Ep 24

3.7K 246 14
                                    

Unicode...

"ဘာအတွက်လဲ"

"ဘာအတွက်လဲဆို​တော့ မကြိုက်လို့ ကျွန်တော်တုန်းကတောင် မရခဲ့တဲ့ အခွင့်အရေးကို သူများတွေရမှာ မလိုချင်လို့ ကျွန်တော်နဲ့ လက်မထပ်ခင်က အကိုပုံစံအတိုင်း ခုလည်းပဲရှိနေစေချင်လို့ သိလား ကျွန်တော်ပြောတာ အကိုသိလား ကျွန်တော့်ခံစားချက်ကို နားလည်လား"

ပြောနေရင်းနဲ့ ဘဲပေါက်က ကျွန်တော့်အပေါ်လေသံပြောင်းသွားခဲ့လို ကျွန်တော့်လေသံကလည်း ခက်ထန်လာခဲ့သည်။

"ဟက် နားလည်တယ် သိပ်နားလည်သွားပြီ မင်းရဲ့ ငါမသိတဲ့တစ်ဖက်ခြမ်းမှာရှိနေတဲ့ အတ္တကို နားလည်သွားပြီ ဖြူစင်တယ်လို့သတ်မှတ်ထားတဲ့ မင်းက ခု​တော့ သိပ်အတ္တဆန်နေတာပါလား"

အကိုက ကျွန်တော့်ကို "မင်း" ဆိုတဲ့ နာမ်စားပြောင်းလဲခေါ်ဝေါ်လာ​ပြီး သူ့ကိုယ်သူ "ငါ" တဲ့...။ အရမ်းဒေါသထွက်လာမှန်း မျက်နှာနဲ့ အသံကသိသာလာသလို အမူအရာတွေက ပြလာသည်။ စကားလုံးတွေနဲ့ သတ်မှတ်စွတ်စွဲလာသည်...။

"ဟုတ်တယ် အတ္တဆန်တယ် အကို ကြိုက်သလိုသတ်မှတ်လို့ရတယ် ကျွန်တော်အစကတည်းက ဖြူစင်တဲ့ယုန်သူငယ်လေးပါလို့ ချပြထားခဲ့တာမဟုတ်သလို ယုတ်မာတဲ့ပုံစံလည်း မနေခဲ့ဖူးဘူး"

"ဟား...စကားတွေသိပ်တတ်နေပါလား မင်းသားလုပ်လို့ရလောက်တယ်"

အကို ကျွန်တော့်ကို ပြက်ရယ်ပြုနေတာလား...တခဏတာ အမှားက ဒီလောက်ထိ အကျယ်အကျယ်ပြောပြီး စကားများနေရတာလား...ဘာလို့အကို နားမလည်ပေးနိုင်ရတာလဲ...ဘာကြောင့်လဲ...

"အကို ကျွန်တော့်ကို မလှောင်ပါနဲ့ ဒါက အကို့ကို ချစ်တဲ့စိတ်နဲ့ ကျွန်တော့်ရဲ့အလုပ်..အဲ့နှစ်ခုပေါ်မူတည်ပြီး ဖြစ်သွားတာပါ"

"ဟက် ငါ့ကိုချစ်တဲ့စိတ်ဟုတ်လား ပြီးတော့မင်းရဲ့အလုပ်ပေါ့လေ...မင်းရဲ့အတ္တလို့ပြောလိုက်စမ်းပါ"

"ဟုတ်တယ် အတ္တ..ဒါက ကျွန်တော့်ရဲ့အတ္တ... ကျွန်တော်တောင် ရဖို့ခက်ခဲခဲ့တာကို သူများကို အလွယ်တကူမပေးချင်တဲ့ အတ္တ...ဒါပေမဲ့ ဒီအတ္တက အကိုနဲ့ပတ်သက်ပြီး ကျွန်တော့်ဘဝမှာ ပထမဆုံးထားခဲ့ဖူးတဲ့ အတ္တပဲ...ဒီအတွက် မှားတယ်ဆိုရင်တောင် ဘယ်တော့မှ ပြင်မှာမဟုတ်သလို အပြစ်လို့လဲ ယူဆမှာမဟုတ်ဘူး...နောင်လည်း အကိုနဲ့ ပတ်သက်ပြီး အတ္တတွေ၊ မာနတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေ ရှိလာအုံးမှာပဲ"

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now