Ep 20

3.9K 245 9
                                    

Unicode...

Gulf တဖြည်းဖြည်း လျှောက်လာရာ ပြောလိုက်သည့် အခန်းရှေ့ရောက်လာသည်...။ လူနာရှိနေသည်မို့ တံခါးမခေါက်တော့ပဲ ဝင်လိုက်ရမလား တွေးနေစဥ်...

"မင်းက ဘယ်သူလဲ"

ကျောဘက်က အသံကြားရသောကြောင့် လှည့်ကြည့်လိုက်ရာ လူကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ Kao အဖေဆိုတာ ဖြစ်မည်ထင်သည်...။

"ကျွန်တော့် နာမည်Gulfပါ CEO Mew ရဲ့ အမျိုးသားပါ"

"အော် CEOကို ဖုန်းဆက်တာ မလာနိုင်လို့လား"

Gulf အရှည်ကြီး ပြောပြမနေတော့...။

"ဆိုပါတော့ဗျာ"

"အာ့ဆို အထဲဝင်လိုက်ပါ Kao နိုးနေပြီလား မသိဘူး"

ခွင့်ပြုချက်ရသည်နှင့် Gulf တံခါးလေးကိူ ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်။ လူနာဘေးရှိ ခုံတန်းရှည်လေးပေါ် ထိုင်လိုကိပြီး Kao ကိုကြည့်နေမိသည်။ သို့သော် ကုတင်ပေါ်လှဲနေသော Kaoက နိုးမလာသေးပါ...

သေချာကြည့်မှ Kao လည်းရုပ်ရည်မဆိုးလှ...ချောသည်ဟု ပြောလို့ရလောက်သည့်အထဲတွင်ကို ပါသည်။

ဒါပေမဲ့ ဗီဇနှင့် အကျင့်က ကောင်းမနေတော့ မျက်မုန်းကျိုးခံနေရခြင်းပင်...။ ဒီတစ်ခုလေး ပြင်လိုက်ပါက လူတော်လူကောင်းတစ်ယောက်ဖြစ်လာနိုင်မည်ဟု Gulf တွေးနေမိသည်။

အတွေးနယ်ချဲ့နေစဥ် ကုတင်ပေါ်ရှိ ကိုယ်တော်က လူးလွန့်လာသည်။

"အင်း"

ဖြည်းညင်းစွာ ဖွင့်လိုက်သော မျက်လုံးက ဦးဆုံးမြင်လိုက်ရသော သူက Gulf ဖြစ်နေတော့ အံ့သြနေဟန်ရှိသည်။

"Gulf ကဘယ်လိုရောက်...အ့"

ခွဲစိတ်ထားသော ဗိုက်က အနည်းငယ် နာကျင်သွားတာကြောင့် အသံလေးထွက်သွားသည်။ P'Mew မလာနိုင်လို့ထင်တယ်...

"သား စကားပြောနိုင်လို့လား နာရင်မပြောနဲ့လေ"

စိုးရိမ်စွာ ပြောလာသော အဖေ့ကို Kao ပြုံးပြကာ

"ရပါတယ် အဖေ အဆင်ပြေပါတယ်"

ဘေးမှာထိုင်နေသော Gulf ကိုပြန်ကြည့်ပြီး ပြုံးလိုက်ပြန်သည်။

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now