6

2.7K 407 9
                                    

"Team Z"

ရုံးချုပ်က အထက်လူကြီး၏ ခေါ်သံတွင် Seulgi စိတ်ရှုပ်သွားသည်။ Report တင်ရမည့်နေ့မဟုတ်ပဲ ဘာကြောင့် သူမကိုဖုန်းခေါ်လဲဆိုတာ သူမမသိ။ စပီကာဖွင့်ထားသည်မို့ Wendy ရော SooYoung ရော ထိုလူ၏အသံကို ပြတ်သားစွာကြားနေရသည်။ သူမတို့သုံးယောက် ဒီနေ့ရုံးပိတ်ရက်မို့ Wendy တို့ နားနေရမည်ဖြစ်ပေမယ့် Seulgi ကတော့ Ma'am ဆီသွားဖို့ ခပ်စောစောထ၍ ပြင်နေချိန် ဖုန်းဝင်လာခြင်းဖြစ်သည်။

"Team Z is here sir"

Wendy ၏ ထူးသံကိုကြားမှ တစ်ဖက်က ဆက်ပြောလာသည်။

"Zeki ခြေလှမ်းတွေသိပ်သွက်နေတာသိရတော့ အားရမိတယ် အမြန်အကောင်အထည်ဖော်ဖို့ တွန်းအားလှမ်းပေးတာ။ တစ်ဖက်က အဖျက်ကောင်တွေ ပစ်မှတ်ကို ထပ်ပြီးသတိထားမိသွားပြီ"

ထိုစကားတွင် ရင်ထဲစိတ်ပူသွားသည်မှာ Seulgi. ရုံးချုပ်က သူမတို့ကိုစောင့်ကြည့်နေတာ သိလိုက်ရ၍ဖြစ်ပြီး နောက်တစ်ခုကတော့ Ma'am အန္တရာယ်ဖြစ်တော့မှာလား ..

"We will sir"

Seulgi ခပ်မြန်မြန်ပင်ပြောပြီး ဖုန်းချလိုက်သည့်အခါ SooYoung တို့က တအံ့တဩမော့ကြည့်ကြသည်။ ဒီနေ့နှင့်ဆို Ma'am နဲ့ သူမတို့ ဆုံတာ လေးလကျော်ပြီးဖြစ်သည်။

"ငါသွားတော့မယ်။ ထမင်းတွေက တစ်နေကုန်စာချက်ပေးထားခဲ့တယ်နော်။ ညစာမစောင့်နဲ့တော့ Ma'am နဲ့ပဲ စားခဲ့လိုက်မယ်"

မထူးဆန်းတော့သည့်ကိစ္စလို သူတို့က ခေါင်းငြိမ့်ပြသည်။ Seulgi ဟာ Ma'am နှင့် မနက်စာ နေ့လယ်စာ ညစာ အမြဲအတူတူစားခွင့်ရနေပြီ။

"Hello Ma'am ကျွန်မ အအေးဝယ်နေတာ Ma'am ဘာသောက်ဦးမလဲ"

ဘေးလွယ်အိတ်အဖြူကို ပုခုံးထက်လွယ်ပြီး ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းကာ Seulgi သူ့ကိုဖုန်းဆက်မေးပေမယ့် Ma'am ဘက်က ဘာသံမှမကြားရသေး။

"Ma'am"

"Seul..Seulgi"

တုန်ယင်နေသော Ma'am အသံသည် နားထဲသို့ ကြောက်လန့်တကြားဝင်လာသည့်အခါ တစ်ဖက်က အအေးဘူးပြုတ်ကျသွားသည်။

"Ma'am ဘာဖြစ်လို့လဲ .. Hello Ma'am"

ဖုန်းလိုင်းပြတ်တောက်သွားသည်။

Cactus Nơi câu chuyện tồn tại. Hãy khám phá bây giờ