Ep 17

3.6K 252 6
                                    

Unicode...

Gulf ကြောင်စာလောက်သာ စားပြီးတော့

"ကျွန်တော် အရင်ထနှင့်မယ်နော် အကို့ကို ပြောစရာရှိတာမို့ ပြီးရင် ဧည့်ခန်းလာခဲ့ပေးအုံးနော်"

"အော် အင်းအင်း ဘဲပေါက် ကိုယ်စားပြီးလာခဲ့မယ်"

Mew စားပြီးလာခဲ့မယ်ပြောပေမဲ့ ခုထိ ထမင်းတစ်ဝက်မကုန်သေး...။ ပုံမှန်ဆို အစားမနှေးတတ်သူ မကြာတတ်သူ ကျွန်တော် ခုတော့တစ်ပန်းကန်စားလို့မကုန်နိုင်သေးရခြင်းမှာ ခေါင်းထဲက တွေးစရာများ​ကြောင့်ဖြစ်သည်။ ဘဲပေါက်က စားပြီးရင် ပြောစရာရှိတယ်တဲ့...။ ဘာပြောမှာပါလိမ့်...။

တကယ်တော့ ထမင်းစားပြီးတာနဲ့ ဘဲပေါက်ကို ကျွန်တော်ချစ်နေပြီဆိုတာ ဖွင့်ပြောဖို့တွေးထားတာ... ဒါပေမဲ့ ဘယ်ကစပြောရမှန်းမသိ...လက်ထပ်ပြီးမှရည်းစားစကားပြောရမှာ နည်းနည်း ကြောင်​တောင်တောင်နိုင်သလိုပဲ...။

ငယ်ငယ်က ကျောင်းတက်တုန်းလို ဒီစာလေးယူသွားပါလို့ ပေးလို့လည်းမရ..လက်ထပ်ပြီးနေပြီကိုး...ဒါပေမဲ့လည်း တကယ်ကို ချစ်နေပြီမို့ ခုလို ပြဿနာတွေဖြစ်လာတော့ သူ့ကိုချစ်​နေပြီဆိုတာပြောပြီး အကုန်လုံးရှင်းလိုက်ချင်သည်။

ပြဿနာက ရှင်းရှင်းလေးနဲ့ ရှုပ်နေသလိုဖြစ်နေပြီး ဘဲပေါက်ကလည်း ဘာဖြစ်လာတယ် ဘယ်လိုခံစားနေရတယ်ဆိုတာ တစ်ခုမှမပြော...ဒီနေ့ကိစ္စလည်း အန်တီTing ဖုန်းဆက်ပြောမှ သိရတာပင်...။ ကျွန်တော် ပြန်လာတော့လည်း အဆင်ပြေပါတယ်တစ်ခွန်းသာပြောသည်။

အန်တီTing က အစအဆုံး အကုန်ပြောပြလို့သာ...ဘဲပေါက်က ဘာမှမပြောပေ။

အန်တီTing ပြောတာတွေ ကျွန်တော် ပြန်ကြားယောင်နေသည်။ အန်တီTing က လူကြီးဆိုတော့ ကျွန်တော့်ကို အကုန်ပြန်မပြောပဲ ထိန်းပြောရှာသည်။

"ဆရာရယ် ပွဲမှာ Kao ကတော်တော်ဆိုးတာ သူပြောတာတွေက စောင်းပြောနေသလိုဆိုပေမဲ့ အရမ်းသိသာပြီး တည့်ပဲပြောနေသလိုဆိုတော့ ကျွန်မလည်း မနေနိုင်တော့တာနဲ့ အဲ့လိုတွေဖြစ်ကုန်တာ ဒီလောက်ဖြစ်နေတာကို ဘာတစ်ခွန်းမှမပြောပဲ ထိန်းချုပ်ထားနိုင်တဲ့ Gulfလေး အရမ်းတော်ပါတယ် သနားဖို့လည်းကောင်းတယ်"

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now