေါ်မှ မျက်မှန်ကို ယူတပ်ကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည် ။

အကို့ ရှေ့တွင် ဆက်မရှိနိုင်၍ ရေချိုးခန်းထဲဝင်လာသော်လည်း တေဇ ရေလည်း မချိုးချင် အိမ်သာလည်း မတက်ချင်နေ  ။ ရှောင်ချင်၍သာ ရေချိုးခန်းထဲသို့ ဝင်လာခြင်း ။ မထူးဇာတ် ခင်းပြီး အဝတ်များ အကုန် ချွတ်ချကာ ရေချိုး ခေါင်းလျှော်လိုက်သည် ။ ရေချိုးပြီး သဘက်ပတ်ရန် သဘက်ထားရာ စင်ပေါ်ကြည့်လိုက်မှ

"What the f.... သဘက်တွေလည်း မရှိဘူးရော် ၊ ဘယ်ကို ရောက်ကုန်တာလဲ... ချီး.. ''

တေဇ ဘယ်လိုပင် တစ်ခန်းလုံး ပတ်ရှာရှာ သဘက် တစ်ထည်မှ မတွေ့ ။ ရေမချိုးမီက ဝတ်ထားခဲ့သည့် အဝတ်တွေသည်လည်း ဒီတိုင်းချွတ်ချပြီး ချိုးလိုက်၍ ရေစိုကုန်သည် ။ ပတ်စရာ ဘာမှမရှိ။

တေဇ .. ဟိုလူကြီးကိုလည်း အကူအညီ မတောင်းချင် ။ တံခါးကို ဖြေးဖြေးလေး ဖွင့်ပြီး ခိုးအကြည့် ရေချိုးခန်းကို ကျောခိုင်းပြီး ကုတင်ပေါ်တွင် ထိုင်နေသည့် သူ.. ။ ဒီတိုင်းပဲ တိတ်တိတ်လေး ခိုးထွက်လျှင်တော့ အဆင်ပြေမည် ။ အဝတ်ဘီရို ရေချိုးခန်းပေါက်ဝနား ကပ်နေသည်က တေဇအတွက် ကံကောင်းခြင်း ဆုလာဘ်တစ်ခုလို  ။ တဖြည်းဖြည်းနှင့် ခိုးထွက်ပြီး ဘီရိုတံခါးကို ဆွဲအဖွင့်

" ကျွီ ''

" ကလေး ရေချိုးပြီးပြီ.. ဟင် ကလေး... ဘယ်လိုကြီး လုပ်နေတာလဲ '' ဟု ပြောပြီး မျက်နှာကို ချာခနဲလှည့်သွားသည်။

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now