Ep 1

14.4K 563 24
                                    

Unicode...

ကြည်လင်သော ကောင်းကင်ပြာကြီးရဲ့အောက် တစ်မိုးအောက်တွင် ကျယ်ဝန်းသော ခြံဝင်းကြီးနှင့် ထိုခြံဝင်းထဲရှိ လှပသော တိုက်ကြီးတစ်လုံး.....

သစ်ပင်ပန်းမန်မျိုးစုံကို စိုက်ပျိုးထားပြီး သေသပ်လှပသော အဆိုပါခြံကြီးနဲ့ တိုက်ကြီးထဲတွင် နေထိုင်ကြသော ငွေရှင်ကြေးရှင်မိသားစုတစ်စု.....

"Gulfလေး ဘယ်သွားမှာလဲ"

မနက်ခင်းမိုးလင်းလာသည်နှင့် အိပ်ရာထ ရေမိုးချိုးကာ အပြင်သွားရန် ပြင်ဆင်ထားသော Gulfတစ်ယောက် အပေါ်ထပ်ကဆင်းလာသည်နှင့် လှေကားရင်းက လှမ်းမြင်ရသော ထမင်းစားခန်းထဲမှ ဘွားဘွားက လှမ်းမေးသည်။

"ထုံးစံအတိုင်း interviewပေါ့ ဘွားဘွား"

ဘွားဘွားကို ပြန်ဖြေပြီးတော့ မားက ဆက်​ပြီး မေးပြော,ပြောသည်။

"ဒီကလေး မနက်စာကရော"

"မစားတော့ဘူး မား သားနောက်ကျနေမှာစိုးလို့"

မားကို ပြန်ဖြေပြီးတာနှင့် လက်ထဲက ကင်မရာကို လည်ပင်းမှာ ဆွဲလိုက်ပြီး ဖုန်းလေးကို ဝတ်ထားသော ဂျင်းဘောင်းဘီရှည်၏ ညာဘက် အိတ်ကပ်လေးထဲ ထည့်လိုက်သည်။

ထို့နောက် ပေါ်တီကိုအောက်မှာ အဆင်သင့်ထိုးထားသော ဆိုင်ကယ်လေးပေါ်စမတ်ကျကျထိုင်ကာ ဆိုင်ကယ်စီးဦးထုပ်ကို ဦးခေါင်းမှာဆောင်းလိုက်သည်။

6ပေကျော်ရှည်သော သူ့အရပ်အမောင်းနှင့် လတ်သောအသားအရည်က ခပ်မြင့်မြင့်ဆိုင်ကယ်အနက်ရောင်လေးနှင့် အလွန်လိုက်ဖက်နေသည်။

စက်နှိုးပြီးတာနဲ့

"ဘွားဘွားနဲ့ မားရေ သားသွားပြီဗျို့"

အိမ်ထဲက အဘွားဖြစ်သူနှင့် မားကို လှမ်းနှုတ်ဆက်လိုက်ကာမောင်းသွားတော့သည်။

ဒီလို နှုတ်ဆက်တာကလည်း ဒီအိမ်ရဲ့ စည်းကမ်းတစ်ခု၊ ဘွားဘွားက ချမှတ်ထားခြင်းပင်...။

ပါးမရှိသော Gulfတို့မိသားစုလေးတွင် Gulfလေးရယ်၊ မားရယ်၊ ဘွားဘွားရယ်၊ ကိုကိုဖြစ်သူ Mild ရယ်သာ ရှိသည်။

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now