Ep 23

3.4K 234 8
                                    

Unicode...

"မဟုတ်ဘူးလေ ကိုယ်ပြောတာက ညကျ ဘဲပေါက်နဲ့ တူတူနေချင်တယ်လို့...ရိုးရိုးအိပ်တာကိုပြောတာမဟုတ်ဘူးလေ"

"ဟမ်"

ဝါးနေသော ပါးစပ်ထဲက ကျောက်ကျောက စားပွဲပေါ်ပြုတ်ကျလာသည်။ ဘာရယ်..အကိုက ကျွန်တော်နဲ့ တူတူနေချင်တယ်???...

"ဟာ ဘဲပေါက်ကလည်း အကုန်ပြုတ်ကျကုန်ပြီ"

အကိုက ပြောလည်းပြော၊ ကျွန်တော်ပါးစပ်ထဲက ပြုတ်ကျသွားတဲ့ ကျောက်ကျောကိုပါ ကောက်ယူကာ လွှင့်ပစ်​ပေးသည်။

"ကိုယ်ပြောတာက အဲ့လောက်အံ့သြသွားစေတာလား"

"ဟို အကိုကလည်း ကျွန်တော်က ဟိုလေ..."

တစ်ခုခုကို စိုးရိမ်နေပုံရသော ဘဲပေါက်ကို ကျွန်တော်ပြုံးကြည့်ကာ

"ရှက်နေတာလား ဘဲပေါက်လေးရဲ့ မရှက်ပါနဲ့သူများတွေလည်း ဒီလိုပဲဟာ"

"ဟာ အကိုကလည်း"

ပြောကာ မျက်လုံးက ဂနာမငြိမ်ပဲ မျက်ဆံအိမ်ထဲ ဟိုဘက်ထောင့်ကပ်လိုက်၊ ဒီဘက်ထောင့်ကပ်လိုက်နဲ့ လုပ်ကာ ရှက်ပြုံးလေးနဲ့ ခေါင်းငုံ့သွားပြီး

"ဟိုလေ ကျွန်တော် ဗိုက်ဝနေပြီမို့ သွားနားတော့မယ်နော်"

ပြောပြီးတာနဲ့ တန်းပြီးအခန်းထဲပြေးဝင်သွားသော ဘဲပေါက်ရယ်ပါ...ဟူး..ကိုယ်တော်က ခွင့်ပြုတယ်လို့ မပြောသွား...အဲ့တော့လည်း ခွင့်ပြုတဲ့ထိ စောင့်ရမှာ​ပေါ့လေ...။

လက်ထပ်ထားပြီးသားမို့ ရတာပဲဆိုပြီး ကျွန်တော် အတင်းအကျပ်မယူချင်...ဘယ်လိုပဲ အပြန်အလှန်ချစ်ပါတယ်ပြောပြော..ဒီကိစ္စက သဘာဝကို ဆန့်ကျင်တာမို့ သူရှက်တာထက် ကြောက်နေမှာ​ပေါ့...။

ဘာပဲဖြစ်ဖြစ် သူ အတူတူနေဖို့ လက်မခံရင်တောင် ကျွန်တော် အချစ်မလျော့ပါဘူး...ကျွန်တော်တို့နှစ်ယောက်က Sex ဖြစ်လို့ Love ဖြစ်လာတာ မဟုတ်ဘူးလေ...။

အဓိက,ကLoveပဲမို့လား...ပြီးမှ Sexက နောက်ကပါလာမှာလေ...ဒီတော့ ကျွန်တော် နားလည်ပါတယ်...ဒီအကောင်ပေါက်လေး လက်ခံလာတဲ့အထိ စောင့်ပေးနိုင်ပါတယ်....စားပွဲပေါ်က တစ်ဝက်လောက်ကျန်နေသေးသော ကျောက်ကျောတွေကိုသာ အဓိပ္ပာယ်မဲ့ ကြည့်နေမိတော့သည်....။
...................................................................

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now