16

2.8K 429 23
                                    

"သင်တန်းက ဒီနေ့ပြီးပြီမလား Yerim"

ကားထဲမှာ အငြိမ်နေပဲ ခြေထောက်တွေလှုပ်နေသည့် Yerim ကို Joohyun မေးလိုက်တော့ သူက ဆတ်ခနဲလှည့်ကြည့်လာသည်။

"ဟုတ် ပြီးပြီ Hyunie ဒါပေမယ့် Yerim ထပ်တက်ရဦးမှာပဲမလား"

"အေးပေါ့ မတက်လို့မရဘူး။ စားဖိုမှူးငှါးပေးထားရတာအပန်းမကြီးပေမယ့် မယုံရမှာစိုးတယ်။ နင့်ဟာနင်ချက်တတ်အောင်လုပ်ပြီး အငယ်နှစ်ကောင်ကို ကျွေးစမ်းပါ"

ဆူဟောက်နေကျအတိုင်း Joohyun ဆူလိုက်တော့ Yerim က နှာခေါင်းရှုံ့၍ တစ်ဖက်သို့လှည့်သွားသည်။

"ကျွန်မတို့နဲ့လာနေပါဆိုတော့ မဟုတ်ဘူး"

မေမေသည် ကျန်းမာရေးမကောင်း၍ အိပ်ရာထဲလဲနေခဲ့တာအတော်ကြာပြီ။ အတတ်နိုင်ဆုံး ကောင်းပေ့ဆိုတဲ့ဆရာဝန်ကြီးတွေနဲ့မှကုနေပေမယ့် စိတ်ကိုအဆုံးထိချထားတဲ့အမေ့ကြောင့် ကျန်းမာရေးက ကောင်းသင့်သလောက်ပြန်မကောင်းလာ။ ထိုအချိန်တွင် Joohyun တစ်သက်နဲ့တစ်ကိုယ် လှည့််မကြည့်ခဲ့ဖူးသည့် ဒီညီမနှင့်မောင်နှစ်ယောက်ကို တာဝန်ယူနေရသည်။ မေမေနှင့် သူတို့သုံးယောက်သည် ပြည့်စုံစွာနေရသည့်အလျောက် Joohyun ပူရတာမျိုးလဲမရှိခဲ့ဘူးလေ။ မိသားစုဆိုပေမယ့် တွယ်တာသင့်သလောက် မတွယ်တာနိုင်တာလည်း Joohyun အလွန်သာဖြစ်လိမ့်မည်။ သူတို့ကတော့ အစ်မအကြီးဆုံးကို တွယ်ရှာသည်။ အိမ်ပြန်ပြောင်းလာဖို့ ခဏခဏပြောကြပေမယ့် Joohyun ခေါင်းမာစွာဖြင့် မပြောင်းခဲ့။ နောက်ပြီး .. ဟိုအိမ်ကလေးက Seulgi နဲ့ သူမရဲ့အမှတ်တရတွေရှိသည့် တစ်ခုတည်းသောနေရာလေးလေ။

သူ့အကြောင်းကိုတွေးမိသွားတော့ ipad ပေါ်မှ ပုံများကိုကြည့်နေသည့်မျက်ဝန်းတို့ ဝေဝါးသွားသည်။

"ဪ ဒီနေ့ မိတ်ဆွေသုံးယောက်ထပ်ရခဲ့တယ်။ နာမည်တွေတော့မမေးလိုက်ရဘူး Hyun လာကြိုနေလို့လေ။ သုံးယောက်လုံးချစ်စရာလေးတွေ"

စကားများနေသည့် Yerim ကို စာဖတ်နေစမ်းဟု ကြိတ်အော်လိုက်တော့မှ Yerim က အိပ်ချင်သည်ဟုအော်၍ ငြိမ်ကျသွားသည်။ သူ့ကိုအိမ်ပြန်ပို့၍ မောင်ငယ်နှစ်ယောက်အတွက်လိုတာတွေရှိလား ဝင်ကြည့်ပြီး စီစဉ်ပေးခဲ့ရမည်။

Cactus حيث تعيش القصص. اكتشف الآن