Ep 15

3.7K 247 4
                                    

Unicode...

နေ့လည်ခင်း ထမင်းစားချိန်ရောက်တော့ Mild အပြင်ထွက်စားတာမြင်သည်နှင့် တစ်ပြိုက်နက် ချမ့် ဆေးရုံအုပ်ကြီးရုံးခန်းထဲလာခဲ့သည်။

သူခွင့်တောင်းစရာတစ်ခုရှိသည်လေ.Mild အတွက် ခွင့်ရက်တောင်းပေးပင်ဖို့ပင်...။Mildကတော့ မသိဘူးပေါ့နော့...။
...................................................................

Mild ဆေးရုံသွားရန် အိမ်မှထွက်လာသည်။ လမ်းတစ်လျှောက်တွင် ကားဘေးမှန်အပြင်မှ ပလက်ဖောင်းဘေးအထက်ရှိ သစ်ပင်ကြီးများက ကားအရှိန်နောက်မှာ တရိပ်ရိပ်ကျန်ခဲ့သည်မှာ Mildအတွက် နေ့တိုင်းမြင်နေရပေမဲ့ ကြည့်လို့ မရိုးနိုင်သည့် မြင်ကွင်းတစ်ခုပင်...။

သို့သော် ကြာကြာမခံလိုက်...
🕹🕹🕹
အရေးပေါ်ယာဥ်တစ်စီး၏ အလျင်လိုမောင်းသွားသော အသံနှင့် ပုံရိပ်က Mild ဘေးက ဖြတ်သွားလေသည်။

Accident တစ်ခုခုဖြစ်လို့ထင်တယ်...ဒီအရေးပေါ်ကားနဲ့ဆိုတော့ သေချာပေါက် ဆေးရုံရောက်မှာပင်...။ သူရောက်နေသော နေရာနှင့် အနီးဆုံးဆေးရုံကလည်း သူတာဝန်ကျနေသည့်ဆေးရုံပင်...။

ဆရာဝန်ပီပီ လူနာဘယ်သူမှန်းမသိပေမဲ့ စိုးရိမ်မှုကတော့ ဖြစ်မိတာမို့ မောင်းနေသော ကားရှိန်ကို ပိုမြှင့်လိုက်သည်။ သိပ်မကြာလိုက် ဆေးရုံရောက်လာသည်..။ အရေးပေါ်ကားက အရင်ရောက်နေတာတွေ့သည်မို့ ကားကို ပါကင်ထိုးမနေတော့ပဲ ဝင်ပေါက်မှာရပ်နေတဲ့ဝန်ထမ်းလေးကို သော့ပေးလိုက်ကာ ကောင်တာကို တန်းလာခဲ့လိုက်သည်။

ဝန်ထမ်းလေးက Mild ပေးသော သော့ကို ယူကာ ကားကို ပါကင်စနစ်တကျထိုးပေးလိုက်သည်။

Mild ကောင်တာရောက်သည်နှင့်

"အမ ခုနက အရေးပေါ်လား ဘာဖြစ်တာတဲ့လဲ"

"အော် ဒေါက်တာMild ခုကအရေးပေါ်က ကား accident ဖြစ်တာတဲ့ အဲ့ဒါ ဒေါက်တာလိုက်ချင်ရင် operationsအခန်း.....ကို လိုက်ခဲ့ပါတဲ့"

အရေးပေါ်ဖြစ်ပြီးဆို အရမ်းလေ့လာပညာယူကာ သင်ယူတတ်ပြီး လိုအပ်သည်ကို ကူညီကေးတတ်သော Mildကို ဆေးရုံအုပ်ကိုယ်တိုင်က လိုက်လိုလျှင် မတားဆီးပဲ ခွင့်ပြုထားသည်ကို သိသော ကောင်တာက အမက အခန်းပြောပြလိုက်သည်။

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now