Ep 19

3.7K 257 2
                                    

Unicode...

ဆေးရုံကုတင်ပေါ်မှာ လှဲကာ ငြိမ်သက်နေသော Gulf လေးရဲ့ ညာဘက် လက်ခုံလေးပေါ်ရှိ အကြောထဲကို သေးသွယ်သော ပိုက်လေးမှတဆင့် ဆေးရည်များဝင်နေသည်။

လူနာကုတင်ဘေးမှာ ထိုင်နေသော Mew...ကျဆင်းမလာပဲ မျက်ဝန်းအိမ်မှာသာ ဝေ့နေသောမျက်ရည်ကြည်များက ဝမ်းနည်းစိတ်မကောင်းမှုကို အထင်းသားဖော်ပြနေသည်။

ထိုစဥ် အခန်းတံခါးပွင့်လာကာ

"P'Mew အရမ်းကြီး စိတ်မကောင်းမဖြစ်ပါနဲ့ အားနည်းလို့မူးသွားရုံလေးပါလို့ ဆရာဝန်ကြီးကပြောတယ်မလား"

Mew လှည့်ကြည့်လိုက်သည်။ ဂျူတီကုတ်လေးနှင့် လိုက်ဖက်လှစွာ ကြည့်ကောင်းနေသော ဘဲပေါက်လေးရဲ့ကိုကို...ဒီဆေးရုံကိုပဲ မောင်းလာဖြစ်လိုက်သည်။ မားတို့ကိုတော့ အသိမပေး...။ စိုးရိမ်လွန်နေမှာ ကြောက်သည်...။

"အင်း ဒါပေမဲ့ ဒီလိုအခြေအနေမျိုးထိဖြစ်လိမ့်မယ်လို့ မျှော်လင့်မထားတော့...."

"အပြင်ထွက်ပြောရအောင်လေ P'Mew"

Mild စကားကြောင့် လှဲလျောင်းနေသော ဘဲပေါက်ကို တချက်ကြည့်လိုက်ကာ Mildကို ခေါင်းငြိမ့်ပြလိုက်သည်။

အခန်းအ​ပြင်ဘက် ခုံတန်းရှည်ပေါ်Mewထိုင်လိုက်ပြီး Mew ဘေးနား Mild ဝင်ထိုင်လိုက်ကာ

"ကျွန်တော်နားလည်ပါတယ် အဆင်ပြေမှာပါ ပြီးတော့ Gulf လေးကိုလည်း ယုံကြည်စေချင်တယ်"

Mild ဘာကိုဆိုလိုတာလဲ...Mew သဘောပေါက်သည်။ ဘဲပေါက်က Sun နဲ့ နှစ်ယောက်တည်းရှိနေတာမှမဟုတ်တာ...တခြားသူငယ်ချင်းတွေ ပါတာပဲလေ...ရှိနေခဲ့ရင်တောင် ဘဲပေါက်ကို အကြွင်းမဲ့ ယုံကြည်ထားတာမို့ အပြစ်မဆိုရက်ပါ...ပွေ့ချီတွဲခွင့်ရသော Sunကို မဆိုစလောက်လေး မနာလိုဖြစ်မိတာက လွဲရင်ပေါ့....

"ယုံကြည်ပါတယ် အားလုံးကိုလည်း နားလည်ပါတယ်"

"နားလည်ပါတယ်ဆိုတာက??"

"........."

Mild အမေးကို ဘယ်လိုပြန်ဖြေရမလဲ...ကျွန်တော်နားလည်တာက ကျွန်တော် ဘဲပေါက်ကို ချစ်နေတယ်ပြီး ဒီကိစ္စတွေကို ဘဲပေါက် ခွင့်မလွှတ်နိုင်ရင်​တောင် နားလည်ပါတယ်လို့...

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now