10

2.7K 436 20
                                    

"Seulgi"

Ma'am ရဲ့အသံ။ Seulgi အကျင့်ပါစွာဖြင့် ဆတ်ခနဲကုန်းထတော့ Ma'am က Seulgi ပုခုံးတွေကိုကိုင်ကာ ပြန်လှဲစေသည်။ Wendy နဲ့ SooYoung က အနောက်နားမှာ တိတ်ဆိတ်စွာထိုင်နေသည်။ သူမကိုကြည့်နေသည့် သူတို့အကြည့်တွေကို Seulgi သဘောပေါက်တယ်။ Ma'am က ကိစ္စအကုန်လုံး သို့်မဟုတ် သိသင့်သလောက် သိပြီးလောက်ပြီ။

တိတ်ဆိတ်နေသည့် ဆေးရုံခန်းထဲတွင် Seulgi လက်ဖျံကိုထိုးသွင်းထားတဲ့ ဆေးထိုးအပ်နဲ့ ပိုက်ထဲကစီးကျလာတဲ့ ဆေးရည်တွေကိုပဲ အကုန်လုံးစိုက်ကြည့်နေကြတယ်။ Seulgi ဟိုဘက်နားက Wendy တို့ကိုခေါင်းငြိမ့်ပြလိုက်တော့ သူတို့က Ma'am ကိုနှုတ်ဆက်ပြီး ထွက်သွားကြတယ်။

"Ma'am"

ချစ်တယ်ဟုပြောလိုက်ခဲ့သည်ကို Ma'am ကြားသွားခဲ့ရဲ့လားမသေချာ။

"Zeki"

Ma'am ၏ခေါ်သံတွင် သွေးများ ရှိန်းခနဲပူတက်လာသည်။ Zeki ဆိုတဲ့ လူသတ်ကောင်အစား Seulgi ဆိုတဲ့ သူ့အတွက်ဟင်းတွေချက်ပေးတဲ့မိန်းမငယ်လေးဟုပဲ သူမြင်လျှင်ကောင်းပါမည်။

"ဟုတ်ပါတယ် ကျွန်မ Zeki ပါ"

ကိုယ် ဟု မသုံးရဲတော့။ Ma'am အဖေ၏ပုံရိပ်တွေ Seulgi ကိုနှိပ်စက်နေသည်။

"လူလိမ်"

Ma'am ရဲ့ တစ်ခွန်းတည်းသောစကားတွင် Seulgi မျက်ရည်များဝဲလာသည်။ ဖုန်းဝင်လာသောကြောင့် Seulgi ဖုန်းကို ကယောင်ကတမ်းကောက်ကိုင်လိုက်တယ်။

"Seulgi အငယ်လေး အစစအရာရာအဆင်ပြေရဲ့လားကွယ်။ မေမေညက အိမ်မက်တွေမကောင်းလို့"

"မေမေ"

ငိုသံစွက်သွားပြီး မျက်ရည်တို့ကျလာသည်။ မေမေသာအနားရှိနေရင်ဘယ်လောက်ကောင်းမလဲ။

"သမီးအဆင်ပြေပါတယ်။ အလုပ်နည်းနည်းရှုပ်နေတာ မေမေရဲ့။ နောက်တစ်ပတ်ထဲ မေမေ့ကိုလာတွေ့ဦးမယ် လွမ်းလို့သေတော့မှာပဲ"

ငိုချင်စိတ်တို့အား ထိန်း၍ Seulgi ပြောလိုက်တယ်။ အခန်းထဲ ဆရာဝန်နှင့်နာ့စ်မတို့ဝင်လာသည့်အခါ မေမေ့ကိုစကားစဖြတ်ပြီး Seulgi ဖုန်းချလိုက်တယ်။ Ma'am ကတော့ အခန်းရဲ့နံရံမှာကပ်ပြီး Seulgi ကိုလက်ပိုက်ငေးမောနေတယ်။ Ma'am ဘာတွေတွေးနေလောက်သလဲ .. Seulgi ကိုမုန်းလိုက်တာဟု တွေးနေလောက်လေသလား။

Cactus Where stories live. Discover now