Ep 14

3.7K 245 0
                                    

Unicode...

ဟုတ်လောက်ပါပြီလို့သာ Mew တွေးလိုက်တာ၊ ဘာဟုတ်လောက်တာလဲ သူ့ကိုယ်ကိုပြန်မေးမိသည်။

အိမ်ရောက်တော့ ဧည့်ခန်းထဲတစ်ချက်ဝေ့ကြည့်လိုက်ကာ Gulf ကိုမတွေ့တာနဲ့ အခန်းထဲသာ တန်းလာခဲ့လိုက်သည်။

တွေ့ပါပြီ...ကုတင်ပေါ်ထိုင်နေကာ ကလေးမဟုတ်၊ သူငယ်မဟုတ် အရုပ်ဆက်နေသော ဘဲပေါက်...ဒီကစားစရာက နေ့လည်က အပြင်သွားရင်း ဝယ်ခဲ့တာဖြစ်နိုင်သည်။

Mew နေ့လည်က အပြင်သွားသေးလားလို့ ဘဲပေါက်ကို တန်းမမေး...ရောက်နေသော အခန်းဝမှ ဖွင့်ပြီးသားတံခါးကို နှစ်ချက်လောက်ခေါက်လိုက်သည်။ ထိုအခါမှ စိတ်ဝင်တစား အရုပ်ဆက်နေသော အကောင်ပေါက်က လှည့်ကြည့်လာသည်။

"အကို ပြန်လာပြီလား စောသားပဲ နေ့လည်စာက အပြင်မှာစားလိုက်တာလား"

"အင်း ဟုတ်တယ် ဘဲပေါက် ခေါင်းကိုက်တယ်ဆိုတော့ အကိုက အပြင်မှာစားလိုက်တာ ချက်ပေးနေရမှာစိုးလို့"

အကိုက ကျွန်တော့်ဘက်ကို ကြည့်ပေးတော့ စိတ်ထဲမှာကျေနပ်မိသည်။

"အော် ရပါတယ် သက်သာပါပြီ"

"သက်သာပြီဆိုတာနဲ့ အရုပ်တွေဆက်နေတော့တာပဲ အရုပ်က ဘယ်ကရတာ"

အကိုက ရိုးရိုးသားသား မေးတာလား၊ တစ်ခုခုကြောင့်လား မသိပေမဲ့ Gulf ကတော့ စိတ်ထဲလုံပြီးသားမို့ အကို့ကို ကြည့်လိုက်ကာ

"အရုပ်ကလား   Sun တို့နဲ့ အပြင်သွားစားတာ ခေါင်းကိုက်နေတာကို မေ့မေ့ပျောက်ပျောက်ဖြစ်အောင်ရယ် အပြင်မသွားတာလည်း ကြာပြီမို့ အကိုလည်း ပြန်မလာလောက်ဘူးထင်တာနဲ့ သွားလိုက်တာ ပြီးတော့ အပြန်မှာ ဝယ်လာတာ ဒီမှာ အများကြီးလေ"

ဟုတ်ပါသည်။ ကုတင်ခြေရင်းမှာ ပုံထားသော အထုပ်တွေ၊ အားလုံးက အရုပ်ဆက်ရတဲ့ဟာတွေနဲ့ ဟန်းချိန်းလေးတွေ Accessories သေးသေးလှလှလေးတွေ...

အစတည်းက သူငယ်ချင်းတွေနဲ့မှန်း Mewသိပေမဲ့ ယုံပေမဲ့ သေချာအောင် အတည်ပြုခြင်းပင်...။
ပြီးတော့ Sun ဆိုတာက အရင်က ဘဲပေါက်ကို တစ်ဖက်ကြိုက်နေသူဟု သူသိထားသည်လေ...
ဒါကြောင့် မသိမသာမေးကြည့်မိသည်သာ...

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now