4

2.7K 435 17
                                    

Ma'am ၏ အိမ်သည် ဤမျှလောက် ရိုးရှင်းနေမည်ဟု မထင်ခဲ့သည်မှာအမှန်။ သူ့ကားနဲ့ပဲ Seulgi လိုက်လာပြီး သူ့ခြံရှေ့၌ ကားရပ်သည့်အခါ အထဲက မိန်းကလေးတစ်ယောက်က ခြံတံခါးလာဖွင့်ပေးသည်။ Ma'am က ကားကို ခြံထဲထိမမောင်းပဲ ဆင်းလိုက်သည်မို့ Seulgi ပါ လိုက်ဆင်းလိုက်သည်။ ထို့နောက် တံခါးလာဖွင့်ပေးသည့်မိန်းကလေးအား ကားသော့ပေးလိုက်သည့်အခါ Ma'am လုပ်ရပ်ကို Seulgi သဘောပေါက်သွားပြန်သည်။ Ma'am က သိပ်ကို ထူးဆန်းတာပဲမလား။

"ဒါဆို ကျွန်မပြန်တော့မယ်နော်"

ကားကို ခြံထဲသို့ထည့်၍ နေရာချပေးပြီးသည့် မိန်းမငယ်၏ ကားသော့ပြန်ပေးရင်းပြောလာသည့်စကားကို အိတ်ထဲကပိုက်ဆံအနည်းငယ်ထုတ်ပေး၍ သူကတုံ့ပြန်သည်။ ဂရုစိုက်ပြန် တို့၊ အင်း ကောင်းကောင်းသွား တို့ မပြောပုံထောက်တော့ ဒါဟာ သူအချိန်နဲ့ငှါးထားသည့် အိမ်စောင့်မိန်းကလေးဖြစ်လိမ့်မည်။ ဒါဖြင့် Ma'am က တစ်ဦးတည်းနေသည်လား။ ဦးနှောက်က အတွေးများဖြင့် ပြည့်နှက်နေပေမယ့် လက်ထဲမှာတော့ ဝယ်လာသည့် စျေးထုတ်တွေကို ကိုင်ပြီး Ma'am နောက်ကနေ ထပ်ကြပ်မကွာ Seulgi လိုက်သွားလိုက်သည်။

အိမ်ထဲသို့အဝင် သင်းပျံ့သည့်အနံ့တစ်မျိုးကိုရသည်။ ထိုအနံ့ဟာ Ma'am ကုတ်အင်္ကျီတွေမှာ အမြဲစွဲကပ်နေတတ်သည့်အနံ့မျိုးဖြစ်သည်။

"ဟိုဘက်မှာ မီးဖိုချောင်။ တို့ ရေချိုးပြီး ပြန်ဆင်းလာခဲ့မယ် Seulgi"

နှစ်ထပ်တိုက်သည် အရမ်းလဲမကျယ် အရမ်းလဲမကျဉ်း။ သူတစ်ယောက်စာ ကောင်းစွာနေလို့ရသည့်အနေအထားဖြစ်သည်။ ငွေကြေးပိုင်ဆိုင်မှုသိပ်များနိုင်သည့် Ma'am ဟာ ဘာကြောင့် မိသားစုနဲ့အတူမနေပဲ ဒီလိုမျိုးနေနေသလဲနော်။

ကော်ဖီစေ့တွေတွေ့တာမို့ ဟင်းပွဲပြင်ပြီးသည့်အခါ ကော်ဖီတစ်ခွက်စာ Seulgi ပြင်လိုက်သည်။ မီးဖိုချောင်ထဲက ရိုးရှင်းသည့်ပန်းကန်များနှင့် နှစ်ခွက်မျှသာရှိသည့် ဖန်ခွက်များကြောင့် Ma'am အိမ်ကို မည်သူမျှလဲ လာလည်လေ့မရှိကြောင်း Seulgi ခန့်မှန်းမိလိုက်သည်။

"အဆင်ပြေရဲ့လား"

Coffee အရည်တွေကို ဖန်ခွက်ကြည်ကြည်ထဲ ဂရုတစိုက်လောင်းထည့်နေသည့် Seulgi ၏ နောက်ကျောမှ Ma'am အသံထွက်လာသည်။ လက်ကိုင်ကိုင်းမပါသည့် ခွက်ထဲသို့ ထည့်မိသည်မို့ ချက်ချင်းပူတက်လာသည့် ခွက်၏ နှုတ်ခမ်းအား အပေါ်မှ အုပ်ကိုင်၍ သူ့ဘက်ကိုလှည့်လိုက်သည်။

Cactus Where stories live. Discover now