17

2.7K 444 40
                                    

"မနေ့က Joohyun ကို တွေ့ခဲ့တယ်ဆို သမီးငယ်"

မနက်စာစားရင်း မေးလာတဲ့ မေမေ့ကြောင့် Seulgi ပေါင်မုန့်ဝါးနေရာကနေ Wendy ကိုလှမ်းကြည့်တော့ Wendy က SooYoung ကိုမေးငေါ့ပြတယ်။ SooYoung က မသိချင်ယောင်ဆောင်လျက် ခေါင်းမဖော်။

"ဟုတ်တယ် မေမေ။ သူ့အိမ်ကိုတောင် သမီးလိုက်ပို့လိုက်သေးတယ်"

အများကြီးဝေးသွားခဲ့တာက တကယ်ကြီးဖြစ်နေကြောင်း သဘောပေါက်လာခဲ့ရတာတော့ Seulgi ဘယ်သူ့ကိုမှ မပြောပြချင်တော့ပါဘူး။

"ဒီကိုလာခဲ့ဖို့ ပြောခဲ့သေးလား"

မေမေ့ကိုလည်းအားနာမိသည်။ မေမေဟာ Seulgi ချစ်ရတဲ့အမျိုးသမီးဆိုတဲ့အချက်တစ်ခုတည်းနဲ့တင် Ma'am ကို သံယောဇဉ်တွယ်ရှာပါသည်။

"ထပ်တွေ့ရင်ပြောလိုက်မယ်မေမေ"

"မနေ့က ငါတို့ရှောင်ပေးခဲ့တာတောင် နင်ရည်းစားစကားထပ်မပြောလိုက်ဘူးလား"

Wendy ရဲ့ ပေါ်တင်မေးခွန်းမှာ Seulgi နားရွက်အဖျားတွေပူသွားသည်။

"သူငါ့ကို တကယ်မချစ်နိုင်တာထင်ပါတယ်"

အကုန်လုံး Seulgi ကို သနားတဲ့အကြည့်တွေနဲ့ကြည့်နေကြတာပဲပေါ့။ ဘာတတ်နိုင်မှာလဲ။ သူမက ပြန်သွားခဲ့တာတောင် Ma'am က Carol ရဲ့ Therese မှ မဟုတ်ခဲ့ပဲ။

သင်တန်းသို့သွားရန်ပြင်သည့်အခါ Seulgi အရင်နေ့တွေထပ်ပို၍ အချိန်ပေးပြင်ဖြစ်နေသည်။ Ma'am က Yerim ကို နေ့စဉ်လိုက်ပို့သည်လေ။ မနက်တိုင်း Seulgi က Yerim အလာကိုမျှော်ရတာ အမောပါပဲ။ ကားတံခါးဖွင့်ဆင်းလာတဲ့ Yerim ရဲ့ ဘေးမှာ သူ့လက်ထဲက စာရွက်တွေကိုဖြစ်ဖြစ် laptop ကိုပဲဖြစ်ဖြစ် မျက်မှောင်ကြီးကျုံ့ပြီးကြည့်နေမယ့် Ma'am ကိုမြင်ချင်စိတ်နဲ့ပေါ့။ ဖြတ်ခနဲမြင်လိုက်ရရင်တောင် Seulgi နေ့ရက်တွေကပြည့်စုံသွားတာပဲ။ တကယ်တမ်းဝန်ခံရရင် အတိုင်းအတာတစ်ခုထိ ပတ်သက်ခဲ့ကြတာပဲမလား။ Ma'am ဘာကြောင့် သိပ်နေနိုင်ရတာလဲ။ လိမ်ညာဟန်ဆောင်နေခဲ့တာ Seulgi တစ်ယောက်တည်းလဲ မဟုတ်ရပါပဲနဲ့။

သင်တန်းရှေ့မှာရပ်ရင်း Yerim အလာကိုစောင့်နေမိသည်။ Yerim ဒီနေ့နောက်ကျနေတာပဲ။

Cactus Tempat cerita menjadi hidup. Temukan sekarang