Ep 5

4.5K 330 4
                                    

Unicode...

"ကဲ အထွန့်မတက်နဲ့တော့ သား သန်ဘက်ခါကျ သူတို့အိမ်ကို သွားမယ် ဒီညကြိုပြောထားလိုက်မယ်"

ဟာ အဲ့မှာသေတာပဲ....Gulfရေ....
...................................................................

ဒီနေ့ Gulfလေးနဲ့ လူကြီးချင်းသဘောတူထားသောလူဆိုသည့်ပုဂ္ဂိုလ်ကို သွားတွေ့ရမည့်နေပင်...။

"သားရေ..ပြင်လို့ပြီးပြီလား နောက်ကျနေမှာစ်ိုးလို့"

စိတ်မပါစွာ ပြင်ဆင်ပြီး ထိုအိမ်ကိုမရောက်ရန် ထိုပုဂ္ဂိုလ်ကို မတွေ့နိုင်ရန် အကြံလည်းထုတ်နေမိသည်။

"ဟုတ် မား ပြီးပါပြီ"

Gulfမားကို ပြန်ဖြေပြီး အခန်းထဲမှ ထွက်လာသည်။ သူ့ရဲ့ စတိုင်အတိုင်း အပြာရောင်လွင်လွင်ရှပ်အကျီကို ဂျင်းနက်ရှည်နှင့် တွဲဝတ်ထားသည်။

ဖုန်းကိုလည်း ထုံးစံအတိုင်း ဘောင်းဘီညာဘက်အိတ်ထဲထည့်ထားကာ အရင်လို ကင်မရာမပါတာမို့ လက်ကအားနေသည်။ ဘွားဘွားက အိမ်မှာကျန်နေခဲ့မှာဖြစ်ပြီး ကားကလည်း မားကိုယ်တိုင်မောင်းမှာမို့ သူဘေးက ထိုင်လိုက်ယုံပင်...။

"ကဲ မားသားလေးပြီးပြီဆိုတော့ သွားရအောင်"

မားနှင့်အတူ ကားပေါ်တက်ကာ သွားရမည့်အိမ်ကို ပုံမှန်နှုန်းနဲ့မောင်းလာစဥ် လမ်းတစ်ဝက်​​လောက်၌

"မား သား တစ်ရှူးဝယ်ချင်လို့"

"တစ်ရှူးဝယ်ချင်လို့ဟုတ်လား ဘာလို့လဲသား"

"ဒီမှာလေ သားမျက်နှာက ချွေးတွေထွက်နေပြီ ဟိုရောက်ရင် ကြည့်မကောင်းဖြစ်နေမှာစိုးလို့"

Gulf ပြန်ဖြေပြီးတော့ မားကသဘောကျကျေနပ်ဟန်ဖြင့် ရယ်ကာ

"အမလေး မားသားလေးဘယ်တုန်းက လှချင်သွားတာပါလိမ့် ကဲ ကဲ မား ဆင်းဝယ်လိုက်မယ်"

ပြောပြီးတာနဲ့ မားက ကားကို လမ်းဘေးဆင်းကာ ရပ်လိုက်ပြီး သွားဖို့ပြင်နေတာကြောင့်

"ရပါတယ်မားရဲ့ သားဝယ်လိုက်မယ် မားရော ဘာမှာအုံးမလဲ"

"မမှာတော့ပါဘူးသားရယ် မြန်မြန်လေးဝယ်ခဲ့နော်"

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now