"အတင်းခေါ်လာတာအန်တီ"
"ခိုးပြေးလာခဲ့တာ"Seulgi နဲ့ Joohyun ပြိုင်တူပြောလိုက်သည့်စကားတွင် မေမေသည် ဘာမှပြန်မပြောနိုင်ရှာ။ Wendy နှင့် SooYoung ကတော့ တခွီးခွီးဖြစ်နေပြီ။ သဝန်တိုလွန်ပြီး လုပ်မိလုပ်ရာလုပ်လိုက်မိပေမယ့် Ma'am စိတ်ဆိုးမှာလဲကြောက်သည်။
"ရှင်တကယ်မကြိုက်ဘူးလား Ma'am"
"မကြိုက်ဘူး"
ချက်ချင်း ကောက်ခနဲပြန်ဖြေလာသည့် Ma'am ကြောင့် စိတ်မကောင်းဖြစ်သွားရသည်။ တမင်မူနေတာဟုထင်ခဲ့ပေမယ့် တကယ်မကြိုက်နိုင်တာများလား။
ထွက်သွားသည့် Seulgi ကို တဆုံးထိငေးကြည့်နေတဲ့ Joohyun ကို အန်တီက အသာလက်တို့၍ စားပွဲမှာထိုင်စေသည်။ Wendy တို့ကပါ ဝင်ထိုင်သည်မို့ Joohyun အနည်းငယ် လန့်သွားရသည်။
"သူ့ခမျာ ဒီခြောက်လလုံး Madam မှ Madam ဖြစ်ခဲ့တာ။ Seulgi က စိတ်ပြတ်တဲ့လူမျိုး Madam သူသာ Madam ကို အလေးမထားရင် ခုထိ ကြေးစားဆက်လုပ်နေမှာ။ Madam က သူ့တာဝန်အတိုင်းသတ်ခဲ့မိတဲ့လူရဲ့သမီးဆိုတာထပ်ကို သူပိုပြီးနောင်တရခဲ့တာ Madam ကို သူတကယ်ချစ်ခဲ့လို့ပေါ့"
Wendy ပြောသည့်စကားကလည်း ဟုတ်နေသည်။
"သူ မွေးကာစကလေးရှိတဲ့ အဖေကိုတောင် သတ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်မတို့က တာဝန်ဆိုတဲ့တစ်ချက်နဲ့တင် အကုန်လုံးကို စိတ်အေးလက်အေး ပစ်ချပစ်ခဲ့လို့ရတယ် Madam ရ။ တကယ်ဆို Madam လည်း သူ့ကိုချစ်နေသားနဲ့"
SooYoung ရဲ့ ဒဲ့တိုးပြောစကားတွင် Joohyun ရှက်မိသွားသည်။ သူမပုံစံက သိသာခဲ့သည်လား။
"မဟုတ်ဘူး ကျွန်မဘာတွေလုပ်ခဲ့တယ်ဆိုတာ ရှင်တို့မသိလို့ ရှင်တို့သူငယ်ချင်းအတွက် ကျွန်မကိုပြန်လာစေချင်နေကြတာပါ"
Joohyun သိသည်လေ။ Joohyun ဟာ ရုံးချုပ်ကိုငွေပေးပြီး တစ်ဖက်လှည့်နဲ့ သူမဆီသို့ Seulgi ရောက်လာပြီး သတ်ပစ်လို့ရအောင် ကြံခဲ့တဲ့သူဆိုတာကို Seulgi က ဘယ်သူ့ကိုမှပြောပြထားမှာမဟုတ်ဘူး။
"ကျွန်မ Seulgi ကိုသေစေချင်ခဲ့တယ်။ သေအောင်လဲ ကြိုးစားခဲ့မိတယ်"
အံ့ဩသွားတဲ့ သူတို့မျက်နှာဟာ မယုံနိုင်မှုတွေနဲ့။ အန်တီက မျက်ရည်တို့ဝဲနေသည်။