12

2.7K 432 15
                                    

အိမ်ငယ်လေးသည် တိတ်ဆိတ်မှုများနှင့် ကြောက်ရွံ့ဖွယ်ကောင်းအောင်ထိ ပြည့်နှက်နေသည်။ တသိမ့်သိမ့်ငိုနေတဲ့ Joohyun ကို အန်တီက ထွေးပွေ့ပေးထားသည်။ Wendy နဲ့ SooYoung က အကုန်သိနေသည့်အတိုင်း ငြိမ်ငြိမ်ကလေးပဲထိုင်နေကြတယ်။ အကုန်လုံးထပ်ပိုပြီး အသက်မဲ့နေတာက Seulgi.

Joohyun သူတို့သုံးယောက်ကို အလုပ်စခန့်တဲ့နေ့တည်းက Seulgi ကို သံသယဝင်ခဲ့တာ။ သူ့ပုခုံးကျကျတွေ။ နောက်ပြီး ဆောင်းထားသည့်ဦးထုပ်။ လေဆိပ်မှာ ဖေဖေ့ကို မကြိုချင်ပဲသွားကြိုခဲ့သည့်နေ့က သူမတို့အုပ်စုကြား လူတစ်ယောက်က ခလုတ်ဝင်တိုက်ပြီး sorry တစ်ခွန်းတည်းပြော၍ပျောက်ကွယ်သွားပြီးသည့်နောက် အဖေက ဘုတ်ခနဲလဲကျသွားတယ်။ နံရိုးကိုထိတာလို့ထင်ခဲ့ပေမယ့် နှလုံးသားတည့်တည့်ကိုပစ်သွားခဲ့တဲ့ လူသတ်သမားဟာ လူဘယ်နယောက်လောက်ကိုများ ဒီလောက်ကျွမ်းကျွမ်းကျင်ကျင်သတ်ခဲ့ပြီးပြီလဲ။ ကောက်ရခဲ့တဲ့ တစ်ခုတည်းသော သဲလွန်စက ပီကေတွေပဲ။ ရုံးခန်းထဲကိုရောက်လာခဲ့တဲ့ Seulgi မှာ အဲ့လိုပီကေတွေ အများကြီးရှိနေဟန်ပေါ်သည်။ သူ့အကြောင်းသိချင်ခဲ့လို့ အတည်ပြုဖို့ သူမအနားမှာ ဘာမှအသုံးမကျတဲ့ အဲ့အလုပ်သမားသုံးယောက်ကို ခန့်ထားခဲ့တာ။ အင်း .. အလုပ်လာလျှောက်အောင်လဲ ကြိုးပမ်းခဲ့ရသေးတာပဲ။

Seulgi ဟာ ဟန်ဆောင်ကောင်းသည်လား သို့မဟုတ် ကိုယ်တိုင်ကိုက စိတ်ရင်းနူးညံ့သည်လား Joohyun မသိပါ။ Joohyun ကိုခေါ်လေ့ရှိသည့် Ma'am ဟူသည့် နာမ်စားကိုပင် Joohyun မငြင်းပယ်နိုင်ခဲ့။ တဖြေးဖြေးသိလာလေ Seulgi က အဖေ့ကိုသတ်သွားတဲ့သူဆိုတာ Joohyun ပိုသေချာလာလေ။ ရှေ့နေ့ကိုမေးကြည့်တော့ အမှုက အပြီးပိတ်ပစ်လိုက်ရပြီဟုသိရသည်။ တစ်ဖက်က နိုင်ငံတော်နှင့်ပတ်သက်နေသည့်လူသတ်မှုဖြစ်နေသည်။ အဖေဟာ လူကောင်းတစ်ယောက်မဟုတ်။ ဒါက Joohyun အဲ့မိသားစုကနေ အပြီးအပိုင်ထွက်လာခဲ့တဲ့အကြောင်းပြချက်ပဲ။ ဒါပေမယ့်လည်း .. သူပိုင်ဆိုင်ရာမှန်သမျှ အကြီးဆုံးသမီးဖြစ်တဲ့ Joohyun ကို ပေးခဲ့တာမို့ သူ့အလုပ်တွေကို ခေါင်းမခံ၍မရတော့။

ဘာတစ်ခုမှမသိတတ်ခဲ့ပဲ ကုမ္မဏီများကိုဦးစီးခဲ့ရသည်။ အဖေ့ရဲ့ငွေကြေးအရှုပ်တွေကိုနားလည်အောင်လုပ်ခဲ့ရသည်။

Cactus Место, где живут истории. Откройте их для себя