5

2.8K 430 9
                                    

"ခရီးတစ်ခုအတူသွားမယ်ဆိုတဲ့ သူ့ဘက်ကတောင်းဆိုချက်လေးရအောင်လုပ်ရမှာ"

Wendy စကားကို Seulgi ငြိမ်သက်ပြီးနားထောင်နေမိတယ်။ ညနောက်ကျမှ ပြန်ရောက်လာပေမယ့် သူမ ဘာမှ ချက်ပေးစရာမလိုတော့။ သူတို့ကတောင် သူမအတွက် ထမင်းပြင်ပေးထားသည်။ ထမင်းစားနေတဲ့ Seulgi ဘေးမှာထိုင်ရင်း Ma'am ကို ပြန်ပေးဆွဲသည့်အခါ ဘယ်လိုလုပ်ကြမလဲဆိုတာပါ တိုင်ပင်ဖြစ်ကြသည်။ ဒါဟာ သူမတို့ လည်ရင်လည်သလောက် အချိန်ခဏလေးပဲ ကြာမည့် အစီအစဉ်တစ်ခုပင်။

Ma'am နဲ့ ရင်းနှီးဖို့ကြိုးစားနေသည်မှာ Seulgi တစ်ယောက်တည်းဖြစ်သော်လည်း Ma'am ကို ရုံးချုပ်က ညွှန်ကြားလာမည့်နေရာဆီပို့မည့်အခါ၌ Wendy နှင့် SooYoung ဟာ အဓိက အရေးပါလာလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် Ma'am ဟာ ရုံးချုပ်ကပဲ လိုချင်နေသည့်သူ မဟုတ်နိုင်။ ထိုအချက်ကို ရုံးချုပ်က ထည့်မပြောထားသော်ငြား Ma'am က များစွာတန်ဖိုးကြီးနေသည့်ပစ်မှတ်ဖြစ်သည့်အလျောက် လိုချင်သူများနေမည့် ပစ်မှတ်လဲဖြစ်နေလိမ့်မည်။ ဒါတွေကို Seulgi တို့သုံးယောက်က ကာကွယ်ရမည်။ အင်း .. ကိုယ်တိုင်ဖျက်ဆီးရမယ့်ပစ္စည်းကို အခြားဖျက်ဆီးသူတွေလက်ထဲက ကာကွယ်ရမှာ နည်းနည်းတော့ ခက်သည်မလား။

"ငါမနက်ဖြန် သူ့ဆီ ရှစ်နာရီလောက်အရောက်သွားရမယ်။ Personal chef ဖြစ်ပြီဆိုတော့ နောက်ပိုင်း သူ့အိမ်မှာနေခွင့်ရဖို့ပါ ငါကြိုးစားကြည့်မယ်"

Seulgi ပြောတော့ SooYoung က သက်ပြင်းရေးရေးချတယ်။

"သတိတော့ထားနော် Zeki သူက ဘယ်လိုလူမျိုးဆိုတာ ငါတို့မသိရသေးဘူး။ အရေးကြီးတာက သူငါတို့အပေါ် အရမ်းလိုက်လျောနေတယ်လို့ခံစားရတာပဲ"

SooYoung စကားကို Seulgi အပြည့်အဝထောက်ခံမိတယ်။ ဘာကြောင့်လဲဆိုတာ မသိသည့်တိုင် Ma'am ရဲ့ သူမတို့သုံးယောက်အပေါ် အပြစ်မမြင်မှုက ကြီးလွန်းနေသည်။

ထိုညကလည်း Seulgi တို့သုံးယောက် Ma'am အကြောင်းပြောရင်းနဲ့ပဲ အချိန်ကုန်ပြီး အိပ်ရာဝင်သွားကြရပြန်သည်။

🐆

မနက်ခင်းသည် Ma'am အိမ်တွင် ပို၍လှနေသယောင်ရှိသည်။ Seulgi မနေ့က ဝယ်လာတဲ့ ပေါင်မုန့်ကို ကြက်ဥနှင့်ကြော်၍ ကော်ဖီတစ်ခွက်ဖျော်ပေးထားလိုက်သည်။ မနက်စာလုပ်ရတာ သိပ်မကြာပေမယ့် Seulgi ရောက်လာတာ နောက်ကျသည်မို့ နာရီကိုကြည့်တော့ ကိုးနာရီထိုးနေပြီ။ Ma'am အခုထိ ဆင်းမလာသေး။

Cactus Where stories live. Discover now