Ep 12

3.9K 272 7
                                    

Unicode...

"ဘာပြောမှာလဲ ပြော"

Gulf အသံက စိတ်မရှည်မှုများ ဖြည့်စွက်ပါဝင်နေသည်။ တကယ်လည်း စိတ်ရှုပ်လာပြီ...

"အေးဆေးပေါ့ကွာ ပြောမှာပေါ့ သတင်းထောက်လေးရယ်"

"ကျစ်.."

Gulf စိတ်မရှည်ချင်တော့...

"ငါ ပြောမှာက ငါက ကိုကို့ရဲ့ ရည်းစားဖြစ်ခဲ့ဖူးတာကို ပြောမို့ မင်းကသိပြီးသားဖြစ်နေတော့ အင်း.."

"ဒီမှာ ခင်ဗျားက အကို့ရဲ့ ရည်းစားဖြစ်ခဲ့ဖူးတာလေ ခုပြတ်သွားတာကို ဘာမှမဆိုင်တော့ဘူး ဘာမှလာမပြောနဲ့"

Gulf ရဲ့ စိတ်တိုစွာပြောလိုက်တဲ့ စကားသံအဆုံးမှာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်တဲ့ သူ့အသံက စိတ်ရှုပ်စရာကောင်းလှသည်။

"ဟားဟား ကောင်လေးရယ် ဘာကိုဆတ်ဆတ်ထိမခံဖြစ်နေတာလဲ အေးပေါ့လေ..ယူစရာရှားလို့ ဝယ်ထားရတဲ့ ယောကျာ်းဆိုတော့"

"ဘာ ခင်ဗျား ဘာပြောတယ်"

"ဟား ငါပြောတာမဟုတ်လို့လား မင်းက ကိုကို့ကို ဝယ်ထားတာလေ"

"ခင်ဗျား..ခင်ဗျား.."

"ဟားဟား"

ကျစ်......ဟူး Gulf စိတ်တိုစွာ ဖုန်းချလိုက်သည်။

ဘာလဲ..သူဘာတွေပြောသွားတာလဲ..အကို့ကို ငါက ဝယ်ထားတယ်..ဟုတ်လား..အာ..ဘာတွေလဲကွာ...အား....

ဒီကိစ္စကို အကို့ကို မေးရင်ကောင်းမလား..မဟုတ်သေးပါဘူး....ငါ့ဘာသာပဲ စုံစမ်းလိုက်ရမလား..
...................................................................

"ဟား ဟား ဟား"

Kao ဖုန်းချလိုက်ပြီး ရယ်နေမိသည်။

ဟုတ်တယ်..ကိုကိုက ငါနဲ့ ပြတ်သွားပြီ..ငါ့ကိုလည်းမချစ်ခဲ့ဘူး..ဒီတော့ မင်းတို့ပျော်နေမှာ ကြည်နူးနေမှာလည်း မလိုလားဘူး..

ငါမပိုင်ဆိုင်ရရင် မင်းလည်း စွန့်လွှတ်ရမယ်...ငါ နဲ့မပေါင်းဖက်ခဲ့ရလို့ မင်းနဲ့လည်း ကွဲကွာစေရမယ်...ငါဆိုတာ ငါမရတဲ့ ပစ္စည်းကို သူများဆီမှာရှိနေတာလည်း မလိုချင်ဘူးဆိုတာ မင်းသိလာစေရမယ်...Gulf Kanawut.....

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now